တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ

ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံရပြီး အထိနာနေလို့လေယာဉ်နဲ့ဗုံးကြဲနေ၊ ခလရ ၃၂ တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့မနက်အစောပိုင်းကစတင်လို့ စစ်ကောင်စီတပ်နဲ့တော် လှန်ရေးတပ်ဖွဲ့ဝင်တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၃၊ ၂၈၄ နဲ့ ခလရ ၃၂ တပ်ရင်းတွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေလို့ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
''မနက်အစောကြီးထဲက တိုက်ပွဲတွေဖြစ်နေတာ။ ၂၈၄ တပ်ရင်းက ခုတိုက်နေတုန်းလို့ သိရတယ်။ သူတို့ဘက်ကထိခိုက်မှုများတယ်ဆိုတာလောက်ဘဲသိရတယ်။ အထိနာနေလို့ လေယာဉ်နဲ့တောက်လျှောက်ဗုံးကြဲနေတယ်''လို့ မြေ ပြင်တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနဲ့ အရှင်ဖမ်းဆီးခံရမှု များပြားနေကာ ခလရ ၃၂ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ဦးရဲ့ မိန်းမဖြစ်သူ ဖမ်းဆီးခံလိုက်ရတယ်လို့ တပ်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။
''အခုက ကြာအင်းဆိပ်ကြီးတပ် ၃ တပ်လုံး ဝင်စီးခံရတာ။၂၈၄ တပ်ရင်းဝင်အစီးခံရပြီးတော့ တပ်ရင်းထဲကအဆောက်အဦတွေ မီးရှို့ခံထားရတယ်လို့ သိရတယ်။ တိုက်တာတော့ခုထိ တိုက်နေကြတုန်း။ အဖမ်းခံရတဲ့အထဲ ခလရ ၃၂ က တပ်ရင်းမှူးကတော် ပါတယ်။ တပ်ရင်းမှူးက ဗိုလ်မှူး ကျော်ဇင်ဦး။ သူတော့အဖမ်းမခံလိုက်ရဘူး။ သူ့မိန်းမ တပ်မှူးကတော် နာမည်က သီရိဝေတဲ့။ သူတို့မှာ သမီးလေးတယောက်ရှိတယ်။ ကြာအင်းမှာရှိတဲ့ တပ်ရင်း ၃ ခုလုံးဝင်အစီး ခံရပြီး ကျတာတွေ အရှင်ဖမ်းခံလိုက်ရတာတွေ အရမ်းများတယ်''လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်ထိ ကြာအင်းဆိပ်ကြီးအခြေစိုက်တပ် ရင်းတွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပစ်ကူပေးတိုက်ခိုက်နေ တယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း