ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ


#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#KNLA
#MilitaryCoupInMyanmar 
#DeltaNewsAgency 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက DNA ကိုပြောပါတယ်။

" တိုက်ပွဲကတော့အတော်ကြမ်းနေတယ်၊မြေပြင်အ​ခြေအနေကလှုပ်ရှားနေတုန်းပဲဆိုတော့တချို့အပိုင်းတွေပြောလို့မရသေးဘူး၊နေရာကသုံးနေရာခွဲတိုက်နေတာဆိုတော့အတော်ဖြစ်နေတယ်၊သူတို့ဖက်က လေကြောင်းပစ်နေတာတော့တောက်လျှောက်ပဲ"လို့ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေမှာ လက်ရှိပါဝင်နေတဲ့KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်တပ်အ ခြေစိုက်စခန်းတွေဖြစ်တဲ့ခလရ (၂၈၃)၊ (၂၈၄)၊ အမှတ် (၃၂) ခြေမြန်တပ်ရင်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး ခလရ (၂၈၄) တပ် ရင်းကိုသိမ်းပိုက်နိုင်ပြီလို့သတင်းတွေထွက်နေပေမယ့် မြေပြင်သတင်းရင်းမြစ်တွေကတော့ အတည်မပြုပေးသေးပါဘူး။

လက်ရှိမှာ အဲ့ဒီ တပ်ရင်းတွေကနေ (၁၂၀) မမလက် နက်ကြီးတွေနဲ့ပစ်ခတ်နေသလို လေကြောင်းကပစ် ခတ်မှုတွေလည်း ပိုလုပ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

 ဒီကနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီဖက်က လေ ကြောင်းတိုက်ခိုက်တာတွေအကြိမ်ရေများလာသလို  လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေဆက်တိုက်ရှိနေလို့ နို့တကော၊တဂေး၊တခါခီး၊ကရာနီး၊ ဆိပ်ကြီး စတဲ့ ကျေးရွာတွေကဒေသခံတွေဗုံးခိုကျင်းတွေထဲပုံးအောင်းနေရတယ်လို့သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီကနေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေလို့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိပြုကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေလည်းရှိနေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းတွေကဆိုပါတယ်။ စစ်ကောင်စီ (၂၈၄)တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်သလို တပ်ရင်းမှူးဇနီးကိုလည်းဖမ်းမိတယ်လို့ လူမှုကွန်ရက်ပေါ်မှာရေးသားမှုတွေရှိနေပေမယ့် မြေပြင်အတည်ပြုချက်တော့မရသေးပါဘူး။

လက်ရှီတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နဂါးဖြူစစ်ကြောင်း၊ကော်ဘရာစစ် ကြောင်း၊ဖက်ဒရယ်လေကြောင်းတပ်ဖွဲ့တွေKNUနဲ့ပူးပေါင်းတိုက်ခိုက်နေသလိုနဂါးဖြူစစ်ကြောင်းကတဦးကျဆုံးပြီး ကော်ဘရာစစ်ကြောင်းက နှစ်ဦးဒဏ်ရာရ  ရတယ်လို့ DNAရဲ့ မြေပြင်သတင်းရင်း မြစ်တွေဆီကအတည်ပြုချက်ရရှိထားပါတယ်။


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်