သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလ အတွင်းရေးမှူးချုပ်နဲ့ ကုလအထွေထွေ ညီလာခံထံ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုမှတ်တမ်းတွေပေးပို့
ဇန်နဝါရီ ၇၊ ၂၀၂၃
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ ပြစ်မှုအချက်အလက်တွေပါတဲ့ စာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတာရက်ဆီကို ဇန်နဝါရီလ ၆ ရက်နေ့က ပေးပို့လိုက်ပါတယ်။
စာထဲမှာ မြန်မာနိုင်ငံတဝှမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ တရားလက်လွတ်သေဒဏ်ချမှတ်မှုတွေ နဲ့ ရွာတွေ မီးရှို့တာ၊ ကလေးငယ်တွေအပါအဝင် လူတွေ သန်းနဲ့ချီပြီးထွက်ပြေးနေရတဲ့ အခြေအနေတွေကို အပတ်စဉ်သတင်းအချက်အလက်တွေအနေနဲ့ ပေးပို့လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင်ဒီစာကို ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥက္ကဌ မစ္စတာချာဘာကုရရှီ ဆီကိုလည်း အပတ်စဉ်သတင်းပေးပို့ချက်အနေနဲ့ ထပ်မံပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစာထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကျဉ်းထောင်ထဲမှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel - https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။သံအမတ်ကြီးဦးကျော်မိုးထွန်း
Comments