ဆေးဖြူသုတ်ထားတဲ့ခို၇၅၀မပျံနိုင်လို့စစ်ကြောင်းထဲပြုတ်ကျ

ဂန္ဒမာ(မဇ္ဈိမ)။ ။  စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီက   ခိုငှက်ကို ဆေးဖြူသုတ်ထားသည့် ချိုးဖြူဌက် အတုလွှတ်ကာ ပြုလုပ်ခဲ့ကြောင်း 


အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီမှ စတင်ကာ နေပြည်တော်တွင် ကျင်းပခဲ့ပြီး သတ္တဝါများ လွတ်လပ်စေရန် ရည်ရွယ်၍ ထိုသို့ ကျင်းပခဲ့ကြောင်း


"၇၅ နှစ်ပြည့်မလို့ ချိုးဖြူ အကောင် ၇၅၀ လွှတ်တယ်။ လွှတ်ချင်တာက ချိုးဖြူ၊ သူကရှားတော့ ခိုတွေကို ဆေးသုတ်ပြီးထည့်ထားတာ ချိုးကနည်းနည်းပဲပါတယ်။ ငှက်တွေတောင် မအလကို ဂုဏ်မပြုဘူးလို့။ လွှတ်ပေးတဲ့အချိန်စစ်ကြောင်းတွေကြားထဲ ပြုတ်ကျလို့" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ရသော နေပြည်တော်ရှိ ဝန်ထမ်းများအသိဖြစ်သည်

အမြှောက်၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုပြီး‌‌ေနာက် လှောင်အိမ်ထဲတွင် အချိန်ကြာမြင့်စွာ ဖမ်းချုပ်ထားသည့် ထိုဌက်များကို လွှတ်ပေးစဉ်  ငှက်အချို့မှာ ပျံသန်းနိုင်ခြင်းမရှိတော့ဘဲ စစ်ရေးပြသည့် စစ်ကြောင်းများထဲသို့ ပြုတ်ကျခဲ့ကြောင်း ၎င်းက ဆိုသည်။


မြန်မာပြည်ကြီး ငြိမ်းချမ်းနေကြောင်း ကမ္ဘာကိုပြသနိုင်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ငြိမ်းချမ်းခြင်းသင်္ကေတဖြစ်သည့် ချိုးဖြူများကို လွှတ်ပေးခြင်းဖြစ်ကြောင်း

စာတည်း ။ ။ ဖူးသိမ်ကျ



Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

U.N. ကအာဏာသိမ်းမှုမအောင်မြင်စေရန်အတတ်နိုင်ဆုံး လုပ်ဆောင်မည်