Posts

သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလ အတွင်းရေးမှူးချုပ်နဲ့ ကုလအထွေထွေ ညီလာခံထံ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုမှတ်တမ်းတွေပေးပို့

Image
ဇန်နဝါရီ ၇၊ ၂၀၂၃ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ ပြစ်မှုအချက်အလက်တွေပါတဲ့ စာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတာရက်ဆီကို ဇန်နဝါရီလ ၆ ရက်နေ့က ပေးပို့လိုက်ပါတယ်။ စာထဲမှာ မြန်မာနိုင်ငံတဝှမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ တရားလက်လွတ်သေဒဏ်ချမှတ်မှုတွေ နဲ့ ရွာတွေ မီးရှို့တာ၊ ကလေးငယ်တွေအပါအဝင် လူတွေ သန်းနဲ့ချီပြီးထွက်ပြေးနေရတဲ့ အခြေအနေတွေကို အပတ်စဉ်သတင်းအချက်အလက်တွေအနေနဲ့ ပေးပို့လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်ဒီစာကို ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥက္ကဌ မစ္စတာချာဘာကုရရှီ ဆီကိုလည်း အပတ်စဉ်သတင်းပေးပို့ချက်အနေနဲ့ ထပ်မံပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစာထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကျဉ်းထောင်ထဲမှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel - https://t.me/pvtvmyanmar #PVTV ၏ ရု

ကုလ မှ အထူး စောင့်ကြည့်လာနေ

Image
ကုလ သမဂ္ဂသည် မြန်မာ နိုင်ငံတွင်း ဖြစ်ပျက်နေမှုများကို အသေးစိတ် စောင့်ကြည့်နေသည့် လက္ခဏ တရပ် အဖြစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုကာ ပြန်လွှတ်ပေးခဲ့သော အကျဉ်းသား ခုနှစ်ထောင် ကျော် ထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့် ပါဝင်သည်ဟု “ယုံကြည်ရသော သတင်းရပ်ကွက်များ” အား ကိုးကား ၍ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျရယ်မီ လောရင့်စ်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။ အများစုသည် နှိပ်စက်ညှင်းပမ်းခံခဲ့ရပြီး ၎င်းတို့အား လူထုအကြား အကြောက်တရား စိမ့်ဝင် ပျံ့နှံ့လာစေရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ကုလ သမဂ္ဂ အနေဖြင့် လွှတ်လာသူ ၃၀၀ ဆိုသည့် သတင်းကိုပင် အလွယ်တကူ လက်ခံခြင်း မရှိသေးပဲ ထပ်မံ စီစစ်ခဲ့ရာ ၁၉၅ ဦး ကို အတည်ပြု နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း လွှတ်ပေးခံရသူ များ ထဲမှ ၂၂ ဦးကို ထိုနေ့မှာပင် ပြန်လည် ဖမ်းဆီးခဲ့သည် ဆိုသည်အားလည်း ၎င်း၏ ပြောဆိုချက် တွင် ပါရှိခဲ့သည်။ ကုလ သမဂ္ဂသည် ထိုသို့ စာရင်းဇယားများ နှင့် အတိအကျ ထုတ်ပြန်လာ၍ မြန်မာအရေးကို အနီးကပ် စောင့်ကြည့်နေသည်မှာ ထင်ရှားနေသည်။ ကုလ လုံခြုံ‌‌ရေး ကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ တွင် အထွေထွေ အတွင်းရေးမှုးချုပ် သည် အခြေအနေများ တိုးတက် ဖြစ်ပေါ်မှု ရှိမရှိ ကို အစီရင်ခံရဖို

လူတစု၏ လွတ်လပ်ရေးနေ့

Image
▪️ဗိုလ်ရှုခံစင်မြင့်တွင် လက်ကလေးပြလိုက်၊အလံလေး ရှေ့နောက်လှုပ်ပြလိုက်၊ ထပြီး အလေးပြုလိုက်ဖြင့် တယောက်ထဲ အလုပ်ရှုပ်နေ ဇန်နဝါရီလ ၇ ရက် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် လွတ်လပ်ရေးနေ့အဖြစ် မြန်မာပြည်တဝှမ်းတွင် ကျင်းပလာသည်မှာ ၁၉၄၈ ခုနှစ်မှ စ၍ ၂၀၂၃ ခုနှစ်အထိဆိုလျင် ၇၅ နှစ်တိုင်ခဲ့ပြီ ဖြစ်၏။ လွတ်လပ်ရေးနေ့ဆိုသည်နှင့်ပတ်သက်၍ လည်းကောင်း၊ ယခင်ခေတ်ကာလများနှင့်ပတ်သက်၍ လည်းကောင်း အငြင်းပွားစရာနှင့် အမြင်မတူသည်များ ရှိနိုင်ပါသည်။ သို့သော် အချိန်ကာလတခုတွင်တော့ လွတ်လပ်ရေးနေ့အား လူထုက ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်ကို မြို့ရောတောပါ ကြုံတွေ့ခဲ့ရသည်။ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို လူထုက ကျင်းပပြီး လူထုကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ရန်ကုန်ကဲ့သို့ လူနေထူထပ်သော မြို့ပြများတွင်ပင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို သိုက်မြိုက်စည်ကားစွာ ကျင်းပခဲ့ကြသည်။ နှစ်သစ်ကူးနှင့်အတူစ၍ ရပ်ကွက်တွင်း ဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်၊ ၂ ရက်နေ့မှ စတင်ကန်ကြသည်။ ရပ်ကွက်တွင်း လမ်းတချို့အား ကားအသွားအလာပိတ်ထားပြီး လမ်းမများပေါ်တွင် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲများ စတင်ကြ သည်။ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကား အစည်ကားဆု

ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ၊ ပြည့်တန်ဆာများ၏ အငှားခင်ပွန်းအဖြစ် ဟန် ဆောင် ပေးသူဘ၀မှ ဝီရသူ ၏ အနီးကပ်လုံခြုံရေး ၊ အမျိုးသားရေး အစွန်း ရောက်ဖြစ်လာသူ ညောင်ကန်(ခ) ကိုကိုမောင်

Image
By ဟိဏ်းဝေယံ ခေတ်သစ် အကြမ်းဖက်စစ်တပ်က လက်သက်မွေးပြီး အာဏာသိမ်းဖို့အရေး အသုံးချခဲ့တဲ့ မဘသ အစွန်း ရောက်တွေ၊ အမျိုးသားရေး အမည်ခံကာ ငွေကြေးလုပ် စားသူ တွေ အကြောင်း ပြည်သူများသိရှိနိုင်စေဖို့ ဖော် ထုတ် ရေးသားနေရာမှာ ဒီတစ်ပတ် တော့ ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ ၊ ပြည့်တန်ဆာတွေရဲ့ အငှား ခင်ပွန်းဟန်ဆောင်ပေးသူ အဖြစ်ကနေ ဝီရသူရဲ့ အနီးကပ်လုံခြုံရေး ၊ အမျိုး သားရေး အစွန်း ရောက် ညောင်ကန်(ခ) ကိုကိုမောင် အကြောင်း တင်ပြပါ့မယ်။  မဘသ နဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ ငွေကြေးအတွက် စစ်တပ် ထောက်ခံပြီး ငွေကြေး လုပ်စားနေသူတွေပါ။  ဘယ်အလုပ်မှ လက်ကြော မတင်းဘဲ မကောင်းတာမှန်သမျှ အကုန်လုပ် စားခဲ့သူတွေဘ၀ကနေ စစ်တပ်က အလွယ် တကူ ထုတ်ပေးတဲ့ ငွေကြေးကို ရယူကာ တိုင်းပြည်ကို နင်းချေ ဖျက်ဆီးခဲ့ကြတာကို သက်သေတွေနဲ့တကွ ထုတ်ဖော် ရေးသားနေတာပါ။  ညောင်ကန်(ခ) ကိုကိုမောင်ဆိုတာဟာ ဝီရသူ ရဲ့ ရန်ကုန် တရားပွဲတွေနဲ့ နိုင်ငံ ရေး ဟောပြောပွဲတွေမှာ လုံခြုံရေး ယူပေးတဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်ပါတယ်။  ဝင်းကိုကိုလတ် ခေါ် ဖိုးလောင်တီး က ညစ်ညမ်းစာတွေ ရေးသားနေရာက ဝီရသူနဲ့ တွေ့ပြီး အမျိုးသား ရေးသမားဖြစ် လာသလို အခု ညောင်ကန်(ခ) ကိုကိုမောင်ကလည်း အမျိုးသား ရေး

မင်းကင်းမောင်မြင့်၏ပြောကြားချက် ဖရိုဖရဲဖြစ်နေသည့်စစ်တပ်ကို ပြိုကွဲအောင် လှုံ့ဆော်ပေးဟုဆို

Image
6 Jan 2023 by MPA လစ်ဗျားအာဏာရှင် ကဒါဖီ ကျဆုံးခန်းကို ဥပမာပေးကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်သည် စိုးရိမ်စရာကောင်းကြောင်း မင်းကင်းမောင်မြင့်၏ ပြောကြားချက်သည် ဖရိုဖရဲဖြစ်နေသည့်စစ်တပ်ကို ပြိုကွဲအောင် လှုံ့ဆော်ပေးနေကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။ မင်းကင်းမောင်မြင့်၏ ယင်းသို့သော ပြောဆိုချက် လူမှုကွန်ရက်ပေါ်သို့ ဒီဇင်ဘာ၃၁ရက်နေ့က တက်လာခဲ့ပြီးနောက် စစ်ကောင်စီတပ်အတွင်း ကြီးမားသောရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ အောက်ခြေအရာရှိနှင့်စစ်သားများကြား ပိုမိုနက်ရှိုင်းလာ ကြောင်း သိရသည်။ “မောင်မြင့်ဆိုတာက သူတို့လူ။ အရင်က ဝန်ကြီးတွေ၊ဒုဝန်ကြီးတွေလုပ်ခဲ့တာဆိုတော့ ပြည်သူတွေက မင်းကင်းမောင်မြင့်ကိုကျပ်မပြည့်ဘူးလို့ သဘောထားကြပေမဲ့ စစ်တပ်ထဲကျတော့ သူ့စကားကို အလေးထားကြတယ်။ တပ်မမှူးလောက်လုပ်လာတဲ့ကောင် ပြောတဲ့စကား အလကားမဟုတ်ဘူးလို့ စစ်တပ်ထဲ မှတ်ယူကြတယ်။ မောင်မြင့်စကားထွက်လာပြီးတော့ စစ်တပ်ထဲမှာ ရှေ့မီနောက်မီတွေကလည်း အရင်သန်းရွှေလက်ထက်တုန်းက လုံခြုံရေးကောင်စီ ဆုံးဖြတ်တာမျိုးမရှိခဲ့တာကို ပြောလာကြတယ်”ဟု ၎င်းကပြောသည်။ ထို့ပြင် မင်းအောင်လှိုင်က

စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသားတစ်ဦးသေဆုံး

Image
ယနေ့ (၂၀၂၃၊ ဇန်နဝါရီ ၆)ရက်နေ့ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ ထောင်ဝန်ထမ်းများ စကားများရန်ဖြစ်တာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသားတစ်ဦးသေဆုံးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ (၈)ဦးရှိသည့်အပြင်၊ အကျဉ်းသား (၆၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိထားတဲ့အကျဉ်းသားတွေကိုလည်း အခုချိန်ထိ လက်ပြန်ကြိုးတုပ်ပြီး စစ်ဆေးမေးမြန်းနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်မှ အကျဉ်းသားတွေအပေါ် လူမဆန်စွာပြုမူနေမှုများအား ကျွန်တော်တို့အားလုံး လက်ပိုက်ကြည့်နေလို့မဖြစ်ပါဘူး၊ အသံတွေကျယ်ကျယ်လောင်လောင်ထွက်ပေးကြဖို့လိုပါတယ်။ ANTS - ပုရွက်ဆိတ်များ Edit text & Shared _ #အေအန်န်အမ်မ်တီ

စစ်ကြောင်းမှူးသီဟသူရဗိုလ်မှူးလက်ပြတ်ကွပ်ကဲခဲ့တဲ့ကြာအင်းဆိပ်ကြီးစခန်းသိမ်...

Image

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး

Image
ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄  ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄  ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အလောင်းကို စစ်ကောင်စီက ရဟတ် ယာဉ် ဖြင့် သယ်ယူသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။  ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး  သေဆုံး(သို့မဟုတ်) ပျောက်ဆုံးနေကြောင်း၊ တချို့အရာရှိများ၏ အလောင်းများကို လိုက်လံ ရှာဖွေ ကောက်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။  "ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းက အရင် ရှမ်းပြည်ဘက်ကနေ ရာထူးတိုးပြောင်းလာတာ။ DSA 46 ကျောင်းဆင်း။  ၂၈၄ ယာယီ တပ်ရင်းမှူး လုပ်နေရင်း ကျဆုံးပါတယ်" ဟု စစ်တပ် သတင်းရင်းမြစ်က ပြောသည်။ 

သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်

Image
ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး  သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်၊ ရွာကို မီးတင်ရှို့  ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး  သီတဂူဗုဒ္ဓတက္က သိုလ် မှ မဟာဘွဲ့ရ  သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်ကာ  ရွာကိုပါ  မီးတင်ရှို့သွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။  ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီအချိန် ကြွယ်ပုံပျူစောထီးကျေးရွာမှ ထွက် လာသော စစ်ကြောင်းနှင့်ပျူစောထီးများက ဒီပဲယင်းကွဲကျေးရွာကို ပစ်ခတ် ဝင် ရောက်လာကြောင်း၊ ယင်းနောက် ဒီပဲယင်းကျေးရွာတွင် ယာယီ သီတင်း သုံးနေ သော သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ   သံဃာတော် တစ်ပါးကို လည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ ထို့ပြင် အခြား ပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။  စစ်တပ်က ပစ်သတ်လိုက်သော ဆရာတော်မှာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရ ဖြစ်ပြီး   သီတဂူဘွဲ့ရများ နာယက ၁၀ ပါးစာရင်းဝင် ဆရာတော် အရှင် ဂန္ဓသာရ ဖြစ်ကြောင်း သိရှိရသည်။  "ဒီန

သီတဂူ ကျဆုံးမှုသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်

Image
ဘာသာရေးအသုံးချ၍ ကြီးပွားချမ်းသာလို၊ သြဇာထူထောင်လိုခြင်းကို လက်မခံသည့် ယဉ်ကျေးမှုကို ဒီမိုကရေစီတော်လှန်ရေးနှင့်အတူ ထူထောင်မှသာလျှင် နောင်သီတဂူများ မပေါ်ပေါက်အောင် တားမြစ်နိုင်မည်။  ဆွေဝင်း Published on  Jan 5, 2023 ၂၀၀၀ ခုနှစ်ခန့်ကဖြစ်သည်။ ကျွန်တော်သည် မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်ထဲရှိ အကျဉ်းခန်းငယ်တစ်ခု၏ တံခါးသံတိုင်များကြားထဲသို့ နားရွက်ကို ရသမျှတေ့ပြီး လေထဲတွင် လွင့်လာသော သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ တရားတစ်ပုဒ်ကို အတင်းနားစွင့်၊ နားထောင်နေမိသည်။ ၎င်းဟောပြောနေသည့် အကြောင်းအရာမှာ ဖခင်ကို သတ်ဖြတ်ပြီး ထီးနန်းလုခဲ့သော အဇာတသတ်သည် ညစဉ် အိပ်မပျော်နိုင်ဘဲ ပူဆွေးနောင်တရနေသောကြောင့် ဂေါတမဗုဒ္ဓထံသို့ ချဉ်းကပ်တရားနာကြားခဲ့ပုံဖြစ်သည်။ လူတစ်ဦးသည် ၎င်းကျုးလွန်ခဲ့သော အပြစ်အတွက် နောင်တရရုံမျှမက၊ ထိုအပြစ်ကို ဝန်ခံခြင်း၊ ထိုအပြစ်မျိုး နောက်ထပ်တစ်ဖန်မကျူးလွန်ခြင်းဖြင့် အပြစ်ဆေးကြောရပုံကို အဇာတသတ်ဖြစ်ရပ် အကြောင်းပြု၍ ဟောကြားနေခြင်းဖြစ်သည်။ ဆရာတော်၏ အာဝဇ္ဇန်းရွှင်ရွင်ဟောပြောမှု၊ ဗုဒ္ဓဝင်ဇာတ်နိပါတ်များကို ၏၊ သည်မရွေး ပြန်လည်ဟောခြင်းမဟုတ်ဘဲ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် အတန်အသင့် ပြန်လည်ပိုင်းခြားသုံးသပ်ပြီး ဟောကြ