Posts

Finlandization ဆိုတဲ့ ဝေါ ဟာရ

​ ၁၉၃၉ မှာ ရုရှားဟာဖင်လန်ကိုဝင်တိုက်တယ်။ ဆောင်းရာသီ စစ်ပွဲလို့လူသိများတယ်။ အလွယ်ကလေးနဲ့ ဖင်လန်ကို သိမ်းလို့ရမယ်လို့ မျှော်လင်ခဲ့ပေမယ့် ထင်သလောက် မလွယ်ခဲ့ဘဲ ရုရှားတို့ဘက်က အတော်လေး ပျက်ဆီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်။ နောက် သုံးလ‌ခွဲလောက်ကြာတော့ မော်စကိုငြိမ်းချမ်း ရေးစာချုပ်နဲ့ စစ်ရပ်စဲနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဖင်လန်နိုင်ငံရေးသမားတွေကြားထဲမှာသူတို့ နိုင်ငံရဲ့ပထဝီမဟာဗျူဟာ တည်ရှိမှုနဲ့ပတ်သက်ပြီး အတော် လေး စဉ်းစားလာခဲ့တယ်။ ဖင်လန်နိုင်ငံဟာ ဆိုဗီယက် ရုရှားလို မဟာအင်အားကြီးနိုင်ငံဘေးမှာ တည်ရှိနေတဲ့အတွက် အဲ့ ဒီ အင်အားကြီးနိုင်ငံရဲ့ခြိမ်းခြောက်မှုက အမြဲရှိနေတယ်။ အဲ့ ဒီအတွက် ဒီခြိမ်းခြောက်မှုနဲ့နေထိုင်ရင်း သူ့နိုင်ငံရဲ့ အချုပ် အခြာအာဏာ မဆုံးရှုံးရအောင် နည်းလမ်းပေါင်းစုံနဲ့ ပါးပါး နပ်နပ်တည်ဆောက်ခဲ့ကြတယ်။ Jared Diamond ကတော့ သူ့ရဲ့ Upheaval ဆိုတဲ့ စာအုပ်မှာ ဖင်လန်ခေါင်းဆောင်တွေ ရုရှားခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ ဘယ်လိုမျိုး ပါးပါးနပ်နပ်နဲ့ နိုင်ငံကို တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို လေ့လာပြခဲ့တယ်။ အဓိကက နိုင်ငံကို နိုင်ငံရေး ကိုယ်ခံအားကောင်းအောင်တည်ဆောက်ခဲ့တယ်။ နိုင်ငံသား တွေရဲ့ စိတ်ထဲမှာ ဒါတို့ပ

အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက စစ်လက်နက်ရောင်းချ

Image
အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက  စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးနှင့် ဒဏ်ခတ်ရေး Justice For Myanmar တောင်းဆိုဖူး ရန်ကုန်၊ စက်တင်ဘာ ၁၀  မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက  စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးနှင့် ဒဏ်ခတ်ပိတ်ဆို့ရေး Justice For Myanmar တောင်းဆိုလိုက်သည်။ ယူကရိန်းနိုင်ငံသည် တရားမဝင်အာဏာသိမ်းပြီး လူ အများအပြားသတ်ဖြတ်မှု၊ ဖမ်းဆီးမှုများနှင့် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရှိနေလျက် ဖြင့်ပင် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်များ ပံ့ပိုးပေးအပ်မှုကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ယခုချက်ချင်းစစ်လက်နက်ရောင်းချမှုပို့ဆို့ရေးကို ပြဌာန်း လုပ်ဆောင်ရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ယူကရိန်းနိုင်ငံသို့ စစ်ဘက်အကူအညီပေးသူများ၊ အထူးသဖြင့် အမေရိကန်ပြည် ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို ယူကရိန်း နိုင်ငံအား လိုက်နာစေရေး ၎င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုရန

သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြု

Image
​ တစ်ရက်ကျော်အတွင်း ရုရှား သံချပ်ကာစီးရေ ၅၀၀ ကျော် ဖျက်ဆီးလိုက်နိုင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန် ယူကရိန်းနိုင်ငံသို့ ရုရှား၏ ကျူးကျော်တိုက်ခိုက်လာသည့် (၁)ရက်ကျော် ဖေဖော်ဝါရီ ၂၅)ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ခန့်မှန်းခြေ ရုရှားစစ်သား (၂၈၀၀)သေဆုံးပြီး ရုရှားစစ်တပ်၏  သံချပ်ကာ (၅၀၀)ကျော်ကို  ဖျက်ဆီးနိုင်ခဲ့သည်ဟု ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ထားကြောင်း တာချီလိတ်သတင်းဌာနက ဖော်ပြသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စ၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ကုန်းကြောင်း၊ လေကြောင်းဖြင့် ကျူးကျော်လာပြီး တိုက်ခိုက်လာသည့် ရုရှားစစ်တပ်၏ ခန့်မှန်းခြေ ရုရှားစစ်သား (၂,၈၀၀) သေဆုံးပြီး သံချပ်ကာ (၅၁၆)စီး၊ တင့်ကားအစီး (၈၀)၊ တိုက်လေယာဉ်(၁၀)စီး နှင့်  ရဟတ်ယာဉ် (၇)စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ လတ်တလောတွင် ဒုတိယကာကွယ်ရေးဝန်ကြီးက ရုရှားဘက်က သေဆုံးသူ နှင့် စက်လက်နက်ယန္တရား ပျက်စီးမှုများ၏ ခန့်မှန်းခြေကိုသာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယူကရိန်းဘက်က သေဆုံးထိခိုက်မှုကိုတော့ ဖေဖော်ဝါရီလ (၂၄)ရက

တပ်ပြေး များပြားလာသည့်အပေါ် ငွေဖြင့် စတင်ကုစားနေရပြီ

Image
​ စစ်ကောင်စီ တပ်တွင်း ဗိုလ်ကြီးအဆင့်မှစ၍ တပ်မမှူးအဆင့်ထိ လစာထပ်တိုးပေးရန် နစက ဥက္ကဌ အရေးပေါ် ကြေငြာ တပ်တွင်း ဒုဗိုလ်မှူးအဆင့်ရှိ အရာရှိကြီးများကအစ ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံ CDM ပြုလုပ်မှု တနေ့တခြား များပြားလာသည့်အပေါ် နစက ဥက္ကဌ ကိုယ်တိုင် ထိမ်းသိမ်းအမိန့်ပေးနိုင်မှု မရှိတော့သည့်အခြေအနေနှင့် တပ်တွင်း ခေါင်းဆောင်များ ဖရိုဖရဲ ပြိုကွဲလာနေမှုတို့အတွက် အရေးပေါ် အစီအစဥ်အဖြစ် အရာရှိလစာများတိုးမြှင့်ပေးပြီး တပ်ပြေး များပြားလာသည့်အပေါ် ငွေဖြင့် စတင်ကုစားနေရပြီဖြစ်သည်။ တပ်စခန်းများမှ ဗျူဟာမှူး၊ ဒုတိုင်းမှူးအဆင့်များကို နေပြည်တော် သို့အရေးပေါ်လာရောက်ကြရန် အမိန့်ထုတ်ပြန်မှုကြောင့် နေပြည်တော် အဝေးပြေးလမ်းမကြီးတွင် စစ်ကောင်စီ အရာရှိများ၏ ကားများအများအပြားသွားလာနေကြကြောင်းသိရသည်။ နစက ဥက္ကဌ မင်းအောင်လှိုင် သည် အခုနောက်ပိုင်း စစ်ကောင်စီ ခန့်အပ်ထားသော အရာရှိများနှင့်နေ့စဥ်လိုလိုတွေ့ဆုံမိန့်ခွန်းခြွေနေလေ့ရှိပြီး ပြောသော စကားများသည် ဒီနေ့တမျိုးပြောပြီး နောက်တနေ့တွင်တမျိုးဖြစ်သွားပြန်သဖြင့် သူပြောစကားကို စာဖြင့်လိုက်လံရေးမှတ်သူအရာရှိအချို့မှ တီးတိုးဝေ ဖန်မှုများပြုလျှက်ရှိကြောင်းသိရသည်။ တပ်တွင်း သတင်း

ယူကရိန်းစစ် မြန်မာတော်လှန်ရေးအတွက် သက်ရောက်မှုရှိလာနိုင်

Image
​ ၂၆ ဖေ ၂၀၂၂ ယူကရိန်းစစ်ဘယ်လောက်အတိုင်းအတာအထိကြီးမားလာနိုင်သလဲ။ မြန်မာတော်လှန်ရေးအတွက် ဘယ်လိုတွေသက်ရောက်မှုရှိလာနိုင်သလဲ။  ပင်လယ်၂စင်းကြားသဘောတရား  ရုရှားရန်နဲ့ပတ်သက်လို့ ဥရောပမှာ ပင်လယ်၂စင်းကြားအတားအဆီး (Intermarium) ဆိုတဲ့ အယူအဆ တခုရှိတယ်။ အဲဒါက ပိုလန်ခေါင်းဆောင် စစ်သူကြီး ဂျိုးဇက်ပီဇူစကီ (Jozef Pilsudski) ကြံဆခဲ့တဲ့ စီမံကိန်းတခုပါ။ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ခုနှစ်တွေမှာ စတင်တဲ့အယူအဆဖြစ်တယ်။ ဘောလ်တစ်ပင်လယ်နဲ့ ပင်လယ်နက်ကြားက နိုင်ငံတွေစုစည်းထားဖို့လို့ ဆိုလိုတာပါ။ ဒီနိုင်ငံတွေဟာ နယ်မြေပထဝီဝင်အရ အနောက်အုပ်စုနဲ့ ဆိုဗီယက်ကြားမှာ ရောက်နေပြီး တဘက်ဘက်က ဝင်တိုက်လာရင် တနိုင်ငံတည်း ခံတိုက်တာထက် ပူးပေါင်းတိုက်ဖို့လိုတဲ့အတွက်ဖြစ်တယ်။ အဓိက ကတော့ ဆိုဗီယက် (ရုရှား) က ဝင်တိုက်လာမှာကို တားဆီးဖို့ ဖြစ်တယ်။ သို့သော် အထမမြောက်ခဲ့ဘူး။ သူစိုးရိမ်တာလည်း အဆိုးတော့ မဆိုသာဘူး။ ဒုတိယကမ္ဘာစစ်မှာ ပိုလန်ကို ဂျာမန်ကကော ဆိုဗီယက်ကကော နှစ်ဘက်ညှပ် ဝင်တိုက်ခံရတယ်။  အင်တာမာရီယမ်နဲ့ နေတိုး ဒီတော့ ၂၀ရာစုက အင်တာမာရီယမ် အယူအဆဟာ ဆိုဗီယက်ကွဲအပြီး ရုရှားမှာ ပူတင်ပြန်ထူမတ်လာတော့ ၂၁ရာစုအဝင်မှာ ပြန်စဥ်းစားလာကြတာဖြစ်တယ်။ ၁၉၉၁ ဆိုဗီယက်ပ

နေတိုးရဲ့ကိုယ်ရောင်ဖျောက်စစ်

Image
​ ​ ဂျာမဏီက တင့်ကားဖျက်လက်နက် ၁၀၀၀ နှင့် မြေပြင်မှဝေဟင်ပစ် stinger ၅၀၀ ယူကရိန်းကို စတင်ပို့ပေးနေသလို SWIFT ကနေ ရုရှားကို ဖယ်ထုတ်ရေး သဘောမတူတာကနေ နည်းနည်း စိတ်ပြောင်းလာပြီလို့ဆိုတယ်။ အရင်က သံခမောက် ၅၀၀၀ ပဲပို့ပေးလို့ အားလုံးက ဝိုင်းလှောင်ပြောင်နေတာကနေ လေယာဉ်ပစ်ဒုံးလက်နက် ၅၀၀ ကြီးများတောင် ပို့ပေးလိုက်တယ်ဆိုတော့ ပူတင်စိတ်ဆိုးမှာအမှန်ပါပဲ။  ကျန်ဥရောပ နိုင်ငံတွေကလည်း လက်နက်တွေ ယူကရိန်းကိုပို့ပေးနေပါပြီ။ (နယ်သာလန်က stinger ၂၀၀ ပို့၊တူရကီက ဒရုန်းပို့၊ ချက်က အမြှောက်တွေပို့ UK, US က ခေတ်မှီ လေဆာနဲ့ပစ်တဲ့တင့်ကားဖျက်လက်နက်တွေ အမြောက်အများ ပို့တယ်လို့တွေ့ရပါတယ်)။  ယူကရိန်းခုခံစစ်ပြီးသွားရင်တော့ ဒီလက်နက်တွေ ကမ္ဘာ့လက်နက်ဈေးကွက်ထဲရောက်သွားမယ်လို့ Forbes မဂ္ဂဇင်းကရေးပါတယ်။ Stinger ၅၀၀ ဆိုတာ တကယ့်မနည်းမနော ကြီးပါပဲ။ ရုရှားစစ်လေယာဉ်တွေ ကောင်းကောင်းကြီးဒုက္ခရောက်နိုင်ပါတယ်။ လေကြောင်းစိုးမိုးမှုအားနည်းသွားရင် အဝေးပစ် missile ဒုံးကျည်တွေနဲ့ နားငြီးအောင် ဝိုင်းပစ်တဲ့အကွက် ကိုပဲ ရုရှားတွေ ပိုအားထားရမှာဖြစ်ပြီး ဘယ်လောက်အလုပ်ဖြစ်မလဲမသိပါဘူး၊ စစ်ရေးအခိုင်အမာ အဆောက်အအုံတွေကို ဖျက်ဆီးစွမ်းအားများမှာဖြစ်ပေမဲ့ ပြ

ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော

Image
ကမ္ဘာတစ်လွှား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှားရှိ ပြည်ပကုမ္ပဏီတွေနဲ့ ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော  ---အကုန်သိ သတင်းဌာန---           ကမ္ဘာတစ်လွှားမှာ ရုရှား နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံနေရတာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရှိ ပြည်ပ ကုမ္ပဏီတွေ၊ ပြည်ပနိုင်ငံသားတွေရဲ့ ရန်ပုံငွေတွေကို သိမ်းဆည်းခြင်းဖြင့် ရုရှားက တုန့်ပြန်သွားမယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဗီဒက်က စနေနေ့မှာ ပြောဆိုကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြပါတယ်။               ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အခြား မိတ်ဆွေမဆန် တရားမမျှတစွာ ဆောင်ရွက်ခဲ့ကြသောနိုင်ငံတွေမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်သူပိုင် သိမ်းဆည်းသွားရေး ရုရှားအစိုးရက တားမြစ်မှာ မဟုတ်ဘူးလို့ မက်ဗီဒက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။           အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ အဓိကငွေပေးချေမှုစနစ်ကနေ ရုရှား ဘဏ်တွေကို ဖယ်ရှားရေးအပါအဝင် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်မံချမှတ်ဖို့ ပြင်ဆင်နေကြောင်း သိရပ

စစ်တပ်က နှစ်ထပ် ခံတပ် များ တည်ဆောက်နေ

Image
​ ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် ခံတပ် များ တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇  ရန်ကုန်မြို့တော်ရှိ လမ်းဆုံလမ်းခွများနှင့်မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက် လျက် ရှိကြောင်းရန်ကုန်မြို့ခံများက ပြောဆိုသည်။  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့လယ်ခေါင်နှင့် အချက်အချာကျ လမ်းဆုံ များ၊ မီးပွိုင့်များတွင် စစ်တပ်က ခံတပ် ဘန်ကာ ပုံစံ RC နှစ်ထပ် အဆောက် အအုံ ငယ်များကို တည်ဆောက်လာခြင်းဖြစ်ကြောင်း၊ သေနတ် တင်၍ ပစ်နိုင် သော အပေါက်များကိုလည်း ခံတပ် ဘန်ကာများတွင် ထည့်သွင်း တည် ဆောက် ထားကြောင်း သိရှိရသည်။  လက်ရှိတွင် သမိုင်းလမ်းဆုံမီးပွိုင့် City Mart နှင့်မျက်နှာချင်းဆိုင် လမ်းဆုံ လမ်း ခွ တွင်လည်းကောင်း၊ တောင်ဥက္ကလာ ဘေလီ တံတား အဆင်း တွင် လည်းကောင်း အပါအဝင် မြို့နေရာအနှံ့အပြားတွင် ခံတပ် ဘန်ကာငယ်များ တည် ဆောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။  "မသိရင် ရန်ကုန်မှာ သိပ်မကြာခင် စစ်ဖြစ်မယ့်ပုံစံအတိုင်း ဘန်ကာတွေ ဆောက် လာတာ။ သေနတ်တင်ပစ်လို့ရတဲ့ အပေါက်ရှည်တွေလည်း အပ

မုန်ညှင်းထုပ် အကာအကွယ်ဖြင့် ကံစမ်းကြသည့် မြန်မာနိုင်ငံသားများ ထိုင်းတွင်အဖမ်းခံရ

Image
======================= ထိုင်း - မြန်မာနယ်စပ်မဲဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်နိုင်ရန်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ (၂) သောင်းစီ အရင်းအနှီးပြုကာ ကံစမ်းခဲ့ကြသည့် မြန်မာနိုင်ငံသား ၁၄ ဦး မဲမပေါက်ဘဲ ဗလာကျကာ အဖမ်းခံကြရခြင်းဖြစ်သည်။ ယနေ့နေလည်ပိုင်းက မဲဆောက်မြို့မှအထွက် ဒုတိယစစ်ဆေးရေးဂိတ်ဖြစ်သည့် ဝှေ့ညအု (ငါးပိစမ်းချောင်း) ဂိတ်တွင် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ဗလာကျသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်းနိုင်ငံသားလည်း ဖမ်းဆီးခံခဲ့ရသည်။ ထိုင်းစစ်ဆေးရေးဂိတ်တွင်တာ၀န်ကျသူများ မသိနိုင်လောက်ဟုထင်ကာ အဆိုပါမြန်မာနိုင်ငံသား ၁၄ ဦးကို မုန်ညှင်းထုပ်များ အကာအကွယ်ယူကာ သယ်ဆောင်လာခြင်းဖြစ်သည်။ (၈၅) ကီလိုမီတာအကွာအဝေးရှိသော မဲဆောက်မြို့နှင့်တာ့ခ်မြို့အကြားတွင် စစ်ဆေးရေးဂိတ်ကြီး (၂) ခုရှိပြီး မဲဆောက်မြို့အထွက်တွင်ရှိသည့် ပထမဆုံးအဖွဲ့စုံစစ်ဆေးရေးဂိတ်သည် (ဟွေ့ဟင်ဖွန်) စစ်ဆေးရေးဂိတ်ဖြစ်သည်။ မဲဆောက်အခြေစိုက် မီဒီယာသမားတဦးက " မြန်မာနိုင်ငံသားတွေ အဲလိုနည်းနဲ့သွားတာ အလွန်အန္တရာယ်ကြီးတယ် ဂေါ်ဖီထုပ်ကားတွေ မုန်းညှင်းထုပ်ကားတွေ မုန်လာဥကားတွေ အပါအ၀င် မဲဆောက်ကနေတဆင့်ဘန်ကောက်ကို  ဟင်း

သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်

Image
​ ယူကရိန်းမြို့တော် ကိယစ်ဗ်ကိုတော့ ယူကရိန်းတပ်သားတွေက အောင်မြင်စွာ ကာကွယ်ထားနိုင်ဆဲပါပဲ ... မြို့ထဲကို ဝင်စီးတဲ့ ရုရှားစစ်သားတွေနဲ့ ပုံဖျောက် အရပ်ဝတ်တပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ခဲ့ပါတယ် ရုရှားကျူးကျော်စစ် ၃ရက်မြောက်နေ့မှာ စစ်ဘက်+အရပ်ဘက် အကျအဆုံး ကတော့ ရာချီနေပါပြီ ...  ယူကရိန်း အဓိက ခံနေရတာ လေကြောင်းတိုက်ခိုက်မှုပါ ... ရုရှားက ပဲ့ထိန်းဒုံးပျံတွေနဲ့ချည်း ပစ်မှတ်တွေကို လှမ်းပစ်နေပါတယ် ... ဒါ့အပြင် လေကြောင်းချီတပ် (လေထီးတပ်) တွေနဲ့ သံချပ်ကာ တပ်တွေကလည်း နိုင်ငံအနှံ့ ဆက်လက် ကျူးကျော်ချီတက်လာနေဆဲပါပဲ ... ရုရှားဟာ ယူကရိန်းကို မြောက်၊ အရှေ့မြောက်၊ အရှေ့နဲ့ အရှေ့တောင်ဘက် အားလုံးကနေ ဝိုင်းပြီး ပြိုင်တူ ဝင်လာနေပါတယ်  ဥရောပနဲ့ အမေရိကန်က ဝင်မတိုက်ပေမယ့် လက်နက်တော့ စပြီး ကူညီနေပါပြီ ... ဂျာမနီက စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၅၀၀ နဲ့  တင်ကားဖျက်ဒုံးကျည် ၁၀၀၀ ပို့ပေးမှာဖြစ်သလို အမေရိကန်ကလည်း ဒေါ်လာ သန်း ၃၅၀ ဘိုး စွမ်းအားပြင်း ကာကွယ်ရေးလက်နက်အကူအညီ (lethal defensive assistance) ထပ်ပေးမယ့်အပြင် နောက်ထပ် အရေးပေါ် ဒေါ်လာ ၆.၄ ဘီလျံ ကို လွှတ်တော်ကနေ တောင်းထားပါတယ် ... နယ်သာလန်ကလည်း RPG လောင်ချာ ၄၀၀ လတ်တလော ပို့လို