Posts

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

Image
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။  ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် သထုံမှ ဘီးလင်းသို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရန်ကုန်-မော်လမြိုင်လမ်း၊ ကမာဆိုင်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ ၊ တပ်ခွဲ ၃ နှင့် ဘီးလင်း ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးမြို့နယ်နှင့် ပဲနွယ်ကုန်းအကြားရှိ တံတား မိုင်းကွဲပြီး လက်ရှိအချိန်တွင် ကားများ ပိတ်ဆို့နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။  "ကျောက်တံခါး နှင့် ပဲနွယ်ကုန်း ကြား ရန်ကုန် မန္တလေးလမ်းဟောင်း တံတားမိုင်းကွဲပါတယ်။ အခုအချိန်အထိ ကားတွေ ပိတ်ထားပြီး ဖြတ်သန်းခ

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်တွင် တည်ပင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ "ရွှေဘို အနောက်ခြမ်း ထူးကြီးရွာနဲ့ တည်ပင်ရွာကို စစ်ခွေးတွေက မီးရှို့နေပါတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်ကပါ။ ပြည်သူတွေ ထိခိုက်မှု အတိအကျ မသိရသေးဘူး။ ရွှေဘိုအနောက်နယ်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားတာတော့ မကြားမိဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ တည်ပင်ရွာနှင့် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

Image
လှူဒါန်းထောက်ပို့ လိုသူများ ဆက်သွယ်နိုင် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ် မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာတချို့ပေးအပ်လိုက်ကြောင်း မကွေးခရိုင် PDF တပ် ရင်း ၁ မှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရှိရသည်။ "မကွေးခရိုင်PDF အမှတ် -(၁) တပ်ရင်းရဲ့  စီမံဘဏ္ဍာအစည်းအဝေးအမှတ်စဉ် ၁  ဆုံးဖြတ်ချက်နဲ့ တပ်ရင်းရဲဘော်များအားလုံးကို ရဲဘော်လစာအဖြစ် တစ်ဦး ၂၀၀၀၀ ကျပ် ၂၀၂၃ခုနှစ် ၂ လပိုင်းမှာ စတင် ပေးအပ်ပါတယ်။  ရဲဘော်တွေရဲ့ တစ်ယောက် ကုန်ကျမှုစရိတ်က စားစရိတ်နှင့်တစ်ကိုယ် ရေကျန်း မာရေးသုံး၊ ဝတ်စားဆင်ယင်မှုတို့အတွက် တစ်သိန်းနှစ်သောင်းကျပ်ပါ ထည့်တွက်လျှင် ရဲဘော်တစ်ဦးမှာ  နိုင်ငံတော်မှ တစ်လကို အခြေခံ လစာ ၁၄၀၀၀၀/ကျပ်ရရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်" ဟု မကွေးခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူက ဆိုသည်။  ထိုကဲ့သို့ ရဲဘော်များ လစာ ပေးအပ်ခြင်းသည် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆုံးဖြတ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရဲဘော်များ၏ လစာအတွက် လှူဒါန်းလိုသူများအနေဖြင့်လည်း ထောက်ပံ့ကူညီနိုင်ကြောင်း သိရှိရသည်။  "တချို့ရဲဘော်တွေမှာ မုန့်ဝယ်စားချင်တာတောင် မိသားစုကို ပြန်ငှဲ့ရလို့

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Image
ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။  "မြေမွန်ရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့သွားတာ ပျက်စီးဆုံးမှု အခြေအနေတော့ အတိကျ မသိရသေးဘူး။ ကျေးရွာရဲ့ သုံးပုံနှစ်ပုံ လောက် ပြာကျသွားတယ်။ ရွာမှာက နေအိမ် ၇၀၀ ကျော်လောက်ရှိတယ်။ နေအိမ် ရာနဲ့ချီပြီး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့ပြီး ၂ နာရီလောက် တိုက်ပွဲဖြစ်သွားသေးတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်

အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး

Image
ရာအိမ်မှူး   ၂   ဦးသေဆုံးခဲ့သော   ဒဂုံမြို့သစ်   ဆိပ်ကမ်းမြို့နယ်   အမှတ်   ၉၄   ရပ်   ကွက်ရုံးကို   ဝင်ရောက်ပစ်ခတ်ချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး   စစ်မှု   ထမ်းဟောင်း   ခင်မောင်ဇင်   နောက်ပင်လှည့်မကြည့်ဘဲ   ထွက်ပြေး၍   လွတ်မြောက်ခဲ့ ရန်ကုန်၊   ဖေဖော်ဝါရီ   ၂၀  ခေတ်သစ် ရန်ကုန်တိုင်း၊   ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်   အမှတ်   ၉၄   ရပ်ကွက်ရုံးကို   ယမန်နေ့   သေနတ်၊   လက်ပစ်ဗုံးများဖြင့်   ဝင်ရောက်   ပစ်ခတ်ရာ     အမှတ်   ၉၄   ရပ်ကွက်   ရာအိမ်မှူး   ဝင်းမြင့်နှင့်   ထွန်းထွန်းဝင်းတို့   သေဆုံးခဲ့ပြီး      စစ်မှုထမ်းဟောင်း ရပ်   ကွက်   အုပ်ချုပ်ရေးမှူး   ခင်မောင်ဇင်မှာ   နောက်ပင်လှည့်မကြည့်ဘဲ   ထွက်ပြေး၍   လွတ်   မြောက်သွားကြောင်း ဒေသပြည်သူများက   ပြောသည်။   ဖေဖော်ဝါရီလ   ၁၉   ရက်နေ့   မွန်းလွဲ   ၃   နာရီ   ၃၅   မိနစ်အချိန်   ဒဂုံမြို့သစ်   ဆိပ်ကမ်းမြို့နယ်၊   ယုဇဥယျာဉ်အိမ်ရာ   ၁၄ လမ်းထိပ်ရှိ   အမှတ်   ၉၄   ရပ်ကွက်   အုပ်ချုပ်ရေးမှူးရုံးထဲတွင်   ပစ်ခတ်မှုဖြစ်ပွားပြီး   လက်ပစ်ဗုံးများ   ပါပေါက်ကွဲကြောင်း၊   ပစ်ခတ်တိုက်ခိုက်မှုများကြောင့်     ရာအိမ်မှူး   ဝင်းမြင့်နှင့်   ရာအိမ်မှူး   ထွန်းထွန်

လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံး

Image
ရေတာရှည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်တွင်  အမှတ် ၂၀၂၂  လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံးခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်အနက်တွင် အမှတ်  ၂၀၂၂ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး ဇေယျာထွန်းပါ ပါဝင်သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။  ဖေဖော်ဝါရီလ ၁၆ ရက်နေ့   နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ သည်  ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ယင်းတို့ထဲတွင် အမှတ် ၂၀၂၂ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး ဇေယျာထွန်း ပါဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။  "ဗျူဟာမူး ဇေယျာထွန်း  အမှတ် ၂၀၂၂ လေကြောင်းရန်တပ်က ကျဆုံးမှု အတည်ပြုနိုင်ပါတယ်။ မနေ့ ဖေဖော် ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်တပ် အလောင်း ထပ်တွေ့ပါတ

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

Image
အမေရိကန် မှ နောက်ထပ် ဒေါ်လာ သန်း ၅၀ ‌ကူညီမည်ဟု ဆို **************** ကုလသမဂ္ဂ မှ မကြာမီ က ထုတ်ပြန်ခဲ့သော ကမ္ဘာလူသား များ လိုအပ်ချက် စစ်တမ်းတွင် အာဖရိက နွယ်ဖွား များ ကဲ့သို့ပင် မြန်မာပြည် လူဦးရေ၏ သုံးပုံတပုံ ခန့်ရှိ ၁၇ သန်း သည် ယခုအခါ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီရန် လိုအပ်နေသည်ဟု ပါရှိခဲ့သည်၊ ထိုပမာဏ သည် ၂၀၂၀ ကုလစစ်တမ်းတွင် ၁ သန်း ခန့်ရှိခဲ့ရာ မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စွမ်းပကားဖြင့် ၁၇ သန်း အထိ ဦးမော့လာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ U.S Agency for International Development (USAID) မှ ထုတ်ပြန်ချက်တွင် မြန်မာ ပြည်သူများ အတွက် အရေးပေါ် အစားအသောက် နှင့် အဟာရ များ ထောက်ပံ့ ကူညီ သွားနိုင်ရေး ရည်ရွယ်ပြီး ဒေါ်လာ သန်း ၅၀ ပံ့ပိုးသွားမည်ဟု ပါရှိခဲ့သည်။ USAID သည် ပဋိပက္ခ များ ဖြစ်ပွားနေသော ဒေသများတွင် ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့နှင့် လက်တွဲ လုပ်ဆောင်၍ အကူအညီများ ပေးသွားမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ တွင်းရှိ ကုလ အဖွဲ့အစည်း အများစု သည် ရန်ကုန်တွင် ရုံးခန်းများ ဆက်ဖွင့်ထားနိုင်ရေး ကိုသာ အဓိကထားပြီး စစ်

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

Image
February 19, 2023 တနင်္သာရီ၊   ဖေဖော်ဝါရီ ( ၁၉ ) တနင်္သာရီတိုင်းဒေသကြီးရှိ   ပုလောနဲ့တနင်္သာရီမြို့နယ်တွေကို   စစ်ကောင်စီဘက်က   စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်   အင်အားအလုံးအရင်းနဲ့   ထိုးစစ်ဆင်လာတာကြောင့်   တိုက်ပွဲတွေ   ပိုမိုပြင်းထန်လာတယ်လို့   ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက   သံလွင်တိုင်းမ်ကို   ပြောပါတယ်။ စစ်ကောင်စီဟာ   ပြီးခဲ့တဲ့   ဖေဖော်ဝါရီ   ၂   ရက်နေ့မှာ   ပုလောမြို့နယ်နဲ့   တနင်္သာရီမြို့နယ်တို့ကို   စစ်အုပ်   ချုပ်ရေး ကြေညာပြီးနောက်   တပ်အင်အား၂၀၀   ကျော်ပါတဲ့   စစ်ကြောင်းတစ်ကြောင်း၊   တပ်အင်အား   ၁၀၀   ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့   ထိုးစစ်ဆင်လာတာပါ။ စစ်ကောင်စီတပ်က   ထိုးစစ်ဆင်လာတာကြောင့်   ပြီးခဲ့တဲ့   ဖေဖော်ဝါရီ   ဒုတိယအပတ်ကနေ   ဒီနေ့အချိန်အထိ   ပုလောမြို့နယ်မှာ   တိုက်ပွဲ   ၁၀   ကြိမ်၊   တနင်္သာရီမြို့နယ်မှာ   တိုက်ပွဲ   ၅   ကြိမ်ထက်မနည်း   ဖြစ်ပွားထားတာပါ။ မြိတ်ခရိုင်တပ်ရင်း ( ၁ ) ပြန်ကြားရေး   တာဝန်ခံကတော့   စစ်ကောင်စီဘက်က   စစ်ကြောင်းထိုးထားတဲ့အတွက်   နေ့စဉ်နဲ့အမျှ   တိုက်ပွဲတွေဖြစ်ပွားနေသလို   နှစ်ဖက်တိုက်ပွဲတွေလည်း   ပိုမိုပြင်းထန်လာနိုင်တယ်လို့   သံလွင်တိုင်းမ်ကို  

လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက် ကိုင် နေမျိုးအောင်

Image
သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊  လက်နက် ကိုင် နေမျိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အလောင်း ရင်ခွဲရုံရောက်ရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ခေတ်သစ် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ  တင်လင်းထိုက် လူမိုက်  နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။  "ပစ်ခံရတာက ဦးခေါင်း

မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရပြီးသေဆုံး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မန္တလေးမြိုမှာ မနေ့က ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရွှေဘုန်းရှိန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ မနေ့က ညနေပိုင်းမှာ ဘုရားကြီး အရှေ့ဘက်မုခ်အနီး ပညာပျိုးခင်းလမ်းပေါ် ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရတာပါ။ အုပ်ချုပ်ရေးမှူးရဲ့ ဆိုင်ကယ်အနောက်ကနေ အမည်မသိလူနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပါပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကို ဘယ်အဖွဲအစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ #Mercury_Media #Mercury_Local_News #မန္တလေး #ရပ်ကွက်အုပ်ချုပ်ရေးမှူး