ကြံဖွံပါတီ ဉက္ကဋ္ဌဦးခင်ရီ နိုင်ငံရေးပါတီ၃၀ ကျော်ကို ထမင်းဖိတ်ကျွေး

အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ကောက်ယူချိန်မှာ ကြံဖွံပါတီ ဉက္ကဋ္ဌဦးခင်ရီ နိုင်ငံရေးပါတီ၃၀ ကျော်ကို ထမင်းဖိတ်ကျွေး
==================
ဇန်နဝါရီ၆ရက် မိုးကြိုးသတင််းစဉ်

အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ကောက်ယူချိန်မှာ ကြံဖွံပါတီ ဉက္ကဋ္ဌဦးခင်ရီ နိုင်ငံရေးပါတီ၃၀ ကျော်ကို ထမင်းဖိတ်ကျွေးခဲ့တယ်လို့သတင်းရရှိပါတယ်။

ဇန်နဝါရီ၅ရက်နေ့က နေပြည်တော်က ကြံ့ဖွံဌာနချုပ်မှာတွေ့ဆုံခဲ့တာလို့ဆိုပါတယ်။

"နိုင်ငံရေးပါတီ(၃၇)ပါတီက ဉက္ကဋ္ဌတွေ / ကိုယ်စားလှယ်တွေ နဲ့ ပါတီဌာနချုပ်ခန်းမမှာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ကိုယ်စားလှယ်တွေကို မိတ်ဆက်ပေးဖို့နဲ့ နိုင်ငံရေးပါတီအချင်းချင်း ချစ်ကြည်ရင်းနှီးလိုမှု ဆန္ဒနဲ့ ဆောင်ရွက်ခဲ့တာပါ။တွေ့ဆုံပွဲကို မနက်ပိုင်း (၁၀၀၀)နာရီကစတင်ပြီး (၂)နာရီကျော်ကြာ သူ့အမြင်ကိုယ်အမြင်တွေ ဆွေးနွေးနိုင်ခဲ့သလို စုပေါင်း ဝိုင်းဖွဲ့ထမင်းစားရတာကလဲပျော်စရာကောင်းလှပါတယ်ခင်ဗျား"လို့ ဦးခင်ရီက ၄င်းလူမှုကွန်ရင်မှာဆိုထားပါတယ်။

ကြံ့ဖွံပါတီဟာ အကြမ်းဖက် စစ်ခေါင်းဆောင် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ ကျိန်းသေ နိုင်မယ်လို့ တွက်ချက်ထားတာလည်းဖြစ်ပြီးတော့ ကြံဖွံပါတီအတွင်းသို့ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်များကို မကြာသေးခင်ကမှ လက်ခံထားတာလည်းဖြစ်ပါတယ်။




Comments

Popular posts from this blog

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Finlandization ဆိုတဲ့ ဝေါ ဟာရ

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်