တပ်တွင်းသူပုန်များ
ကျွန်တော်တို့CDMစစ်သားတွေ အရင်ကစကားဝိုင်းတွေ၊social mediaတွေမှာ ပြောခဲ့တဲ့စကားတစ်ခုပေါ့ တနေ့နေ့ တချိန်ချိန်ကျရင် တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်၊ပြိုကွဲမှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ပြီးတော့ ကျွန်တော်DSA အပတ်စဥ်(၆၄) ကျောင်းဆင်းပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြားတဲ့မိန့်ခွန်းတွေကို နားထောင်ကြည့်ပြီးတော့ ပညာတွေလည်းရလိုက်တယ်။(အရမ်းတွေရယ်ရတာ😁)ကျွန်တော် နားထောင်ကြည့်ပြီး ကျွန်တော်တို့ကိုကြီး ကိုထက်မြတ်နဲ့ဆွေးနွေးဖြစ်တယ်၊စကားတွေပြောကြတယ်ပေါ့။ကိုထက်မြတ်ကနေ စပြီးကျွန်တော့်ကို "ရေခဲ...မင်းအဲ့ဒီvideoကိုကြည့်ပြီး ဘာတွေတွေ့လဲ..." ဆိုပြီးမေးခဲ့တယ်။ကျွန်တော်လဲပြောတာပေါ့...ကျွန်တော်တွေးမိတဲ့အကြောင်းတွေ၊ပြီးတော့...မအလက ဘားမှမသိသေးတဲ့ ကျောင်းဆင်းမယ့် ဗိုလ်လောင်းတွေကို မတရားစည်းရုံးရေးတွေဆင်းပြီး ဝါဒမှိုင်းတွေ ဖြန့်နေတယ်ဆိုပြီး ပြန်ဖြေလိုက်တယ်။ကိုထက်မြတ် ကလဲ "အေးဟုတ်တယ်...မင်းအဲ့သူပြောတဲ့ စကားတွေကို နားထောင်ကြည့်ယုံနဲ့ အထဲထဲမှာ ဘယ်လောက်ထိ ပွဲပျက်နေလဲ၊သူတို့ဘယ်လောက်ထိ စည်းရုံးမှုပြိုကွဲနေလဲ ကြောက်နေလဲဆိုတာ သိနိုင်တယ်.." ဆိုပြီးပြောခဲ့ပါတယ်။ ဒီနေ့မှာတော