အာဆီယံ ဘုံသဘောတူညီချက် များကို စစ်တပ်က အကောင် အထည် မဖော်မှု အင်ဒို နိုင်ငံခြားရေးဝ စိတ်ပျက်

အာဆီယံ ဘုံသဘောတူညီချက် များကို  စစ်တပ်က အကောင် အထည် မဖော်မှု စိတ်ပျက်ရပြီး မြန်မာ့ရေး အားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒို နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ခေတ်သစ်

မြန်မာ့ အကျပ်အတည်းကို အာဆီယံအတွက် ဓားစာခံအဖြစ် လက်ခံမည် မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံ အဖြေရှာမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudiက ပြောဆိုလိုက်သည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ 

ဇန်နဝါရီ ၁၁ ရက် နိုင်ငံခြားရေး ဝန်ကြီး Retno L.P. Marsudiက အင်ဒိုနီးရှားအနေဖြင့် အာဆီယံ ဥက္ကဋ္ဌသစ် အဖြစ် တာဝန်ယူချိန်တွင်  ဒေသတွင်း စည်းလုံးညီညွတ်မှု တိုးမြှင့်ရေး အတွက် မြန်မာ့အကျပ်အတည်းက ဓားစာခံအဖြစ် အနှောင့်အယှက် ဖြစ်နေမှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောဆိုသွားသည်။ 

ယခုနှစ်အတွက် အင်ဒိုနီးရှား၏ နိုင်ငံခြားရေးမူဝါဒကို အလေးပေးဖော်ပြသည့် အခမ်းအနားတွင် Retno က အင်ဒိုနီးရှားသည် ၎င်း၏ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဒေသတွင်း အစုအဖွဲ့၏ အသိုက် အဝန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အာရုံစိုက်ထားကြောင်း၊ မြန်မာ့ပြဿနာကြောင့် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဓားစာခံ  အဖြစ်ခံမည်မဟုတ်ကြောင်း ပြောဆိုသည်။ 

 အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်များကို ဖော်ဆောင်ရန် ပျက်ကွက်မှုအပေါ် စိတ်ပျက်မိကြောင်း Retno က ပြောကြားသည်။ 

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဘုံသဘောတူညီချက် ငါးချက် သဘောတူညီမှုအပြင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို အခြေခံ၍ မြန်မာ့အရေး  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းကတိပြုသည်။ 

“အင်ဒိုနီးရှားအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရပါလိမ့်မယ်။ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုမှသာလျှင် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖန်တီးရာတွင် လွယ်ကူချောမွေ့စေရေး သဘောတူညီချက်၏ လုပ်ပိုင်ခွင့်များ ပြည့်စုံနိုင်မယ်" ဟု  Retno က ပြောဆိုသည်။ 

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ အသစ်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစိုးရက စတင် တာဝန်ယူနေပြီဖြစ်ကြောင်း သိရှိရသည်။


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ