Posts

အာဏာသိမ်း (၂)နှစ်အတွင်း စကစ တပ်သား (၃၂,၀၂၀)ယောက် သေဆုံး

Image
  ၂၀၂၁ ------ ဖေဖော်ဝါရီ (၃)ယောက် မတ် ဧပြီ မေ (၅၄၁)ယောက် ဇွန် ဇူလိုင် ဩဂတ် (၁,၇၁၀)ယောက် ခုခံစစ်ပထမလ စက် (၁၅၆၂)ယောက် ခုခံစစ်ဒုတိယလ အောက်(၁၉၇၄)ယောက် ခုခံစစ်တတိယလ နို (၂၁၁၇)ယောက် ခုခံစစ်စတုတ္ထလ ဒီ (၂၃၇၇)ယောက် --------------------------- စုစုပေါင်း သေဆုံးသူ = (၁၀,၂၈၄)ယောက် ၂၀၂၂ ----- ၂၀၂၂ ဇန္နဝါရီလ ( ၁,၆၈၆ ) ယောက် ၂၀၂၂ ဖေဖော်ဝါရီ ( ၁,၃၅၀ ) ယောက် ၂၀၂၂ မတ်လ ( ၁,၇၃၀ ) ယောက် ၂၀၂၂ ဧပြီလ ( ၁,၉၂၈ ) ယောက် ၂၀၂၂ မေလ ( ၂,၀၂၂ ) ယောက် ၂၀၂၂ ဇွန်လ ( ၁,၉၄၀ ) ယောက် ၂၀၂၂ ဇူလိုင် ( ၁,၇၃၃ ) ယောက် ၂၀၂၂ ဩဂတ် ( ၁,၈၅၄ ) ယောက် ၂၀၂၂ စက်တင်ဘာ ( ၁,၅၄၃ ) ယောက် ၂၀၂၂ အောက်တိုဘာ( ၁,၅၂၀ )ယောက် ၂၀၂၂ နိုဝင်ဘာ ( ၁,၅၉၄ ) ယောက် ၂၀၂၂ ဒီဇင်ဘာ ( ၁,၃၁၆ ) ယောက် ------------------------------- စုစုပေါင်း သေဆုံးသူ ( ၂၀,၂၁၆ ) ယောက် ၂၀၂၁ ခုနှစ် = (၁၀,၂၈၄) ယောက် ၂၀၂၂ ခုနှစ် = (၂၀,၂၁၆) ယောက် ၂၀၂၃ ဇန္နဝါရီ = (၁,၅၂၀) ယောက် ------------------------- စုစုပေါင်း = (၃၂,

နောင်ချိုမြို့နယ်၊ ကုန်းစံ ရဲဘက် အကျဉ်းစခန်းမှ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သတ်သေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကုန်းစံ ရဲဘက် စခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သွားကြောင်း အကျဥ်း ဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကုန်းစံ ရဲဘက် အကျဉ်းစခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော်သည် မေးစေ့ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ မိမိကိုယ့်ကိုကို သေကြောင်း ကြံစည် သတ်သေသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနက ကုန်းစံ ရဲဘက်အကျဉ်းစခန်းထံမှ စိုက်ပျိုးသီးနှံကြံထွက်ကုန်များ မျှော်မှန်းသည့်အတိုင်း မထွက်၍  ထောင်ပိုင်အနေဖြင့် ကြံ တန် ၁၀၀၀ ပေးလျှော်ရမည်ဟု အမိန့် ပေးညွှန်ကြားလာကြောင်း၊ တပ်မှ ပြောင်းလာသည့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဒုဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦးက  ရဲဘက် စခန်းသို့ လာရောက်၍ လျှော်ကြေးအတွက် လာရောက်တွေ့ဆုံ ဖိအားပေးရန် ကြိုးစားစဉ် ထောင်ပိုင် ဦးဝင်းမြင့်ဇော်ကို အတွေ့ မခံဘဲ သေကြောင်းကြံစည်သွားခြင်းဖြစ်​ကြောင်း သိရသည်။  "ရာသီဥတုဖောက်တာနဲ့ ရဲဘက် စခန်းမှာ ခိုင်းစေဖို့ လုပ်သားမရှိတော့ဘူး။ ရဲဘက်စခန်းမှာ အကျဉ်

မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေ

Image
CJ Platform မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေကြောင်း People’s Voice မှ မအေးဘုံက CJ Platform သို့ပြောကြားသည်။ “နည်းပညာနဲ့ Drone များကို လိုအပ်တဲ့ နေရာတွေကိုပါ ဖြန့်ဝေနိုင်ဖို့အတွက် စီစဉ်နေပါတယ်၊ အဲ့အတွက် ထောက်ပို့ငွေ လိုအပ်တဲ့အတွက် ပြည်သူတွေကို ချပြပြီး ကောက်ခံဖို့ လုပ်နေပါတယ်” ဟု မအေးဘုံက ပြောကြားသည်။ မောင်းသူမဲ့ တိုက်လေယာဉ်ငယ်များကို ၂၀၂၂ ခုနှစ် မေ လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလတွင် ထောက်လှန်းခြင်း ၊ သတင်းယူခြင်း၊ စစ်ဆင်ရေးများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ “လေယာဉ်ငယ်အတွက် ဗုံးသီးကိုလဲ ကိုယ်တိုင်ထုတ်လုပ်တာပါ၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေပြီးတော့ စစ်ဆင်ရေးပျံသန်းမှုပေါင်း ၁၀၀ နီးပါးရှိပြီ” ဟု မအေးဘုံက ပြောကြားသည်။ ပြည်တွင်းထုတ် မောင်းသူမဲ့ တိုက်လေယာဉ်ငယ် (G3) ထုတ်လုပ်ရေးအဖွဲ့သည် စတင်ဖွဲ့စည်းချိန်က စတင်ကာ သိုသိပ်စွာ လုပ်ဆောင်ခဲ့သည့်အပြင် နီးစပ်ရာအကူအညီအချို့ဖြင့်သာ ရပ်တည်ခဲ့သည့်အတွက် ငွေကြေးအခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။ အဆိုပါ တိုက်လေယာဉ်ငယ်များသည် စစ်ကောင် စီ၏ ဂျန်ပ

EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အလွတ်သဘောဆွေးနွေး

Image
RCSS ဌာနချုပ်မှာရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးဖို့နဲ့ လာမယ့်တွေ့ဆုံဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုး (၇) ဖွဲ့ ပူးပေါင်းတွေ့ဆုံဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ့ဟာ ဒီကနေ့မနက် ၉နာရီကနေ ၁၂နာရီ အထိ အလွတ်သဘော ဆွေးနွေးခဲ့တာပါ။ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။  “အတူတကွ ဆွေးနွေးမယ်။ အတူတကွဆိုတာ ၇ဖွဲ့ပေါင်းပြီးဆွေးနွေးမယ်။ အဲဒါက အဓိကပါပဲ။ နောက်ပိုင်း ကျနော်တို့ တစ်ဆင့်ပြီး တစ်ဆင့်၊ ဖက်ဒရယ်အရေး၊ လုံခြုံရေး၊ ကျနော်တို့ တဖြည်းဖြည်းစဉ်ဆက်မပြတ် ဆွေးနွေးမှုတွေကို တက်လှမ်းသွားဖို့ဆိုတဲ့ လုပ်ငန်းစဉ်မျိုးလည်း ချတယ်ဗျ။”  NCA လက်မှ

မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ၊ မိုးဗြဲ - ပီကင်းလမ်းကို မိုးဗြဲ PDF ပိတ်ထား

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းက စက်တော်ရာတောင်အနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် မနက်က ၉ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ညနေ ၃ နာရီကျော်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး မိုးဗြဲမြို့ကနေ ပီကင်းရွာကို သွားတဲ့ လမ်းပိုင်းကိုပါ ပိတ်ထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကောင်စီတပ်ဖွဲ့နဲ့က ကျနော်တို့ နီးနီးကပ်ကပ်ပဲ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲက ညအထိဖြစ်နိုင်တယ်။ အခုက စစ်ကောင်စီဘက်က အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။ စစ်တပ်ဘက်က ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အသေးစားထိခိုက်တာ တစ်ယောက်၊ နှစ်ယောက်တော့ရှိထားတယ် ” စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ညကတည်းက လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့နေရာအနှံ့ကို တင့်ကား တစ်စီးအပါအဝင် အင်အားတစ်ရာနီးပါး ထပ်ဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်လာနိုင်တာကြောင့် အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေကတော့ အရင်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ

ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

Image
သတင်း   ပြည်တွင်း  By  ရွှေနွယ်  07 February 2023 မဇ္ဈိမ။   ။ဖက်ဒရယ်ဒီမိုကရေစီကပြည်ထောင်စုတည်ဆောက်ရေး   အတူလက်တွဲဆောင်ရွက်ကြရန်   ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP) နှင့်   မွန်ပြည်သစ်ပါတီ  (NMSP) တို့ကို   အမြဲဖိတ်ခေါ်လျက်ရှိကြောင်း  NUG  ၏   ယာယီသမ္မတကြီးက   ပြောကြားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  ၏   ၅ / ၂၀၂၃   အစိုးရအဖွဲ့အစည်းအဝေးတွင်   ယာယီသမ္မတကြီး   ဒူဝါလရှီးလက   ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ “ ဖေဖော်ဝါရီလ   ၃   ရက်နေ့မှာ   ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ထုတ်ပြန်ချက်အရ   ဒီမိုကရေစီနဲ့   ဖက်ဒရယ်ကိုလိုလားတဲ့အင်အားစုတွေနဲ့   လက်တွဲချိတ်ဆက်မယ့်အကြောင်းထုတ်ပြန်ခဲ့ပြီး   တဆက်တည်း   မှာပဲ   မွန်ပြည်သစ်ပါတီမှ  ( ၇၆ ) ကြိမ်မြောက်   မွန်အမျိုးသားနေ့မှာ   ထုတ်ပြန်ခဲ့တဲ့   ထုတ်ပြန်ချက်တွေကို   အသိအမှတ်ပြုလျက် တိုင်းပြည်ရဲ့   အနာဂတ်ဖက်ဒရယ်အရေးအတွက်   အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို   မိမိတို့အစိုးရအနေဖြင့်   အမြဲဖိတ်ခေါ်လျက်ရှိပါတယ် ”  ဟု   ယာယီသမ္မတကြီးကပြောသည်။ မွန်ပြည်သစ်ပါတီ (NMSP) က   ဖေဖော်ဝါရီလ   ၅   ရက်နေ့တွင်ကျရောက်ခဲ့သော  ( ၇၆ )  ကြိမ်မြောက်   မွန်   အမျိုးသားနေ့တွင်   ထုတ်ပ

လုံခြုံရေးဖြင့်သာ သွားလာသည့် သန်လျင်အောင်ချမ်းသာအုပ်ချုပ်ရေးမှူးမြင့်န်ိုင်အား သန်လျင်(ပ.က.ဖ)မှ ၎င်း၏နေအိမ်အတွင်းသို့ ၀င်ရောက် ပစ်ခတ်ရှင်းလင်း

Image
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၈ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၏ တွဲဘက်ဥက္ကဋ္ဌမြင့်နိုင်ဆိုသူကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက ၎င်း၏နေအိမ်ထဲထိ ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့နယ်နေထိုင်သူ များ၏ ပြောပြချက်အရ သိရသည်။ ယမ‌န်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီအချိန်ခန့်တွင် အောင်ချမ်းသာရပ်ကွက် တွဲဘက်ဥက္ကဋ္ဌ၊ ရေတပ်မှ တပ်ကြပ်ကြီးဟောင်း(စစ်မှုထမ်းဟောင်း) မြင့်နိုင်ဆိုသူအား သန်လျင်(ပ.က.ဖ)အဖွဲ့မှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "မြင့်နိုင်က ရပ်ကွက်ထဲမှာရှိတဲ့ ခြံလွတ်တွေကို ရောင်း စားတယ်။ အနိုင်ကျင့်တာပေါ့ဗျာ။ CDM ၀န်ထမ်းတွေကိုလည်း ဖမ်းခိုင်းတယ်။ သူ့ကြောင့် ဖမ်းခံရတဲ့သူတွေ မနည်းဘူး။ ရပ်ကွက်ထဲက လူငယ်တွေ၊ ကလေး တွေကို PDF ဆိုပြီး စစ်တပ်ကိုခေါ်ပြီးတော့ ညတိုင်း ၀င်ဖမ်းခိုင်းတာ။ ရှေ့ရက်တွေကတင် ၀င်စစ်တာမကြာသေးဘူး။ လမ်းထဲလည်း စစ်တပ်က လုံခြုံရေး ပေးထားတာ သူ့ကို။ အပြင်သွားရင် လုံခြုံရေးတွေမပါဘဲ မသွားရဲဘူး။ ခုတော့ အိမ်ထဲထိ၀င်သတ်သွားတာ ၀မ်းသာတယ်ဗျာ"ဟု သန်လျင်မြို့နယ်မှ  အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ဧရာ

မိန်းမခိုးပြေးလာသည်ဟု ဟန်ဆောင်ကာ လာရောက်စုံစမ်းသည့် စစ်ကောင်စီထောက်လှမ်းရေး ၃ ဦးကို ဖမ်းဆီးရရှိ

Image
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း(YRA)၏ စစ်ဆေးရေးဂိတ်တွင် မိန်းမခိုးပြေးလာသော အရပ်သားများအဖြစ် ဟန်ဆောင်လာသူ စစ်ကောင်စီတပ်သားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  YRA ထီးလင်း၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်လူသုံးဦး(လက်နက်မပါ)အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အမျိုး သားနှစ်ဦးမှာ ထီးလင်းမြို့ပေါ်အထိုင်ချနေသော ခလရ ၅၅ မှ စစ် ကောင်စီတပ်သားများဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ပျူစောထီးဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် မိန်းမခိုးပြေးလာသောအရပ်သားများအဖြစ် ဟန်ဆောင်လာသော စစ်ကောင်စီထောက်လှမ်းရေးများဖြစ်ကြောင်း သိရပြီး နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားရန်ခေါ်ဆောင်လာစဥ် ရုတ်တရက်ထွက်ပြေးရန်ကြိုးစားကြသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။ #TachileikNewsAgency Photo - Yaw Revolution Army-ထီးလင်း

ဇေယျာသော်ချစ်ချစ် တီဇင် ရောင်းတဲ့ #Nitric_Forever 🔥Limited Edition လေးတွေအားပေးကြပါ

Image
#Nitric_Forever 🔥Limited Edition  ❤️ Special Price For PDF 💪 T-shirt Fundraising အစီအစဉ်စတင်ပြီးနောက် ချက်ချင်းလာဝယ်ကြပြီး  ဝယ်ယူနှုန်းအများဆုံးဟာ မြန်မာပြည်တွင်းမှ  တော်လှန်ပြည်သူများ တော်လှန်ရဲဘော်များပဲ ဖြစ်ပါတယ်  တော်လှန်ရေးအပေါ်အားမလျော့ကြပဲ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာတောင် နိုင်ရာဝန်ကိုထမ်းဆောင်ကြရင်း  ရှိတဲ့အင်အားနဲ့ရအောင်ထောက်ပို့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် 🔥နောက်ထပ်အစီအစဉ်သစ်တခုကတော့  ပြည်သူ့ရဲဘော် PDF များအတွက် အထူးစျေးနှုန်း (၄၀၀၀၀-/)ကျပ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ် 💪❤️ စစ်အာဏာရှင်တော်လှန်ရေးမှာ တိုင်းပြည်အတွက် အသက်စွန့်ကာကွယ်ကြသော ပြည်သူ့ရဲဘော်များကို လေးစားဂုဏ်ပြုပါတယ်  T-shirt မှာယူပြီး လက်ဝယ်မရောက်ရှိနိုင်သေးတဲ့အချိန်မှာ Code နံပါတ်တခုနဲ့ထိန်းသိမ်းထားပေးမှာ ဖြစ်ပါတယ် လှူဒါန်းထောက်ပို့မှုအားလုံး မည်သည့်တခုမျှ အချည်းနှီးမဖြစ်စေရပါ ✊ အချိန်တခုအတွင်းမှာ Limited အရေအတွက်နဲ့ရောင်းတာမို့  အမြန်ဆုံးမှာယူလို့ရပါပြီ  👉ဝယ်ယူရရှိနိုင်မည့်နေရာများ 🖤ပြည်ပနိုင်ငံများအတွက်  ဤ Pageတွင်မှာယူရရှိနိုင်ပါပြီ https://m.facebook.com/story.php?story_fbid=495355319359266&id=

အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်အဆမတန်များတဲ့ အထည်စံချိန်တွေလျှော့ချသတ်မှတ်ပေးဖို့တောင်းဆိုတဲ့ စူပါအလုပ်ထုတ်ခံရ

Image
ဆုလာဘ်ဖြူ Feb 5, 2023 PEP&CO၊ DUNNES STORES စတဲ့ ပြည်ပအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်က တစ်နာရီကို ပွိုင့် ၁၀၀ နှုန်းဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုတာက တစ်နာရီကို ပွိုင့် ၂၃၀ ပါ။ ဒါကြောင့် အဲ့ဒီလို အဆမတန် တိုးမြှင့်ထားတဲ့စံချိန်ကို ပြည့်မီအောင် ချုပ်လုပ်နိုင်ခြင်းမရှိပါက ည ၉ နာရီအထိ အချိန်ပိုကြေး မရဘဲ ချုပ်လုပ်ပေးရတာပါ။ ဒါ့အပြင် စံချိန်ပြည့်အောင် တနင်္ဂနွေနေ့ကိုပါ အလုပ်ဆင်းပေးရပါတယ်။ အိုတီကြေးမရရှိဘဲ  အခမဲ့ပါ။ ဒါကြောင့် အခက်တွေ့နေရတယ်လို့ GYSEN(MYANMAR) APPAREL CO,LTD စက်ရုံအလုပ်သမားတွေကပြောပါတယ်။ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာစက်မှုဇုန် ဝါးတစ်ရာလမ်း မှာဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံက တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေက‌ပြောဆိုပါတယ်။ အဲ့ဒီအထည်ချုပ်စက်ရုံက ကလေးဝတ် သိုးမွှေး လူကြီးဝတ် သိုးမွှေးအင်္ကျီနဲ့ ဘောင်းဘီတွေချုပ်လုပ်တာလို့သိရပါတယ်။ "စက်လိုင်းတစ်လိုင်းကို ၃၃ ယောက်ပဲပေးတယ် လူထပ်တောင်းလဲမပေး