Posts

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒီမိုကရေစီဆန့်ကျင်ရေး ဆန္ဒပြမှုများပြုလုပ်မည် ဖြစ်သဖြင့် အမေရိကန်နိုင်ငံသားများ သတိပြုသွားလာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အသိပေး

Image
  စစ်တပ်ထောက်ခံသူများက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒီမိုကရေစီဆန့်ကျင်ရေး ဆန္ဒပြမှုများပြုလုပ်မည် ဖြစ်သဖြင့် အမေရိကန်နိုင်ငံသားများ သတိပြုသွားလာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် စစ်အစိုးရလိုလားသည်သူများသည် ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊သမ္မတ ရုပ်ရှင်ရုံ၌ စုဝေးကာ၊ မဟာဗန္ဓုလ ပန်းခြံသို့ ချီတက်မည်ဖြစ်သည်ဟု ရေးသာထားသည်။ အဆိုပါ စစ်အစိုးရလိုလားသူများသည် အင်အား ၂၀၀၀ ကျော်ဖြင့် ဒီမိုကရေစီဆန့်ကျင်ရေး မိန့်ခွန်းများ ဟောပြောမည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ယင်းကဲ့သို့ ဆန္ဒပြမှုတွင် တိုက်ခိုက်မှု၊ ပေါက်ကွဲမှုများ ဖြစ်လာနိုင်ခြေ ရှိသည့်အတွက် သတိရှိရှိ နေထိုင်ကြရန် အမေရိကန်နိုင်ငံသားများအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အသိပေးထားသည်။ ဖေဖော်ဝါရီ ၁ ရက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြုတ်ချခံရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ပြီး၊ ရည်အနည်းငယ်အတွင်း အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အကြ

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦး ကို ဩစတြေးလျအစိုးရက ပိတ်ဆို့ အရေးယူ လိုက်ပြီး စစ်တပ်ပိုင် ဦးပိုင်နှင့်မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းကိုပါ ဒဏ်ခတ် ပိတ်ဆို့

Image
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ခေတ်သစ် ဩစတြေးလျအစိုးရက အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်အာ ဏာ သိမ်းမှုနှင့်ဆက်နွယ်သူ လူပုဂ္ဂိုလ် ၁၆ ဦးကို ဒဏ်ခတ် ပိတ်ဆို့ အရေး ယူ ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။  မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်လာချိန်တွင် ဩစတြေးလျ အစိုးရ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ် ခေါင်းဆောင် စိုးဝင်း အပါအဝင် အာဏာသိမ်းမှုနှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။  "ဒီပစ်မှတ်ထား အရေးယူမှုတွေက မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ပြင်း ထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပြည်သူတွေရဲ့ ရပိုင်ခွင့် တွေကို ဖိနှိပ်နေမှုတွေကို စိုးရိမ်ပူပန်တဲ့အတွက်  ဩစတြေးလျက အရေးယူ  တာဖြစ်ပါတယ်" ဟု ဩစတြေးလျအစိုးရက ထုတ်ပြန်ထားသည်။  ထို့ပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော် ပိုရေး ရှင်း တို့ကိုလည်း ဩစတြေးလျက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။  ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် အကြမ်းဖက် စိုးဝင်းတို့

မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့

Image
မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့  ဓာတ်ပုံ ရင်းမြစ်,  GETTY IMAGES ဓာတ်ပုံ ပုံစာ,  အာဏာသိမ်းစစ်ကောင်စီကို CDM လုပ် ဆန့်ကျင်ကြတဲ့အထဲ တက္ကသိုလ်ဆရာ အများအပြားလည်း ပါဝင်ခဲ့ ၃၀ ဇန်နဝါရီ ၂၀၂၃ တစ်ချိန်က တက္ကသိုလ်ကျောင်းဆရာတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့ အသက် ၅၀ ဝန်းကျင် ဆရာလင်းဟာ နယ်စပ်ဒုက္ခသည်မြို့လို့ တင်စားကြတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုပြီး ဝန်ထမ်းတွေ အာဏာဖီဆန်တဲ့ Civil Disobedience Movement  (CDM) မှာ ဆရာလင်းလည်း ပါဝင်ခဲ့ပါတယ်။ “တက္ကသိုလ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီအနေနဲ့ သပိတ်မှာပါဝင်ခဲ့တယ်။ CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာတွေ၊ ထောက်ပံ့တာတွေ လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ပုဒ်မ ၅၀၅ တပ်ခံရတဲ့အတွက် ကျွန်တော်လည်း မဲဆောက်ကို ရောက်လာတာ” လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြန်မာနိုင်ငံကနေ ခိုးဝင်လာရတာဖြစ်လို့ တရားမဝင်နေထိုင်သူတွေ ဖြစ်နေတာကြောင့် တရားဝင် အလုပ်လုပ်ခွင့် မရကြသလို တရားဝင် နေထိုင်ခွင့်တွေလည်း မရကြပါဘူး။  “ထိုင်းရဲ မြင်တာနဲ့ လန့်နေရတာ၊ အဖမ်းခံရပြီဆိုရင် ဒဏ်ငွေတပ

အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်

Image
၊ ဇန်နဝါရီ ၃၁ ခေတ်သစ် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် တော်လှန်ရေး  အသံတိတ် သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီမှစတင် ၍ စစ်တပ်နှင့်ရဲမျးက မြို့ပေါ် လုံခြုံရေး ကင်းပတ်ကြမည်ဖြစ်ကြောင်း ရဲဘက် သတင်းရင်းမြစ်များထံမှ သိရှိရသည်။  ရန်ကုန် အပါအဝင် မြို့ကြီးအားလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီ မှ စတင်၍ အသင့်အနေအထားဖြင့် လုံခြုံရေး ယူရမည်ဖြစ်ပြီး ကင်းပုန်းများ ချ ထား မည်ဖြစ်ကြောင်း၊ ထို့ပြင် စနိုက်ပါ စစ်သားများကိုလည်း အထပ်မြင့် တိုက် တာများတွင် ချထားပြီး အဓိကအားဖြင့် စစ်တပ်ထောက်ခံပွဲပြုလုပ်မည့် ရန် ကုန် မြို့တော်ခန်းမရှေ့တွင် ပတ်ပတ်လည်ကို စနိုက်ပါ စစ်သားများ ယခုညက တည်းက ချထားကြောင်း သိရှိရသည်။  ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ကျင်းပမည်ဖြစ်ပြီး  စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစောထီး(ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ

ရွေးကောက်ပွဲမလုပ်ဖြစ်တော့ပါ

Image
ရွေးကောက်ပွဲလုပ်ရန် သမ္မတကိုအာဏာပြန်လွှဲပေးရသည်။ သမ္မတက မအလကို သက်တမ်းတိုးပေးမည်ဖြစ်၍ ရွေး ကောက်ပွဲပျက်ပြီဖြစ်သည်။ ***(ပေါ်ပြူလာတင်သည့်စာပိုဒ်ကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ဘာသာပြန်မရပါ)

ဆိုင်ပိတ်စရာ မလို၊ ရုံးပိတ်စရာမလို သတ်မှတ်အချိန်အတွင်း အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် ပြည်လုံးကျွတ် သပိတ်မှာ ပြည်သူ အားလုံး ပါဝင်ရေး ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

Image
▪️ စစ်အာဏာရှင်က အသံတိတ် သပိတ်ကို  ကြောက်ရွံ့နေ ရန်ကုန်၊ ဇန်နဝါရီ ၃၁ ခေတ်သစ် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြုလုပ်မည့် စစ် အာဏာ ရှင် တော် လှန်ရေး အသံတိတ် သပိတ်တွင် ပြည်သူများ အားလုံး ပါဝင်ကြရန် ဦးမင်းကိုနိုင်က ယနေ့တိုက်တွန်းပြောဆိုသည်။  အသံတိတ် သပိတ်တွင် ဆိုင်ပိတ်စရာ မလို၊ ရုံးပိတ်စရာမလိုဘဲ သတ်မှတ် အချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အတွင်း အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်ပါဝင်နိုင်ကြောင်း၊ တစ်သံတည်း တစ်ချီတည်း ရုန်းကြရန်၊ ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အထူးအရေးကြီး သော အချိန်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုသည်။

ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား

Image
By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်အာဏာသိမ်းလိုက်ချိန်မှာ စစ်တပ်အတွင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့စစ်တပ် အရာရှိ တွေ၊ စစ်သည်တွေ အမြောက်အမြား ရှိနေခဲ့ကြပါတယ်။  ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလကနေ ဒီနေ့အထိ CDM ဝင်ကြတာ၊ တပ် ထဲ ကနေ ထွက်ပြေးကြတာ အပါအဝင် စစ်တပ်ကို စွန့်ခွာသွားတဲ့ စစ်သည် နဲ့ အရာ ရှိ အရေအတွက် ၃ သောင်းနီးပါးရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။  အကြောင်းအမျိုးမျိုးကြောင့် တပ်ကို မစွန့်ခွာ၊ ထွက်မပြေး၊ CDM မဝင်နိုင် ပေ မယ့်လည်း တပ်တွင်းသတင်းတွေကို ပြင်ပ ထုတ်ပေးတဲ့ ဖရဲသီး တွေလည်း မြောက် မြားစွာရှိခဲ့ပြီး အခွင့်အရေး ရတာနဲ့ တပ်တွင်း ပုန်ကန်မှုတွေ လုပ်ဖို့ ပြင် ဆင်ကြိုးစားမှု များစွာလည်းရှိနေပါတယ်။ အခုအခါမှာတော့ တပ်တွင်း ပုန်ကန် မှု တွေက ပုံစံအမျိုးမျိုးနဲ့ လူထုရှေ့မှောက်ကို ရောက်ရှိလာနေပါတယ်။  ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်နဲ့ ၂ ချက် ပစ်သတ်လိုက်ပါတယ်။  ပစ်သတ်မှုဖြစ်စဉ်က တပ်တွင်း ပုန်ကန်မှု စစ်တပ်က သတင်းမ ပေါက်ကြား စေ ဖို့ တင်းတင်းကျပ

စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာကြီးမားနေလို့ ကုလထောက်ပြ

Image
 voanews မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တာ ၂ နှစ် ကြာလာချိန်မှာ တိုင်းပြည်တွင်း အကျပ်အတည်းတွေဟာ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးဆုတ်ယုတ်လာခဲ့တယ်လို့ UNOHCR လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသဖြင့် နယ်ပယ်စုံမှာ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ကုလ မဟာမင်းကြီး Volker Türk က ဒီကနေ့ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာပါ။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် အရပ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတယ်လို့ ပြောပါတယ်။  အရပ်သား စစ်သား မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ရွာလုံးကျွတ်မီးရှို့တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ တရားလက်လွတ် သတ်ဖြတ်တာ၊ ကုန်ကြောင်း လေကြောင်းတွေကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ စစ်တပ်နဲ့ သူတို့အပေါင်းအပါတွေရဲ့ လက်ချက

နိုင်ငံရေးလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲကျင်းပမယ့် စစ်ကောင်စီကို ကုလအကြီးအကဲ သတိပေး

Image
voanews  မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရှိဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မတည်မငြိမ်အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးလိုက်ပါတယ်။  စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားနေအိမ်တွေကို တိုးပြီး မီးရှို့လာနေသလို နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်နှောက်ယှက်မှုတွေကြားမှာ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က စိုးရိမ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။  သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ပြည့်အဖြစ် အတွင်းရေးမှူးချုပ်ရုံးက တနင်္လာနေ့မှာ ထုတ်ပြန် လိုက်တဲ့ ကြေညာချက်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ဖော်ပြထားပါတယ်။  မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းပေါင်းစုံဟာ ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်းကိုပါ အလေးအနက် ရိုက်ခတ်လာနေချိန် မှာအကြမ်းဖက်လုပ်ရပ် မှန်သမျှကို အပြင်းအထန် ရှုတ်ခ

KlA နှင့် PDF များကို အကြမ်းဖက် သမားများဖြစ်သည်ဟု လိမ်လည်ရေးသား ထားသော စာစောင်များ ပြည်သူများထံဝေငှ၍ စစ်ကောင်စီတပ် ဝါဒဖြန့်

Image
ဇွဲနိုင်/ဧရာဝတီတိုင်းမ် (ရေဖြူ)၊ဇန်နဝါရီလ ၃၁ ရက်  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် KlA နှင့် PDF များကို အကြမ် းဖက်သမားများဖြစ်သည်ဟု လိမ်လည်ရေးသားထားသော စာစောင်များအား ပြည်သူများထံဝေငှပြီး စစ်ကောင်စီတပ်က ဝါဒဖြန့်ချိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။   စစ်ကောင်စီတပ်က လိမ်ညာရေးသားထားတဲ့ စာစောင်တွေကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခန့်ကတည်းက လိုက်လံ ဝေငှနေတာဖြစ်ပြီး လိုက်လံဝေငှနေသူတွေဟာ မောရ၀တီငှာနချုပ်က စစ်ကောင်စီတပ်သားတွေလို့ သိရပါတယ်။ "သူတို့(စစ်ကောင်စီတပ်)က လမ်းသွားလမ်းလာပြည်သူတွေကို တားပြီး ပေးနေတာဗျ။ ကျွန်တော့်ကိုလည်း ဘာမှမပြောဘဲနဲ့ သူတို့မဟုတ်မမှန် လီဆယ်ဝါဒဖြန့်ထားတဲ့ စာစောင်ကြီး အတင်း ထိုးပေးတယ်။  ကျွန်တော်လည်း မယူချင်ဘဲနဲ့ယူလာခဲ့ရတာမို့ စာစောင်ကို ဖတ်တောင်မကြည့်ဘဲ လွှင့်ပစ်လိုက်တယ်"လို့ ကံပေါက်ဒေခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ ဝါဒဖြန့်စာစောင်တွေကို လမ်းဆုံလမ်းခွများဖြစ်တဲ့ ပြင်ကြီးလမ်းဆုံ၊ သစ်တောရုံးလမ်းဆုံ၊ စျေး၊ ကျောက်တိုင် နဲ့ ဆင်ရပ်တံတား တို့ကနေ လာသမျှ ပြည်သူတွေဆီ အတင်းလိုက်လံဝေငှ နေတာဖြစ်တယ်လိ