အာဆီယံ ဘုံသဘောတူညီချက် များကို စစ်တပ်က အကောင် အထည် မဖော်မှု အင်ဒို နိုင်ငံခြားရေးဝ စိတ်ပျက်

အာဆီယံ ဘုံသဘောတူညီချက် များကို  စစ်တပ်က အကောင် အထည် မဖော်မှု စိတ်ပျက်ရပြီး မြန်မာ့ရေး အားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒို နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ခေတ်သစ်

မြန်မာ့ အကျပ်အတည်းကို အာဆီယံအတွက် ဓားစာခံအဖြစ် လက်ခံမည် မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံ အဖြေရှာမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudiက ပြောဆိုလိုက်သည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ 

ဇန်နဝါရီ ၁၁ ရက် နိုင်ငံခြားရေး ဝန်ကြီး Retno L.P. Marsudiက အင်ဒိုနီးရှားအနေဖြင့် အာဆီယံ ဥက္ကဋ္ဌသစ် အဖြစ် တာဝန်ယူချိန်တွင်  ဒေသတွင်း စည်းလုံးညီညွတ်မှု တိုးမြှင့်ရေး အတွက် မြန်မာ့အကျပ်အတည်းက ဓားစာခံအဖြစ် အနှောင့်အယှက် ဖြစ်နေမှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောဆိုသွားသည်။ 

ယခုနှစ်အတွက် အင်ဒိုနီးရှား၏ နိုင်ငံခြားရေးမူဝါဒကို အလေးပေးဖော်ပြသည့် အခမ်းအနားတွင် Retno က အင်ဒိုနီးရှားသည် ၎င်း၏ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဒေသတွင်း အစုအဖွဲ့၏ အသိုက် အဝန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အာရုံစိုက်ထားကြောင်း၊ မြန်မာ့ပြဿနာကြောင့် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဓားစာခံ  အဖြစ်ခံမည်မဟုတ်ကြောင်း ပြောဆိုသည်။ 

 အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်များကို ဖော်ဆောင်ရန် ပျက်ကွက်မှုအပေါ် စိတ်ပျက်မိကြောင်း Retno က ပြောကြားသည်။ 

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဘုံသဘောတူညီချက် ငါးချက် သဘောတူညီမှုအပြင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို အခြေခံ၍ မြန်မာ့အရေး  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းကတိပြုသည်။ 

“အင်ဒိုနီးရှားအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရပါလိမ့်မယ်။ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုမှသာလျှင် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖန်တီးရာတွင် လွယ်ကူချောမွေ့စေရေး သဘောတူညီချက်၏ လုပ်ပိုင်ခွင့်များ ပြည့်စုံနိုင်မယ်" ဟု  Retno က ပြောဆိုသည်။ 

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ အသစ်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစိုးရက စတင် တာဝန်ယူနေပြီဖြစ်ကြောင်း သိရှိရသည်။


Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း