နိုင်ငံကူးလက်မှတ် လိုအပ်သူများ နေပြည်တော်ရှိ အဘကိုလိပ်မူ၍ သနားခံစာ တင်ကြရ
ကီရာ မဇ္ဈိမ နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် နေပြည်တော် အမှတ် (၁၀)ရုံးသို့ လိပ်မူ၍ အသနားခံစာ တင်ရသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ သိရသည်။ ထိုသို့ အသနားခံစာတင်ရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ရန် စောင့်နေရသူများနှင့် နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ရန် ၎င်းတို့သတ်မှတ်ထားသည့် QR ရရှိထားသူများသည်လည်း အသနားခံစာတင်နိုင်သည်ဟုလည်း သိရသည်။ ထို့အပြင် ကျန်းမာရေးကြောင့် ပြည်ပထွက်ရန် လိုအပ်သူများနှင့် ကျောင်းကိစ္စရပ်များကြောင့် ပြည်ပထွက်ရန် လိုအပ်သူများသည်လည်း အသနားခံစာရေး၍ နိုင်ငံကူးလက်မှတ်စာအုပ်ရရှိရန် တောင်းဆို လျှောက်ထားကြသည်ဟုလည်း သိရသည်။ အသနားခံတောင်းဆိုလွှာနှင့်ပတ်သက်၍လည်း " အဘဥက္ကဌကြီးအား အသနားခံစာ တင်ပြအပ်ပါသည်။ ဤစာသည် ဒုတိယအကြိမ် တင်ပြခြင်းဖြစ်ပါသည်။ ပထမအကြိမ် အသနားခံစာကိုလည်း ပူးတွဲတင်ပြအပ်ပါသည်။ ကျေးဇူးပြု၍ သမီးစာအုပ်အားထုတ်ယူခွင့်ပြုရန် အဘဥက္ကဌကြီးအား လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်"ဟု ရေးသားထားသည့် အသနားခံစာပုံစံနမူနာသည်လည်း နိုင်ငံကူးလက်မှတ်ဂရုတွင်လည်း ပျံနှံလျက်ရှိနေသည်ကိုလည်း တွေ့ရသည်။ နိုင်ငံကူးလက်မှတ်ရုံးများကို ၂၀၂၂ခု နှစ် ဒီဇင်ဘာလလယ်တွင် အကြောင်းပ