စစ်တွေတွင် သေနတ်ပစ်ခံရ၍သေဆုံးသွားသူ ၃ ဦးမှာ ALP မှ စစ်ဦးစီးချုပ် ၁ ဦးနှင့် အရာရှိ ၂ ဦးတို့ဖြစ်ဟုဆို



နိရဥ္စရာ၊ ဇန်နဝါရီ ၄/၂ဝ၂၃


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက်က သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ၃ ဦးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ စစ်ဦးစီးချုပ် ၁ ဦးနှင့် အရာရှိ ၂ ဦးတို့ဖြစ်သည်ဟု နိရဥ္စရာက စုံစမ်းသိရသည်။


သေဆုံးသွားသူ ၃ ဦးမှာ ALP မှ စစ်ဦးစီးချုပ် ခိုင်စောမြ (၅၃)နှစ်၊ တပ်ရင်းမှူး ခိုင်ကျော်စိုး (၃၄)နှစ်နှင့် ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ ဖြစ်ကြသည်ဟု အတွင်းသတင်းများအရ သိရသည်။


သူတို့ ၃ ဦးသည် ယနေ့ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၇ နာရီကျော်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဆီတန်းအနီး၌ အိမ်စီးကားတစ်စီးအတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။


ပစ်ခတ်ခံရမှုကြောင့် ALP စစ်ဦးစီးချူပ် ခိုင်စောမြတွင် မေးစေ့နှင့် ဦးခေါင်းထိပ်တို့ ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်ညာဘက်ခြမ်းအပါအဝင် ပေါင် ၂ ချောင်းတို့တွင် ဖောက်ထွက်ဒဏ်ရာများနှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။


အလားတူ တပ်ရင်းမှူး ခိုင်ကျော်စိုးတွင်လည်း ဦးခေါင်းပွင့်ထွက်သွားပြီး ညာဘက်ဂျိုစောင်း၊ ညာဘက် နားအောက်နှင့် ဘယ်ဘက် နားထင်အထက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။


ယင်းအပြင် ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး(ခ) သူရိန္ဒတွင် နားနှစ်ဘက်အောက်နှင့် ရင်အုံတို့၌ သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရရှိကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု သိရသည်။


မည်သူမည်ဝါတို့က ပစ်ခတ်သွားသည်ကို မသိလိုက်ရဟုလည်း ဒေသခံများက ဆိုသည်။


ယခုကိစ္စနှင့်ပတ်သက်ပြီး ALP ပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊  တွဲဘက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းတို့အပါအဝင် ALP တပ်ဖွဲ့အချို့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းများပိတ်ထား၍ အဆက်အသွယ်မရခဲ့ပါ။


ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယခုသတင်းမှာ ဌာနဆိုင်ရာများ၏ Viber ဂရုအတွင်းတက်လာခြင်းမရှိသည့်အတွက် ယခုသေဆုံးသွားသူများမှာ ALP ဘက်မှဖြစ်နိုင်သည်ဟု မှတ်ချက်ပြုသည်။ 


လက်ရှိတွင် အလောင်းများကို စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

(စစ်တွေလေဆိပ်မှာသူ့ဘဝရဲ့နောက်ဆုံးပုံ)




Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော