Posts
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)
- Get link
- Other Apps
By
YeYint Nge
အောင်ဒင် (၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန်လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ (၂) ကျနော်တို့ စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲဝေ သ
တော်လှန်ရေး အင်အားစုများ နောက်ကွယ်မှ ရံပုံငွေ
- Get link
- Other Apps
By
YeYint Nge
ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ ကြီးမှ “Crowdfunding a war: The Money Behind the Myanmar Resistance” ခေါင်းစဉ် ဖြင့် အစီရင်ခံစာ ထုတ်ပြန်ချက်အား ပြန်လည် ကောက် နှုတ် တင်ပြသွားပါမည်။ Crowdfunding ဆိုသည်မှာ လုပ်ငန်းတရပ်ရပ် အပေါ် စိတ်ဝင်စားသူများ ထံမှ အွန်လိုင်းမှတဆင့် ရံပုံငွေ ကောက် ခံခြင်းကို ဆိုလိုသည်။ မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေး အဖွဲ့များသည် စစ်အာဏာသိမ်း အဖွဲ့၏ နည်းလမ်းမျိုးစုံဖြင့် ဟန့်တားနေ သည့်ကြားမှ ပြီးခဲ့သည့် ဆယ့်ရှစ်လ အတွင်း ထိုနည်းလမ်းဖြင့် ရံပုံငွေများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြသည်။ တော်လှန်ရေး အဖွဲ့များသာမက စစ်အာဏာသိမ်း အဖွဲ့သည်လည်း သူ့နည်းသူ့ဟန်ဖြင့် ရံပုံငွေများ ရှာဖွေနေရဆဲ ဖြစ်ပြီး တဖက်တွင်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အား ငွေကြေး စီးမျောခြင်း မရှိအောင် ပိတ်ဆို့ ဟန့်တားနိုင်ရန် လုံးပမ်းနေကြရသည်။ သို့သော် တော်လှန်ရေး အင်အားစုများသည် သမားရိုးကျ ယန္တရားများ အတွင်းကသာ မက နည်းပညာ အသစ်များ သုံး၍လည်း စုဆောင်း နိုင်ခဲ့ကြသည်။ စစ်အာဏာသိမ်း အဖွဲ့ ၏ လက်ဝယ်ရှိ ရံပုံငွေသည် လက်ရှိ ပဋိပက္ခကြီး ဆက်လက် ဖြစ်ပွားနေခြင်း၏ ကြီးမား သော အကြောင်းရင်း တရ
အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ အလှည့်အပြောင်းဖြစ်လာမယ်
- Get link
- Other Apps
By
YeYint Nge
ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၂၀ ရက် အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ် အာဆီယံအလှည့် ကျဥက္ကဌ ဖြစ်လာမှုနဲ့အတူ နေပြည်တော်က အာဏာ သိမ်းစစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမေရိကန်နိုင်ငံက နည်းပညာနဲ့ စစ်ရေးမ ဟုတ်တဲ့အကူအညီ ပေးအပ်နိုင်မယ့် ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေလို့ လူသိများတဲ့ ဉပဒေကြမ်းတစ်ရပ်ကို မကြာ သေးမီက အမေရိကန် ကွန်ဂရက်က အတည်ပြုလိုက်ခြင်းဟာ မကြာမီ သုံးနှစ်အထိရှိလာတော့မယ့် မြန်မာ့အရေး အတွက် အပြောင်း အလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်မြန်မာအက်ဥပဒေအရ အမေရိကန် အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အကူအညီတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မည်သည့်အနောက်နိုင်ငံကမှ အခုလိုမျိုး မြန်မာစစ်အာဏာရှင် တော်လှန်ရေးအဖွဲ့တွေ ကို ကူညီပေးဖို့ ဉပဒေပြဌာန်းတာ မရှိသေးပါဘူး။ အမေရိကန်ကွန်ဂရက်မှာ ဒီမိုကရေစီနဲ့ ပြည်သူလူထုကို နှိပ် ကွက်တာမဟုတ်ရင် အခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးအတွက် ဉပဒေပြဌာန်းပြီး ကူညီတာမရှိသေးပါဘူး။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန
ဖြတ်ဖေါက်ချူပ်ကြိုက်တဲ့ Kylian Mbappé
- Get link
- Other Apps
By
YeYint Nge
Dec 20✨သတင်းပေါင်းချုပ်
- Get link
- Other Apps
By
YeYint Nge
📬 ယနေ့ကြေးနန်း 📭 ⏰ ၂၀-၁၂-၂၀၂၂ ...................................... သတင်းပိတ်-7:30 pm တင်-8:00 pm ........................................ 🛑 မြင်းခြံခရိုင် ************ ♦ယနေ့ နေ့လည် ၂ နာရီဝန်းကျင်က တောင်သာမြို့ပေါ် ရှိ ဦးရွှေမန်း (ဦးဆင့် ရွှေပန်းထိမ်) ဆိုင်တွင် လုယက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့ 🛑 NUG ******** ♦နိုင်ငံရေး၊ စစ်ရေး အချိုးအကွေ့ဖြစ်နိုင်သော ၂၀၂၃ နှစ်တွင် တော်လှန်ရေး မဟာဗျူဟာ နှင့် နည်းဗျူဟာများ အလွဲအချော်မဖြစ်ရေး၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တုံ့ပြန်ရန် သမ္မတဒူဝါလရှီးလ ညွှန်ကြား ♦အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကြေညာချက်ကို NUG ကြိုဆို၊ စစ်ကောင်စီကို ဖိအားပိုပေးရန် တောင်းဆို ♦မြန်မာ့အရေးဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အာဆီယံ၏ထောက်ခံမှုကို လူသိရှင်ကြားထုတ်ဖော်ပြသသင့်ကြောင်း NUG တိုက်တွန်း ♦စစ်ကောင်စီယန္တရားရှိ အမာခံသတင်းပေးပို့သူများ သတင်းအဆင့်အတန်းအလိုက် ဆုငွေပေးမည်ဟု NUG ကြေညာ၊သတင်းပေးပို့သူဖရဲသီးအဖြစ် တော်လှန်ရေး ပူးပေါင်းပါဝင်ရန် စစ်သား၊ရဲနှင့်ဝန်ထမ်းများအား ဖိတ်ခေါ် ♦စစ်ကောင်စီပါဝင်မည့် မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲက ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုသာ ကျဆင
ရွှေလက်အိတ်နဲ့ ကော့ပြခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ်
- Get link
- Other Apps
By
YeYint Nge
by Kaung Htet အာဂျင်တီးနားဂိုးသမား အီမီ မာတီနက်ဇ်ဟာ ပြင်သစ်ပရိသတ်တွေက ၎င်းကို လှောင်ပြောင်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုဖလားအောင်ပွဲခံချိန်မှာ အံ့အားသင့်ဖွယ် ပြုလုပ်ခဲ့တဲ့ အပြုအမူကို ရှင်းလင်းခဲ့ပါတယ်။ မာတီနက်ဖ်ဟာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပင်နယ်တီ အဆုံးအဖြတ်စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး အချိန်ပိုမှာ မူအာနီရဲ့ အပိုင်ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့တဖြစ်ပါတယ်။ စင်မြင့်ပေါ်မှာ ဆုလက်ခံရယူပြီးနောက် အသက် ၃၀ အရွယ် ဂိုးသမားက ရွှေလက် အိတ်ဆုကို ပေါင်ခြံနားကို နှိမ့်ပြီး ပရိသတ်အုပ်စုရှိရာဘက်ကို ကော့ပြခဲ့တာဖြစ်ပါတယ် မာတီနက်ဇ်ဟာ ပြင်သစ်အသင်းပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ အာဂျင်တီးနားရေဒီယိုဌာန La Red ကို ပြောကြားခဲ့ပါတယ်။ “ ကျွန်တော် အဲဒါကို လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြလို့ပါ။ ဂုဏ်သိက္ခာက
ရေးမြို့ကစစ်တပ်စခန်းကို RPGနဲ့ ရေးဘီလူးတပ်ဖွဲ့ပစ်ခတ်(ရုပ်သံ)
- Get link
- Other Apps
By
YeYint Nge
🌐 Z Fighter December 20 🌐 မွန်ပြည်နယ် ရေးမြို့က စစ်ကောင်စီလက်အောက်ခံ(၅၈၆)တပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာလ၂၀ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။ ရေးမြို့က စစ်ကောင်စီလက်အောကခံ( ၅၈၆)တပ်ရင်းကို RPGနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအထိအခိုက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဖူး။ ရေးဘီလူးတပ်ဖွဲ့ဟာ မွန်ပြည်နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက်နေ့ကလဲ ရေးမြို့မရဲစခန်းမှုးစီးလာတဲ့ကားကို တိုက်ခိုက်မှုအတွင်း စခန်းမှုးနဲ့ရဲ(၁)ဦးသေခဲ့ကာ M-16သေနတ်တစ်လက်နဲ့ ခြောက်လုံးပြူးတစ်လက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။[Lu Nge Khit][Z-F] Video-Yeဘီလူး #Adm_6 #z_fighter @zfighternews ဗွီဒီယိုကြည့်ရန်နှိပ်ပါ https://youtube.com/shorts/-5YVQIVdD9I?feature=share
ပါးကွက်ကတော်လှန်ရေးသက်ေတလား😳
- Get link
- Other Apps
By
YeYint Nge
ပြည်ခရိုင်မှာ ဆိုင်ကယ်အနီမစီးရ၊ ဦးထုတ်အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီလိုက်ကြေညာ ကိုကိုလေး/ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၁၉ ရက် ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း မြို့နယ်များတွင် ဒီဇင် ဘာလ ၁၇ရက်နေ့မှစ၍ဆိုင်ကယ်အနီမစီးရ၊ ဦးထုပ် အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီမှလိုက်လံကြေညာနေကြောင်း ဒေသခံများထံကသိရသည်။ "ကြေညာတာကတော့ ၁၇ ရက်နေ့က ညနေပိုင်းမှာ ကားနဲ့လိုက်ပြီးအော်တာ။ သူတို့ကြည့်ရတာ အစစ အရာရာအရမ်းကြောက်နေကြသလိုပဲ။ လုံခြုံရေးကလဲအပြည့်နဲ့ နေရာရာအနှံလိုက်ပြီးကြေညာနေတာ ကြေညာချက်တွေကတော့ အစုံပါပဲ ခုက မြို့စျေးသွားဝယ်ဖို့တောင် သူတို့ကြောက်နေရပြီ ဒါက ပြည်သူကို သက်သက် ဒုက္ခပေးနေကြတာပါ" ဟု ပေါက်ခေါင်း ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောဘသည်။ အဆိုပါတားမြစ်ချက်များအပြင် ဆံထုံးမထုံးရ၊ ကတ္တီပါဖိနပ်မစီးရ စသည့် ကြေငြာချက်များလည်းပါဝင်ပြီး လိုက်နာခြင်းမရှိပါက ထောင်ဒဏ်ချမှတ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း ဒေသခံများကပြောသည်။ ပြည်ခရိုင်အတွင်း ၆ မြို့နယ်ရှိပြီး ပြည်၊ ရွှေတောင်၊ သဲကုန်း၊ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်း စသည့်မြို့တွေမှာ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုတွေပိုများပြားလာပြီး ဒေသခံ