လူစိတ်မရှိတဲ့ ကြံဖွတ်နှင့်စစ်ခွေးလော်ဘီများ
ထန်တလန်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး ပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေး ဆိုခွင့်ရှိသူ နှင့် စစ်တပ်လော်ဘီများက လူမှုကွန်ရက်တွင် အောင်ပွဲခံ၊ စစ်ကောင်စီအနေဖြင့် မြို့ရွာများ ထပ်မံဖျက်ဆီးရမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ အောက်တိုဘာ ၃၀ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၊ စစ်တပ်ထောက်ခံသူ လော်ဘီ တပ်ကြပ်ကြီး ဖိုးစီ၊ စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦးတို့က လူမှုကွန်ရက်များမှတစ်ဆင့် အောင်ပွဲခံခဲ့ပြီး စစ်ကောင်စီအနေဖြင့် မြို့ရွာများကို ထပ်မံ ဖျက်ဆီးရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ထန်တလန်မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရသည့် ထန်တလန်မြို့နယ်ကဲ့သို့ ထပ်မံ ဖျက်ဆီးခံရမည့် မြို့နယ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ရေးသားသည်။ "ဖြစ်မှ မျက်ရည်မခြူနှင့် အာဘန်ဝေါ မြို့ပြစစ် ပျောက်ကြားစစ်ဆိုပြီး ဂြိုလ်ဆက်ကြွရင် ထန်တလန်ကို ကြည့်ထားကြ၊ နောက်ထပ် ထန်တလန်တွေ ထပ် ထပ်ပြီးပေါ်လာမယ်"