စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆို

ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု  ခမရ ၁၀၈ တပ်မှ တပ်ကြပ် မျိုးတင့် ဝန်ခံ (ရုပ်/သံ)


ရန်ကုန်၊ ဧပြီ ၂ 


ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း  ခမရ ၁၀၈  ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆိုကြောင်း KNDFက ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။  

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် စစ်တပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ သတ်ဖြတ်မီးရှို့လိုက်ကြောင်း၊ အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊  သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။ 


ဖရူဆိုမြို့နယ်၊ မိုဆိုအစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် စပ်လျဥ်း၍ တပ်မ ၆၆ လက်အောက်ခံ  ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် ဦးမျိုးတင့် (စစ်သုံ့ပန်း) ဝန်ခံပြောကြားထားသည်။

https://youtu.be/-TFGqr-7fd4

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ