Posts

ရုရှားနဲ့ပေါင်းပြီး အသေးစားနျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ ပြင်ဆင်နေ

Image
VOA စစ်ကောင်စီနဲ့   ရုရှာပူးပေါင်းပြီး   အသေးစားနျူကလီးယား   ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့အတွက်   နိုင်ငံရဲ့နေရာ   တော်တော်များများမှာ   ဖြစ်နိုင်ခြေ   အလားအလာတွေဆန်းစစ်ဖို့   ပြင်ဆင်နေပြီလို့   စစ်ကောင်စီပြောခွင့်ရက   ဗွီအိုအေကို   ပြောဆိုလိုက်ပါတယ်။   နိုင်ငံရေးသုံးသပ်သူကတော့   နျူကလီယား   လက်နက်ပိုင်ဆိုင်နိုင်ဖို့   မြန်မာစစ်ခေါင်းဆောင်တွေရဲ့   အိပ်မက်ကို   စတင်အကောင်အထည်ဖော်လာတာလို့   သုံးသပ်လိုက်ပါတယ်။   မမေခ   ကပြောပြပေးမှာပါ၊ စစ်ကောင်စီနဲ့   ရုရှားနိုင်ငံပိုင်   အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း  Rosatom  တို့   ပူးပါင်းပြီး   နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာနကို   ရန်ကုန်မြို့မှာ   ပြီးခဲ့တဲ့   ဖေဖော်ဝါရီလ   ၆   ရက်နေ့က   ဖွင့်လှစ်ခဲ့ပါတယ်။   စစ်ကောင်စီဟာ   ရုရှားနိုင်ငံနဲ့ပေါင်းပြီး   မြန်မာနိုင်ငံမှာ   အသေးစားနျူကလီးယား   ဓာတ်ပေါင်းဖိုတစ်ခု   တည်ဆောက်ဖို့လည်း သဘောတူထားပါတယ်။   ဒီလိုတည်ဆောက်ဖို့နဲ့ပတ်သက်လို့   သင့်တော်တဲ့   နေရာရဖို့   နိုင်ငံရဲ့   နေရာတော်တော်များများမှာ   လေ့လာဆန်းစစ်တာတွေလုပ်မယ်လို့   စစ်ကောင်စီပြောခွင့်ရ   ဗိုလ်ချုပ်ဇော်မင်းထွန်းက   ဗွီအိုအေကိုပြောပါတယ်။  

မင်းအုပ်စိုး နေအိမ်ကို စစ်တပ်က ချိတ်ပိတ်

Image
စစ်အာဏာသိမ်းမှု   ထောက်ခံသူ   သရုပ်ဆောင်   မင်းအုပ်စိုး   ဓားပြမှု၊   ခြိမ်းခြောက်မှု၊   ပိုင်နက်ကျူးလွန်မှုများဖြင့်   အမှုဖွင့်ခံရပြီး   ထွက်ပြေးနေ၍   နေအိမ်ကို   စစ်တပ်က   ချိတ်ပိတ် ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၆ ခေတ်သစ် ရန်ကုန်တိုင်း၊   ဗဟန်းမြို့နယ်၊   ဖိုးစိန်လမ်းတွင်   နေထိုင်သော   သရုပ်ဆောင်   မင်းအုပ်စိုးကို   ဓားပြမှု၊   ခြိမ်းခြောက်မှု၊ ပိုင်နက်   ကျူးလွန်မှုများဖြင့်   စစ်ကောင်စီက   အမှုဖွင့်ထားပြီး   ထွက်ပြေးနေ၍   ၎င်း၏   ဖိုးစိန်လမ်း   နေအိမ်ကို   ချိတ်ပိတ်   လိုက်ကြောင်း   သိရှိရသည်။ သရုပ်ဆောင်၊   ဒါရိုက်တာ   မင်းအုပ်စိုးသည်   ၂၀၁၄   ခုနှစ်၊   ဒီဇင်ဘာ   ၂၅   ရက်နေ့   သူထုတ်ဝေသော   သရပါ   မဂ္ဂဇင်းမှအယ်ဒီ   တာ   မတေးနုယဥ်ကို   သတ်ဖြတ်ခဲ့ပြီး   လူသတ်မှုဖြင့်   ၂၀၁၅   ခုနှစ်   ဇူလိုင်   ၂၉   ရက်နေ့တွင်   ထောင်ဒဏ် တစ်သက်   တစ်ကျွန်းချမှတ်ခံခဲ့ရကြောင်း၊   ၂၀၂၁   ခုနှစ် စစ်တပ်က   အာဏာသိမ်းချိန်တွင်   လွတ်ငြိမ်းသက်သာခွင့်ဖြင့်   ပြန်   လည်   လွတ်မြောက်လာခဲ့ပြီး   ထောင်မှ   လွတ်လာပြီးနောက်   ၂၀၂၂   ခုနှစ်ကုန်ပိုင်းတွင်  OASIS  တည်းခိုးခန်းကို   မင်းအုပ်စိုးနှင့်အဖွဲ့က   ဝင်ရောက်   ရမ

လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြည်သူများအား NUG ဖိတ်ခေါ်

Image
DVB | 16 February, 2023 အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့   လေကြောင်းတိုက်ခိုက်မှုတွေကနေ   ကြိုတင်သတိပေး   ကာကွယ်နိုင်ရေးအတွက်   လေကြောင်းကင်းထောက်တွေအဖြစ်   တာဝန်ထမ်းဆောင်နိုင်မယ့်   ပြည်သူတွေကို   အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) ၊   ကာကွယ်ရေးဝန်ကြီးဌာနက   ဖိတ်ခေါ်အပ်နေပါတယ်။ ဒီဖိတ်ခေါ်မှုမှာတော့   အကြမ်းဖက်စစ်တပ်ရဲ့   လေကြောင်းလှုပ်ရှားမှုတွေကို   အချိန်နဲ့တပြေးညီ   သိရှိနိုင်စေဖို့အတွက်   လေတပ်စခန်းတွေအပါအဝင်   လေယာဉ်ကွင်း၊   ရဟတ်ယာဉ်ကွင်းတွေကို   ပုံမှန်စောင့်ကြည့်   သတင်းပေးပို့တာ၊   လေကြောင်းသွားလာမှု   လမ်းကြောင်းတလျှောက်   သတင်းပေးပို့တာတွေ   လိုအပ်နေတယ်လို့   ဆိုပါတယ်။   ဒါကြောင့်မို့   ပြည်သူ့အသက်အိုးအိမ်ကို   ပြည်သူ့အားနဲ့   ကာကွယ်ဖို့   လေကြောင်းကင်းထောက်အဖြစ်   ဆောင်ရွက်လိုတဲ့   တာဝန်သိပြည်သူတွေအနေနဲ့  NUG  အစိုးရ   ကာကွယ်ရေးဝန်ကြီးဌာနက   စီစဉ်ဆောင်ရွက်တဲ့   ဖော်ပြပါ telegram - https://t.me/MASurveillance24    ကို   ဆက်သွယ်   သတင်းပေးပို့ကြဖို့   တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့   အကြမ်းဖက်စစ်အုပ်စုက   မတရားအာဏာသိမ်းယူထားတဲ့   ကာလဟာ   ၂   နှစ်ကျော်   ကြာမြင့်ခဲ့ပြီဖြစ်ပ

အိန္ဒိယနိုင်ငံနဲ့ စစ်ကောင်စီ ဆက်ဆံရေး ပိုနီးကပ်လာ

Image
အိန္ဒိယဟာ   စစ်ကောင်စီကို   ရေဒါနည်းပညာ၊   အဝေးထိန်း   လေကြောင်းရန်ကာကွယ်ရေးလက်နက်၊   မောင်းပြန်ရိုင်ဖယ်အပါအဝင်   လက်နက်ပစ္စည်းတွေ   ရောင်းချပေးခဲ့တယ်လို့  India For Myanmar  အဖွဲ့က   ပြောပါတယ်။ 2023-02-16 RFA အိန္ဒိယနိုင်ငံခြားရေးဌာန   အတွင်းဝန်   ဗနီမိုဟန်ကွာရာနှင့်   စစ်ကောင်စီခေါင်းဆောင်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်တို့   ၂၀၂၂   ခုနှစ်၊   နိုဝင်ဘာလ   ၂၁   ရက်နေ့က   နေပြည်တော်တွင်   တွေ့ဆုံခဲ့စဉ်။  Myanmar Military မြန်မာနိုင်ငံရဲ့   အိမ်နီးချင်း   အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့   အိန္ဒိယဟာ   ဆိုးရွားတဲ့   လူ့အခွင့်အရေး   ချိုးဖောက်မှုတွေနဲ့ အာဏာသိမ်းမှုအတွက်   တာဝန်ရှိနေတဲ့   စစ်ကောင်စီကို   တရားဝင်အစိုးရအဖြစ်   အသိအမှတ်ပြု   ဆက်ဆံနေတယ်လို့ အိန္ဒိယအခြေစိုက်   မြန်မာ   အရပ်ဘက်အဖွဲ့အစည်းတွေက   ထောက်ပြကြပါတယ်။ အာဏာသိမ်း   နှစ်နှစ်အတွင်းမှာ   အိန္ဒိယနိုင်ငံဟာ   စစ်ကောင်စီကို   လက်နက်ထောက်ပံ့မှု   လေးကြိမ်ရှိခဲ့ပြီး၊၂၀၂၃   ခုနှစ်   ဇန်နဝါရီလ   ၄   ရက်နေ့ကပြုလုပ်တဲ့   စစ်ကောင်စီရဲ့   လွတ်လပ်ရေးနေ့   အခမ်းအနားကိုလည်း   မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး   ရှရီဗီနီကူး