ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။ Mizzima ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ရက် စစ်ကောင်စီကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိ ပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကြေညာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ပုဏ္ဏားကျွန်းကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ ”ပ