Posts

အလွဲတွေနဲ့လွဲနေတဲ့ရေမီးရှား

Image
နိုင်ငံကြီးတွေမှာ~~~~~ ပါတီတခုဟာ   နယ်မြေတခုအတွက်   ပြိုင်မယ့် ကိုယ်စားလှယ်တယောက်ပဲလိုတယ်၊ အဲဒီကိုယ်စားလှယ်ကပိုက်ဆံသုံးနိုင်သူ ဖြစ်ရတယ်၊သူ့ရဲ့ရုံးလုပ်ငန်းအတွက်သူ့ ဖါသာ၅ယောက်လိုအပ်ရင်၅ယောက်ခန့်ရတယ် ပါတီထောက်ခံသူတွေအွန်လိုင်း နေစာရင်းပေးပြီးမဲဆွယ်တဲ့ နေ့တွေမှာစာရွက်ဝေတာ တွေအခမဲ့ကူညီကြတယ် ပါတီဝက်ဆိုဒ်ကနေပါတီဝင်ခွင့်ရှိိတယ် ဒါပေမယ့်နှစ်စဉ်ကြေးပေးရလို့ဝင်တဲ့သူနဲတယ် အမှန်တော့ပါတီဝင်များစရာမလိုပါဖူး ပါတီကိုမဲထည့်ဖို့ပဲလိုပါတယ်၊   ပါတီအကျီင်္   ကထောက်ခံသူလဲဝတ်လို့ရပါတယ် ကြေငြာသင့်တာကကိုယ်စားလှယ်အနည်းဆုံးဘယ်လောက်ဘယ်လောက်ပြိုင်ရမယ် ဆိုပြီးပြဌာန်းရမှာဖြစ်တယ်၊ဒါပေမယ့်နိုင်ငံတဝက် ပြိုင်ရမယ်ဆိုတာကလဲဖွတ်စိမ်းကောင်တွေပဲလုပ် နိုင်တာမို့လို့တပါတီစနစ်ဖြစ်နေပြီ ဖွတ်စိမ်းတွေ တောင်အိမ်ပြင်မထွက်ရဲတာ နိုင်ငံတစိတ်ပြိုင်ရဲရင် ကံကောင်းပဲ၊ တခုတော့ကောင်းတယ်   မိုက်ကယ်ကျော်မြင့်တို့ စွေစောင်းတို့တိုင်ပါတ်ပြီ၊ ဒီဥပဒေဟာ တသီးပုဂ္ဂလတွေအတွက်အကြုံးဝင် ခြင်းရှိမရှိမသိရပါဖူး၊  သူတို့ဖါသာဘာတွေပဲလုပ်လုပ်ပါ ပြည်သူအပေါ်သဘောထားမမှန်သူတွေ၊ ပဒေသရာဇ်စနစ်အသက်သွင်းပြီးကျွန်ပြု သူလိုတွေကိုဖယ်ရှားရမှာပြည်သူတွေရဲ့တာ ဝန်တရပ်ပါပဲ၊   ဒီမိ

ဖေဖေါ်ဝါရီ ၁ ရက် - အသံတိတ် သပိတ် တိုက်ပွဲကြီး

Image
 နိုင်ငံတကာ သတင်းစာမျက်နှာ များ တွင် မြန်မာပြည်တွင် ပေါ်ထွန်းစ ဒီမိုကရေစီ စနစ်အား ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပြီး တနိုင်ငံလုံး ကြိမ်မီးအုန်း သလို ဒုက္ခပင်လယ်ဝေခဲ့ရသည့် နှစ် နှစ်မြောက် အထိမ်း အမှတ် အဖြစ် ပါရှိလာနေချိန် တွင် ဒီမိုကရေစီ တိုက်ပွဲဝင် နေကြသော အင်အားစုများက လည်း အသံတိတ် သပိတ် ဆင်နွှဲရန် နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ အိမ်ပြင် မထွက်ကြရန် အထွေထွေ သပိတ် ညှိနှိုင်းရေး ကော်မတီ မှ လှုံ့ဆော်လိုက်ပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တော်လှန်ရေးကြီး အပြီးသတ် ဆင်နွှဲရန် စိုင်းပြင်းနေကြပြီ ဖြစ်၍ ယခုလို အသံတိတ် သပိတ်ကြီး ဆင်နွှဲခြင်း သည် လွန်စွာ အရေးပါသော နောက်ထပ် ခြေလှမ်းကြီး ဖြစ်သည်။ မြန်မာ အရေး အပေါ် စိတ်ဝင်စားမှု လျော့နည်းလာနေပြီ ဖြစ်သော နိုင်ငံတကာကလည်း မိမိတို့ မြန်မာ ပြည်သူများ သည် စစ်အာဏာရှင် စနစ် ကို မဆုပ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်ဟု ထုတ်ဖေါ်ပြသရာလည်း ရောက်ပေသည်။ ၎င်းတို့ လုပ်မည်ဟု ရည်ရွယ်ထားသော ရွေးကောက်ပွဲ ဆိုသည်ကိုလည်း ပြည်သူများက လက်မခံကြောင်း ထုံးတွေ အဖွေးသား ကြားမှထပ်မံ ပြသလိုက်ခြင်းလည်း ဖြစ်သည်။ နိုင်ငံတကာ သည်လည်း စစ်အာဏာရှင်များသည် လက်နက်အားကိုးဖြင့်သာ သက်ဆိုးရှည်နေ

မြန်မာ့နိုင်ငံရေးအကြပ်အတည်း ဝဲဩဃ သို့မဟုတ်အိုင်ဒီယိုလိုဂျီလွန်ဆွဲပွဲများ

1837 နှင့် 1838 တွင် ကနေဒါအောက်ပိုင်းနှင့် အထက် ပိုင်း၌လက်နက်ကိုင်အုံကြွမှုနှစ်ခုဖြစ်ခဲ့သည်အထက်ပိုင်း ကဌာနေလူမျိူးစုအများအခေါ်အင်ဒီးယန်းနှင့်အောက် ပိုင်းကွိဘက်ပြည်နယ်ကိုကိုလိုနီထားသောပြင်သစ်များ ဖြစ်သည်အမေရိကန်မှခွဲထွက်အင်္ဂလိပ်များသည်၂နစ်အ တွင်းပြည်တွင်းစစ်ကိုအပြုတ်တိုက်ပြီးဗြိတိသျှမြောက် အမေရိကရေးရာဆိုင်ရာ Lord Durhm၏အစီရင်ခံစာ နှင့်အတူပြည်ထောင်စုအက်ဥပဒေ 1840 သို့တိုက်ရိုက် ဖြစ်ပေါ်စေပြီး ဗြိတိသျှပြည်နယ်များကိုပြောင်းလဲကာ နောက်ဆုံးတွင် ဗြိတိသျှမြောက်အမေရိကအက်ဥပဒေ၊  1867 သို့ ဦးတည်စေကာခေတ်ပြိုင်ကနေဒါဖက်ဒရယ် ပြည်ထောင်စုကိုဖန်တီးပေးခဲ့သည်။ စုစုပေါင်းအနှစ်၃၀ ကြာခဲ့သည်။ မြန်မာပြည်ကဘာလို့ နှစ်၈၀နီးပါးကြာသည့်တိုင်မြန် မာပြည်ဖက်ဒရယ်ပြည်ထောင်စုကိုမဖန်တီးသေးနိုင် တာလဲ? (https://lampmm.org/)ကတင်ဆက်တဲ့ကိုလိုနီ နှောင်းပိုင်းမြန်မာ့နိုင်ငံရေးစတင်ခဲ့ပုံကိုပြန်လည်ဖေါ်ပြ ပေးပါတယ်၊ အနာဂတ်နိုင်ငံရေးကို ပြောရင် အတိတ်နိုင်ငံရေးမပါပဲ ပြောမရပါ၊ သီအိုရီနောက်ခံနှင့် ကမ္ဘာ့အခင်းအကျင်း ကမ္ဘာ့သမိုင်းတွင် အမျိုးသားရေးဝါဒကြောင့် ၁၉၁၄ ခုနှစ်နှင့် ၁၉၃၉ ခုနှစ်များတွင် ကြီးမား ကျယ်ပြန့် သည့် ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ကန့်သတ်ချက် များလွန်းနေ

Image
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို တွေ့ရစဉ်။   RFA အာဏာသိမ်းစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်း နှစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေသစ်ဟာ အရင် စစ်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ ဥပဒေတွေထက် ကန့်သတ်ချက်တွေ ပိုများပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအပေါ် တင်းကြပ် ထားတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ အရင် ဥပဒေဟောင်းမှာတော့ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ (သုံးလ) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင် စည်းရုံးရမယ်လို့ ဖော်ပြထားပါတယ်။ အခု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်မှာတော့ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားဖို့ လိုအပ်ပါတယ်။ တိ

မြန်မာလက်နက်ကိစ္စ တရုတ်၊ အိန္ဒိယလုပ်ငန်းများနှင့် နော်ဝေးရန်ပုံငွေအဖွဲ့ လမ်းခွဲ

အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များနှင့် လက်နက်စနစ်တခုကို စစ်အာဏာသိမ်းထားသည့် မြန်မာသို့ ရောင်းချသောကြောင့် တရုတ်နှင့် အိန္ဒိယ ကုမ္ပဏီ နှစ်ခုကို ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ လုပ်ငန်းဖြစ်သော နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က လမ်းခွဲလိုက်သည်။ “နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို အပြင်းအထန်၊ စနစ်တကျ ချိုးဖောက်သော နည်းလမ်း” ဖြင့် အသုံးပြုနေသော နိုင်ငံတခုသို့ လက်နက် ရောင်းချခြင်းကြောင့် ထိုကုမ္ပဏီများက ဖြစ်ပေါ်စေနိုင်သည့် “လက်မခံနိုင်သော အန္တရာယ်” ကြောင့် AviChina Industry & Technology နှင့် Bharat Electronics တို့မှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရောင်းချခဲ့ကြောင်း Norges Bank Investment Management က ကြေညာသည်။ တန်ဖိုး ခရိုနာ ၁၃ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ) ရှိသော ထိုရန်ပုံငွေအဖွဲ့သည် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် အထက်ပါ တရုတ်ကုမ္ပဏီ၏ ဝ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် အိန္ဒိယကုမ္ပဏီ၏ ဝ ဒသမ ၃၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ကြောင်း နောက်ဆုံးရရှိထားသည့် စာရင်းများအရ သိရသည်။ ထိုကုမ္ပဏီများနှင့် လမ်းခွဲရန် ဆုံးဖြတ်ချက်ကို ကျင့်ဝတ်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်ခဲ

ရှောင်တာနဲလ်အား လွတ်ငြိမ်းချမ်းသာခွင့် စစ်ကောင်စီ ပြန်ရုပ်သိမ်း၍ ဩစတြေးလျ လွန်စွာ စိုးရိမ်

Image
သတင်း   ကမ္ဘာ့သတင်း   By ABC News     26 January 2023 မြန်မာ စစ်ကောင်စီသည် ရှောင်တာနဲလ်၏ ထောင်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ရုပ်သိမ်းပြီး တရားရင်ဆိုင်ရန် သမ္မန်ဆင့်ခေါ်လိုက်သည့်နောက် “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဩစတြေးလျ အစိုးရက ပြောသည်။  Macquarie တက္ကသိုလ်မှ ပညာရှင်နှင့် မြန်မာ၏ ဖြုတ်ချခံရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဖြစ်သူ ရှောင်တာနဲလ်သည် အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ ရက်စက်ရမ်းကားသော အာဏာသိမ်းမှုနောက်တွင် တရားလက်လွတ် ဖမ်းဆီးခံရပြီး ရက်ပေါင်း ၆၅၀ ကြာ ချုပ်နှောင်ခံခဲ့ရသည်။  ၎င်းအား အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုကာ တံခါးပိတ် စစ်ခုံရုံး၌ အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများက ရှက်ဖွယ်လုပ်ရပ်အဖြစ် ရှုတ်ချကြသည်။  ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း၌ သူသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၎င်းအတွက် မမောနိုင်မပန်းနိုင် ကြိုးစားဆောင်ရွက်ပေးသော ဩစတြေးလျရှိ မိသားစုနှင့် မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့သည်။  ပါမောက္ခ ရှောင်တာနဲလ်သည် ၎င်း၏ အကျဉ်းချခံ အတွေ့အကြုံမ

အေးနေဝင်းပိုင်တယ်ဆိုတဲ့ တောင်ဉက္ကလာ၁၁ရပ်ကွက် မီးတားအကွက်ကိုစည်ပင် ကကားပါကင်လုပ်စားနေတဲ့ အပေါ်မှာစနိုက်ပါတွေရှိတယ် ငွေတောင်ဆိုင်နဲ့မဝေးဖူး

Image