စစ်ရေးထွက်ပေါက် တံခါးတစ်ချပ်သာ ဟ'တော့သည်။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့က စစ်ကောင်စီအဆိုပြုတဲ့ ထိုင်းကိုယ်စားလှယ်အစား ဘရူနိုင်းကိုယ်စားလှယ်ကိုသာ ခန့်အပ်လိုက်ခြင်းမှာ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းရေးကို နောက်ပိုင်းမှာ ယခင်ကထက် ပိုစွက်လာမယ့်အကြောင်း၊ ရိုဟင်ဂျာ ပဋိပက္ခနဲ့ပက်သက်လို့ အရင်က အင်ဒိုနီးရှားဟာ အာဆီယံလမ်းကြောင်းက တစ်ဆင့် ဝင်စွက်လာခြင်းကို သံသယရှိခဲ့ခြင်း၊ ယခုအခါတွင်လည်း အာဆီယံ ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို တဖြည်းဖြည်း ချဲ့ထွင်ပြီးတော့ ရခိုင်အရေးကိုပါ ဆွဲသွင်း လာလိမ့်မယ်လို့ စစ်တပ်ဘက်က သံသယ ရှိနေတဲ့ သုံးချက်ဖြစ်သည်။ (သုံးရက်တာ ထိပ်သီးဆွေးနွေးပွဲမှာ ၎င်းတို့သံသယ ရှိခဲ့တဲ့ ထို (မွတ်ဆလင်) သုံးနိူင်ငံရဲ့ စစ်ခေါင်းဆောင်တွေအပေါ် ခြေတစ်လှမ်းကြို ဖိအားပေးခဲ့တာကို မြင်ခဲ့ရပြီး ဖြစ်သည်။) စစ်တပ်အတွက် ဒေသတွင်း ကြီးမားတဲ့ကျရှုံးခန်းနဲ့ ပဋိပက္ခကို ဖြေရှင်းနိူင်တဲ့ သံတမန်နည်း တစ်နည်း မှေးမှိန်သွားရခြင်းလည်း ဖြစ်သည်။ စစ်ခေါင်းဆောင် ကိုယ်တိုင် အထင်သေးစွာ ပြောဆိုဆက်ဆံခဲ့ဖူးသော အဖွဲ့အစည်း နှစ်ခုက ယခုတော်လှန်ရေးကို ဦးဆောင်နေသည်ကို ငြင်းလို့မရနိူင်ပါ။ တစ်ခုမှာ အနိုင်ရ လွှတ်တော်အမတ်များ နေပြည်တော်ရိပ်သာမှာ ရောက်နေတုန်း ပထမဖမ်းထားခဲ့