Posts

ပရာရွတ်အနေနဲ့ မအလကို ဘယ်အဆင့်မှာထား မှာလဲ

Image
ကမ္ဘာစာမျက်နှာတွေမှာပါလာပြီ ရေမီးရှားက Like  & share ကလဲနည်းလိုက်တာ ဒီဖေါ်ထုတ်ချက်က မအလ အရှိုက်တဲ့တဲ့ထိတာ အပြောင်းအလဲတခုတောင် ဖြစ်လာနိုင်တယ် ဒီသတင်းကြီးရဖို့ ခိုင်လုံတဲ့ နေရာကပေးမှတင်ရဲတာ အခုလောက်ဆို ထိုင်းရဲအကြီးအကဲ တွေ သတင်းဘယ်ကထွကိလဲ စုံစမ်းနေရလောက်ပြီ ပရာရွတ် နဲ့ မအလကြား အနေအထားတခုဖြစ်သွားပြီ ထိုင်းနိုင်ငံမှာမာဖီယားတွေ ပုံစံမျိူးစုံ လူမျိူးစုံရှိတယ် နိုင်ငံတခုခေါင်းဆောင် မိသားစု ကသူ့နိုင်ငံထဲမှာ မာဖီးယားလာ လုပ်တာဒါထိုင်းသမိုင်းမှာ ပထမဆုံးမှတ်တမ်းတခု ဖြစ်လာသလို ပရာရွတ်အနေနဲ့ မအလကို ဘယ်အဆင့်မှာထား မှာလဲ  မာဖီးယားလား? ဝန်ကြီးချူပ်လား? သိချင်လိုက်တာ

Rဇာနည်ပုံကို တင်ခဲ့တဲ့ Tee Tee အကောင့်ပိုင်ရှင်

Image
ကာယကံရှင်ဆန္ဒမပါပဲ အလုပ်ခွင်ကပုံ တင်ဖို့မပြောနဲ့ရိုက်ခွင့်တောင်မရှိဖူး တရားစွဲလို့ရတယ် အဲ့မြို့ကလူတွေ သိကြတာပဲ ရိုက်ခွင့်မရှိလို့မရိုက် သလို သူ့ကို ချစ်လို့မရိုက်ကြတာ Tee Teeကိုဝိုင်းသမနေကြလို့ Rဇာနည်ကတောင်ပြန်အားနာပေး နေရတယ် တင်တဲ့သူအပြောခံရလို့စိတ်တောင် မကောင်းဖြစ်ပေးနေသေးတယ် အခုအကောင့်ဒီိသွားပါပြီ စိတ်ထားပြည့်ဝတဲ့ ပြည်သူချစ်တဲ့Rဇာနည်ပါ နာမည်ကြီးအဆိုတော်တယောက် အောင်မြင် နေတဲ့ကယ်ရီယာနဲ့ မိသားစု ရဲ့အဝေးမှာ တိုင်းပြည်အတွက် ပြည်သူအတွက် စံပြနိုင်ငံသားအဖြစ် စွန့်လွှတ်အနစ်နာခံ ပေးနေတာ ကိုပဲ ဂုဏ်ယူနေကြရတာပါ အရေးတော်ပုံအောင်ပြီးရင် နိုင်ယာဂရာရေတံခွန်ကြီးဆီထပ်သွားကြမယ် I miss you guys. 

အာဆီယံ ဘုံသဘောတူညီချက် များကို စစ်တပ်က အကောင် အထည် မဖော်မှု အင်ဒို နိုင်ငံခြားရေးဝ စိတ်ပျက်

Image
အာဆီယံ ဘုံသဘောတူညီချက် များကို  စစ်တပ်က အကောင် အထည် မဖော်မှု စိတ်ပျက်ရပြီး မြန်မာ့ရေး အားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒို နိုင်ငံခြားရေးဝန်ကြီးပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၁၂ ခေတ်သစ် မြန်မာ့ အကျပ်အတည်းကို အာဆီယံအတွက် ဓားစာခံအဖြစ် လက်ခံမည် မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံ အဖြေရှာမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudiက ပြောဆိုလိုက်သည်။  ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။  ဇန်နဝါရီ ၁၁ ရက် နိုင်ငံခြားရေး ဝန်ကြီး Retno L.P. Marsudiက အင်ဒိုနီးရှားအနေဖြင့် အာဆီယံ ဥက္ကဋ္ဌသစ် အဖြစ် တာဝန်ယူချိန်တွင်  ဒေသတွင်း စည်းလုံးညီညွတ်မှု တိုးမြှင့်ရေး အတွက် မြန်မာ့အကျပ်အတည်းက ဓားစာခံအဖြစ် အနှောင့်အယှက် ဖြစ်နေမှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောဆိုသွားသည်။  ယခုနှစ်အတွက် အင်ဒိုနီးရှား၏ နိုင်ငံခြားရေးမူဝါဒကို အလေးပေးဖော်ပြသည့် အခမ်းအနားတွင် Retno က အင်ဒိုနီးရှားသည် ၎င်း၏ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဒေသတွင်း အစုအဖွဲ့၏ အသိုက် အဝန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင်

ဟန်ငြိမ်းဦးထင်သလိုမဟုတ်ကြောင်း အောက်ဆုံးမှာဗီဒီယိုဖိုင်နဲ့ဖြေရှင်းလိုက် တဲ့ဖူးပွင့်ခိုင်

Image
ဗီဒီယိုကြည့်ရန်ဒီမှာနှိပ်ပါ

ဒီတခါတော့အားပေးတယ်ညီလေး ၂ဆမဟုတ်ဖူး ၃ဆ ၃ဆ😅

Image

နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်း

Image
ဆောင်းပါးမရေးရတာကြာလို့ Mind Set လူ့စိတ်အကြောင်းပါ နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်းပါ အမှန်ကိုသိနေတယ် လက်ခံဖို့ကိုတင်းထားတာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ အရမ်းအောင်မြင် တယ်ဆိုကိုသိတယ် လက်မခံချင်တာ စစ်ဘုရင်ဘဝကိုပဲနောက်ပြန်ဆွဲချင်နေတာ ပြည်သူကိုဘုရင်နဲ့ခရိုနီကခိုင်းစားတဲ့စနစ် ကိုပဲဖက်ကိုင်ထားချင်တာ မျိူးဆက်ကိုပါပေးဖို့ကြိုးစားတာ ၂၀၂၃မှာ ၁၆နှစ်အရွယ်ရောက်လူငယ် တွေစိတ်ထဲမှာ စစ်ဘုရင်စနစ်ကိုလက်ခံသူ ရှိနိုင်ပါ့မလား စာတွေဖတ်ထားတာပဲ အဲ့ဒါကြောင့် GZ ဆိုတာပေါ်လာတာ အဲဒီတော့သူတိုဖက်ကဝါဒတရပ်သုံးစရာ တခုပဲကျန်တော့တယ် ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာတွေပဲ၊ အမျိူး ဘာသာ သာသနာ ဆိုတဲ့ အရာနဲ့ချည်နှောင်ဖို့လုပ်တယ် အမျိူး ——— ဗမာကလွဲလို့ကျန်တဲ့အမျိူးတွေကဘင်္ဂလားပင် လယ်အော်ထဲခုန်ချပေးရမှာလား တနိုင်ငံလုံးလို့မပြောနဲ့ မဘသထဲမှာကျန်တဲ့ဘာ သာဝင်တွေမပါဖူး ကချင်တို့ချင်းတို့မပါဖူး ကရင် မွန်နဲ့ရခိုင်ကိုတော့နဲနဲစည်းရုံးလို့ရမယ် ဘာသာတူတာရှိလို့ ဘာသာ ———— ဒီထက်ဆိုးလာရင် တရုတ်ပြည်မှာလို အခြားဘာ သာကိုးကွယ်တဲ့တရုတ်လူမျိူးစုတခုကိုသန်းနဲ့ ချီပြီးဖမ်းထားသလိုတောင်လုပ်လာနိုင်တယ် သာသနာ ———— ဒီစကားရပ်က ဘာသာထဲမှာပါပြီးသား ထပ်ကွန့်တာ လူတွေကို

“ကြံ့ခိုင်ရေးပါတီနဲ့ တွေ့ဖို့လိုပြောတာတော့မဟုတ်ဘူး

Image
ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကြံ့ခိုင်ရေးပါတီက ကူညီရေးအဖွဲ့တွေကို တွေ့ဆုံ တိုက်တွန်း ဘီဘီစီ တွေ့ဆုံဖို့ ကြိုတင်ဖိတ်ကြားတာမျိုးမရှိခဲ့ဘူးလို့ဆို “ကြံ့ခိုင်ရေးပါတီနဲ့ တွေ့ဖို့လိုပြောတာတော့မဟုတ်ဘူးဗျ။ သုံးရာသီဖောင်ဒေးရှင်းဖွဲ့ဖို့သွားတာပေါ့၊ ဟိုရောက်တော့ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်ကိုတွေ့လိုက်ရတာပေါ့။ နောက်သိလိုက်ရတာ ဦးခင်ရီလာမယ်။ ဒီလိုပရဟိတအဖွဲ့တွေနဲ့တွေ့မယ်လို့သိလိုက်ရတယ်။ ကျွန်တော်တို့ကဝင်ပြီးသွားတော့ သူတို့ပြောတာကို နားထောင်ပေးတယ်။ ပါတီနဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ပြောတယ်။ ကျွန်တော်တို့ကတော့ ပူးပေါင်းမယ် မပူး ပေါင်းဘူဘာမှတော့မပြောခဲ့ဘူး” လို့ တွေ့ဆုံပွဲကို ရောက်ခဲ့သူ တစ်ဦးကဘီဘီစီကိုပြောပြပါတယ်။ ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဉီးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနဲ့ ပါတီတာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုအကူအညီပေးရေး အသင်းအဖွဲ့(၂၉)ဖွဲ့မှ စုစုပေါင်း (၂၃၅)ဦးနဲ့ ဇန်နဝါရီ ၇ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ -  USDP

မန္တလေးဓူဝံဆေးရုံပိုင်ရှင်ကိုစစ်တပ်ဖမ်းဆီး

10 Jan 2023 by MPA မန္တလေးမြို့၊ ၇၃လမ်း ၇၄လမ်းကြား၂၈လမ်းပေါ်က ဓူဝံဆေးရုံပိုင်ရှင်ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်းကျန်းမာရေးအသိုင်းအဝိုင်းထံက သိရသည်။  ဇန်နဝါရီ ၁၀ရက်နေ့ညနေ ၅နာရီဝန်းကျင်က ဖမ်းဆီးသွားခြင်းဖြစ်ပြီးဘာကြောင့်ဖမ်းဆီးသွားသလဲဆိုသည်ကိုမူမသိရသေးပေ။  မန္တလေးမြို့ပေါ်က ဆေးရုံများမှာ CDM ကျန်းမာရေးဝန်ထမ်းတွေခန့်ထားမှုရှိ၊မရှိ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လိုက်လံစစ်ဆေးခဲ့ကြောင်း မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းကသိရသည်။  "တစ်ရုံပြီးတရုံလိုက်စစ်နေတာ၊အလုပ်လည်းကောင်းကောင်းမလုပ်ရဘူး"ဟု ပုဂ္ဂလိကဆေးရုံတစ်ရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦးကဆိုသည်။  မန္တလေးမြို့မဟာအောင်မြေမြို့နယ် လမ်း ၆၀၊ ၃၅လမ်းနဲ့ ၃၆လမ်းကြားကကြယ်စင်လင်းဆေးရုံကိုလည်း စစ်ကောင်စီတပ်က ယနေ့ နေ့ခင်းပိုင်းတွင် CDMကျန်းမာရေး ဝန်ထမ်းရှိမရှိဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။  ဓူဝံဆေးရုံသည်  အထူးကုဆေးခန်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုစင်တာဖြစ်ပြီး စင်တာခွဲ သုံးခုရှိကာ ဝန်ထမ်း ငါးဆယ်နှင့် အထက်ရှိသည့်ဆေးရုံဖြစ်သည်။ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံငါးရုံဖြစ်သည့်  စိန်ပန်းဆေးရုံ၊ နန်းတော်ဆေးရုံ၊မြို့တော်ဆေးရ

ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်း

Image
ရဲခေါင်/People's Spring CDM ပြုလုပ်သူများနှင့် တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။ ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက် ၆နာရီခွဲခန့်က လမိုင်းမြို့ လက်ဝှေ့ရုံအနီး၌ ဗိုလ်ကြီးညီညီအားရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။ "ထောက်လှမ်းရေးဗိုလ်ကြီးရဲ့ ဦးခေါင်းကနေ ကျည်ပေါက်ပြီး ပြည်သူအမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တဲ့အတွက်များစွာစိတ် မကောင်းဖြစ်ရပါတယ်။အနူးအညွှတ်လဲ တောင်းပန်ပါတယ်ဗျာ။လိုအပ်သည့် ကိစ္စများအားလုံးကိုလည်း ကျွန်တော်အပြည့်အဝ တာဝန်ယူဖြေရှင်းပေးပါမယ်"ဟု ဗိုလ်ကျန်ရစ်က အသိပေးသည်။ (YGFက ရှင်းလင်းခဲ့သည့် ဗိုလ်ကြီးညီညီအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဗိုလ်ကျန်ရစ်) /

ဒီပဲယင်းမှာ တလတည်း ရွာပေါင်း ၃၀ မီးရှို့ခံရလို့ ပြည်သူ ၃သောင်းအိုးအိမ်မဲ့ ( ရုပ်/သံ)

မြေလတ်အသံ၊ ဇန်နဝါရီ၉၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁လတည်းမှာ ကျေးရွာပေါင်း ၃၀ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ် ၃ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဇင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ ကျေးရွာပေါင်း ၁၉ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၂ရက်ကနေ ၃၀ အထိ နောက်ထပ် ကျေးရွာ ၁၁ခုကို မီးရှို့ခဲ့တာကြောင့် တလအတွင်း ဒီပဲယင်းနယ်ထဲက ရွာပေါင်း ၃၀ ကို စစ်ကောင်စီတပ်သားတွေမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာ ၃၀ စလုံးကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ  ရေဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ဘက် လာတဲ့ ခမရ ၃၆၄နဲ့ ခလရ ၇၀၁တပ်ရင်းတွေကဖြစ်ကာ အင်အား ၁၀၀ ဝန်းကျင်ပါတယ်လို့ ဆိုပါတယ်။ အိမ်တွေမီးရှို့ခံလိုက်ရလို့ လူဦးရေ ၃သောင်းကျော် နေရပ်စွန့်ခွာထွက် ပြေးနေခဲ့ကြရပြီး အဲဒီထဲမှာ လူဦးရေ ၁၂၀၀၀ ကျော် အိုးမဲ့၊အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ အဲ့ဒီရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေကို ဒီပဲယင်းညီနောင်များအဖွဲ့က အိမ်ထောင်စု တခုကို ဆန် ၂ပြည်နဲ့ ငွေကျပ် တသောင်းစီ ထောက်ပံ့ပေးနေတာ ၁၆ ရွာအထိ ထောက်ပံ့ပေးထားနိုင်ပြီး ကျန်ရွာတွေကို ထောက်ပံ့နိုင်ဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေလိုအပ်နေဆဲဖြစ်ပါတယ်