Posts

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

Image
ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃)နှင့် ခလရ(၃၂)ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ တပ်ရင်းမှူး ဇနီးကို အရှင်ဖမ်းမိထား မဇ္ဈိမ။   ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၃)နှင့် ခရလ (၃၂) တပ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ခိုင်မာသော KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့အဝင်ရှိ အဆိုပါ စစ်ကောင်စီတပ် ခလရ(၂၈၃)နှင့် ခရလ (၃၂)တို့ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကျန်ရှိသော ခလရ (၂၈၄) တပ်ရင်း ဆက်လက်တိုက်ခိုက်ခံနေရပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်ကောင်စီတပ်ဘက်က အသေအပျောက်များတယ်၊ အရှင်ဖမ်းမိသူတွေလည်း ရှိတယ်။ ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ KNLA သတင်းရင်းမြစ်၏အဆိုအရ တိုက်ပွဲအတွင်း ခလရ(၃၂)တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇင်ဦး၏ ဇနီးဖြစ်သူ ဒေါ်သီရီဝေလည်း အရှင်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။ လက်ရှိတ

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ

Image
#ကရင်ပြည်နယ် #ကြာအင်းဆိပ်ကြီးမြို့နယ် #KNLA #MilitaryCoupInMyanmar  #DeltaNewsAgency  ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက DNA ကိုပြောပါတယ်။ " တိုက်ပွဲကတော့အတော်ကြမ်းနေတယ်၊မြေပြင်အ​ခြေအနေကလှုပ်ရှားနေတုန်းပဲဆိုတော့တချို့အပိုင်းတွေပြောလို့မရသေးဘူး၊နေရာကသုံးနေရာခွဲတိုက်နေတာဆိုတော့အတော်ဖြစ်နေတယ်၊သူတို့ဖက်က လေကြောင်းပစ်နေတာတော့တောက်လျှောက်ပဲ"လို့ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေမှာ လက်ရှိပါဝင်နေတဲ့KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်တပ်အ ခြေစိုက်စခန်းတွေဖြစ်တဲ့ခလရ (၂၈၃)၊ (၂၈၄)၊ အမှတ် (၃၂) ခြေမြန်တပ်ရင်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး ခလရ (၂၈၄) တပ် ရင်းကိုသိမ်းပိုက်နိုင်ပြီလို့သတင်းတွေထွက်နေပေမယ့် မြေပြင်သတင်းရင်းမြစ်တွေကတော့ အတည်မပြုပေးသေးပါဘူး။ လက်ရှိမှာ အဲ့ဒီ တပ်ရင်းတွေကနေ (၁၂၀) မမလက် နက်ကြီးတွေနဲ့ပစ်ခတ်နေသလို လေကြောင်းကပစ် ခတ်မှုတွေလည်း ပိုလုပ်လာတ

ကြိုးပေးမခံရခင်နုတ်ဆက်နေစဉ်

တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ

Image
ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံရပြီး အထိနာနေလို့လေယာဉ်နဲ့ဗုံးကြဲနေ၊ ခလရ ၃၂ တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၄ ရက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့မနက်အစောပိုင်းကစတင်လို့ စစ်ကောင်စီတပ်နဲ့တော် လှန်ရေးတပ်ဖွဲ့ဝင်တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၃၊ ၂၈၄ နဲ့ ခလရ ၃၂ တပ်ရင်းတွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေလို့ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ ''မနက်အစောကြီးထဲက တိုက်ပွဲတွေဖြစ်နေတာ။ ၂၈၄ တပ်ရင်းက ခုတိုက်နေတုန်းလို့ သိရတယ်။ သူတို့ဘက်ကထိခိုက်မှုများတယ်ဆိုတာလောက်ဘဲသိရတယ်။ အထိနာနေလို့ လေယာဉ်နဲ့တောက်လျှောက်ဗုံးကြဲနေတယ်''လို့ မြေ ပြင်တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနဲ့ အရှင်ဖမ်းဆီးခံရမှု များပြားနေကာ ခလရ ၃၂ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်

ပထွေး တရုတ်ကို အကူအညီ တောင်းနေတဲ့ မောင်မြင့်

Image

ကချင်ဘာသာရေးခေါင်းဆောင်ကို ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထား

Image
ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်းကို မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားပြီး မတရား အသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု မိသားစုဝင်ထံမှ​ သိရသည်။ ငြိမ်းဆွေ Published on  Jan 2, 2023 ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Hkalam Samson Facebook) ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ဖမ်းဆီးခံထားရသည့် ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားပြီး ဇန်နဝါရီ ၁၁ တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။ ဒေါက်တာခလမ်ဆွန်မှာ KBC အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ဆေးကုသရန် ထိုင်းနိုင်ငံသို့သွားရောက်မည့်ဆဲဆဲ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့နေ၌ပင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကာ နောက်တစ် ရက်တွင် တရားစွဲဆိုမည့်အကြောင်း စစ်တပ်က KBC တာဝန်ရှိသူများကို အသိပေးခဲ့သည်။​ ကချင်လူ

အမိမြေအတွက် တစ်ရက်စာProject

Image
  https://youtu.be/Y2ddfnqLyQo

ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်

Image
အများစုကပိုပိုကိုအပြစ်တင်တယ် သူမလွတ်ခင်မှာဘောမတွေကထောင်ထဲ အထိကူညီတယ် လွတ်အောင်လုပ်ပေးတယ် NCDM ဖြစ်အောင်လုပ်ခဲ့တယ် ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်

၂၀၂၃ တွင် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်လာမည်ဟု ယာယီ သမ္မတကြီး မှ ပြော

Image
အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ သူ၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းတွင် ၂၀၂၃ သည် စစ်အာဏာရှင်များ အား ဆန့်ကျင်တွန်းလှန်နေသည့် တော် လှန်ရေး တွင် ကြီးမားသော အလှည့် အပြောင်းကြီး ထွက်ပေါ်လာဖို့ ရှိနေသည်ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။ စစ်အာဏာသိမ်း အဖွဲ့သည် ပြည်သူများ နှင့် တော်လှန်ရေး တပ်ဖွဲ့များ အားအင် ဆုတ်ယုတ်လာမည့် အချိန်ကို စောင့်နေကြ၍ မိမိတို့ဖက်မှ ဆက်လက်ပြီး တော်လှန်ရေး ကို အရှိန်မြှင့်တင်သွားဖို့ လိုအပ်ကြောင်း ဆိုသည်။ တော်လှန်ရေးကြီး အောင်မြင်ဖို့ အဓိက သော့ချက်သည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပြည်သူများ စည်းလုံး ညီညွတ်မှု ရှိနေရေးပင် ဖြစ်သည်ဟုလည်း ဆိုသည်။ သမ္မတကြီး ၏ ပြောဆိုသွားသကဲ့သို့ပင် ကချင် လွတ်မြောက်‌ရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်းလ မှ မိမိတို့မှ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် အောင် တွန်းလှန်သွားမည်ဟု သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ကတိပေးသွားခဲ့သည်။ ပြည်သူတရပ်လုံး နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အားလုံး ပြတ်ပြတ်သားသား ခုခံတွန်းလှန် သွားမည် ဆိုလျှင် ဘယ်လို စစ်အာဏာရှင်မှ ခံနိုင်မည် မဟုတ်၊ ကျဆုံးရမည်သာ ဖြစ်သည်ဟု ဆိုသည်။ မြောက်ပိုင်း ညီန

'ပန်ဆယ်လို' ရရှိသည့် တောင်ကိုရီးယားနိုင်ငံ၊ ကင်မ်ဂွန်းထယ်ဆုကော်မတီမှ ပေး...

Image