Posts

အင်တာနက်စာမျက်နှာတွင်မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်

Image
''နိုင်ငံခြားသို့ ထွက်မည့် စီဒီအမ်များကို ဖမ်းဆီးစစ်‌ဆေးရန် စစ်ကောင်စီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူ နှစ်သိန်းကျော်၏ နာမည်စာရင်းပို့ထားသည့် အချက်အလက်အလက်များကို စစ်ကောင်စီ အဆင့်မြင့်အရာရှိ ဖရဲသီး၏ ကူညီမှုဖြင့် The Fifth Column က ရရှိထားသည်။ မေးမြန်းရာတွင် [နာမည်၊ အဖ အမည်နှင့် ကိုယ်လုပ်ကိုင်သည့်ဌာန] ကို တပါတည်း ထည့်သွင်း မေးမြန်းပေးရန် လိုအပ်သည်။[နာမည်၊ အဖ အမည်နဲ့ ဌာန] ကို တိုက်ဆိုင်စိစစ်ပြီး စာရင်းထဲတွင် မေးမြန်းသည့် နာမည်ပါဝင်နေပါက The Fifth Column အဖွဲ့သားများက မေးမြန်းသူ၏ မွေးသက္ကရာဇ်ကို ပြန်လည်ပြသပြီးနာမည်ပါဝင်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်။'' ဖော်ပြဖိတ်ခေါ်ထားသည့် page တခုတွင်နာမည်စာရင်းပေးသွင်းသူများရှိနေပါသည်။အင်တာနက်စာမျက်နှာတွင် မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်သတိပေးအပ်ပါသည်။  

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

Image
ဘုရားသုံးဆူ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး   ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ေခတ်သစ်   ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံ ရဲစခန်း ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၆ နာရီခန့်အချိန်မှစတင်၍ ဘုရားသုံးဆူ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက် ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွာပြီး မကြာမီ ဘုရားသုံးမြို့အတွင်းမှ စစ်ကောင်စီ ခလရ ၂၈၄ ၊ ခလရ ၉၇ တပ်များမှ ထုတ်နှုတ်အင်အား ၃၀ ခန့်က တိုက်ပွဲဖြစ် ပွား ရာ နေရာသို့ စစ်ကူ လာရောက်သဖြင့် မဟာမိတ်ပူးပေါင်းတပ်များနှင့် နံနက် ၇ နာရီ ဝန်းကျင် အချိန်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ၊ နံနက် ၈ နာရီ ခန့် တွင် မဟာမိတ်တပ် များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စုစုပေါင်း တိုက် ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၁ ဦး သေဆုံး

FOEIM ကိုရအောင်ပြန်ယူသင့်ပြီ

Image
Grade 10 groups က chat တွေကို စစ်ခွေးဘောမတွေ တင်နေတယ် ထောင်ချီတဲ့ကျောင်းသားတွေနဲ့မိဘနာမည် တွေ ဖုန်းနံပါတ်နဲ့တယ်လီဂရမ်အကောင့်တွေအပြင် သင် ကြားတဲ့ဆရာဆရာမတွေကိုပါ ပုံနဲ့တကွလိပ်စာပါ တင်လာ တာတွေ့နေရပါသည်။ပြည်တွင်းမှစာသင်ကြားပေးနေသည့် ဆရာ ဆရာမများ အိမ်လိပ်စာအသစ်မှာနေထိုင်သင့်ပါသည်။

ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆို

Image
စသုံးလုံး ဒုညွှန်ချုပ်၏ ကရင် ခရီးစဉ်တွင် ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆိုပြီး NUG ၊ CRPH နှင့် PDF ဆက်သွယ်လျှင် ဝန်ထမ်း မိသားစုဆွေမျိုးများပါ မချန် ထောင်ချမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ ဖေဖော်၀ါရီ ၂၅ ခေတ်သစ် ကရင်ပြည်နယ်၊မြ၀တီမြို့၊ ရွှေက္ကိုလ်မြို့သစ်တွင် အွန်လိုင်းလောင်းကစားဂိမ်းများက ဗီယက်နမ် နိုင်ငံ သားများထံမှ ဒေါ်လာ သိန်းချီ လိမ်လည်‌သော အမှုကို လာရောက်စစ်ဆေးသည့် စသုံးလုံး ဒုညွန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် ခေတ်သစ်သတင်းများကို မယုံကြည်ကြရန်နှင့် မဖတ်ကြရန် တိုက်တွန်းပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ လာရောက်သွားခဲ့သည့် စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက ခေတ်သစ်သတင်းများကို မယုံကြရန်၊ ခေတ်သစ်တွင် ဖော်ပြထားသည့် ဗီယက်နမ်နိုင်ငံက တိုင်ကြားသည့် ရွှေက္ကိုလ် လောင်းကစား ကိစ္စကြောင့် လာရောက်ခြင်းမဟုတ်ဘဲ ဝန်ထမ်းများ စည်းရုံးရေး အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။  "ဒုညွှန်ချုပ်ခရီးစဥ်မှာ ခေတ်သစ်သတင်းတွေကိုမယုံဖို့ ခေတ်သစ်မှာ ဖော်ပြထားတဲ့ ကိစ္စအတွက် လာရောက်ခြင်းမဟုတ်ဘဲ  မိသားစုစည်းရုံးရေးအတွက် အထက်ကခ

အားတင်းထားအဘ ခုံရုံးတက်ဖို့

Image
မအလတည်တဲ့ဘုရားမှာတွေ့ရစဉ်

ဘုရားသုံးဆူရဲစခန်းတွင် တိုက်ပွဲဖြစ်ပြီး စခန်း မီးလောင်နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅  ခေတ်သစ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပြီး ရဲစခန်းမီးလောင်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။  ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုရားသုံးဆူ ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ပစ်ခတ်သံများ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ် ခတ်မှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားခဲ့ ကြောင်း၊ ယင်းနောက် ဘုရားသုံးဆူ ရဲစခန်း မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆို ကြ သည်။  "မနက် ၆ နာရီကျော်လောက်ကတည်းက ပစ်ခတ်သံတွေကြားရတာပဲ။  စစ်ခွေး တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ အကြာကြီးပဲ။  ဘုရားသုံးဆူ ရဲစခန်းမှာ မီးလောင်နေတယ်။ စစ်တပ်တွေကလည်း ဘုရားသုံးဆူမြို့ထဲ ဘက်မှာ တပ်ဖြန့်ပြီး စစ်ကူပေးနေတယ်။ အခြေအနေက အသွားအလာ သတိထားရမယ့် အခြေအနေဖြစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။  Urban Missing Forces မြို့ပြ ပျောက်ကျားတပ်ဖွဲ့ကမူ ဘုရားသုံးဆူ ပြည်သူ များ ဂရုစိုက်ကြရန်၊ ရဲစခန်းတွင် တိုက်ပွဲဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံတချို့နှင့်အတူ ဖော်ပြထားသည်။  ဓာတ

စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ ပြည်သူများအပေါ် ဖိနှိပ်ယုတ်မာမှုများကို ဖော် ထုတ်ခြင်း

Image
February 24, 2023 Yangon Khit Thit News Agency ▪️ စစ်ဗိုလ်ချုပ် သားကို သတ်ရန် ကြိုးစားသော်လည်း အရေးယူ မခံရသည့် လူရမ်းကား စည်သူထွဋ် (နိဂုံး) By ရန်ကုန်ခေတ်သစ် စိုးထွဋ်နဲ့နီလာစိန်မှာ မင်းသန်းထွဋ်၊ စိုးမင်းထွဋ်၊ စည်သူထွဋ် သား ၃ ဦးရှိပြီး စိုးထွဋ်သားတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ စီးပွား ရေး လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ကြပြီး စစ်ကောင်စီရဲ့ တင်ဒါတွေကို လက်ဝါး ကြီး အုပ် ရယူကြပါတယ်။ စိုးထွဋ်ရဲ့သား ၃ ဦးထဲမှာ အဆိုးဆုံး၊ စီးပွားရေး အသောင်းကျန်းဆုံး၊ လူမိုက်လို လူတကာကို ရိုက်နှက် သတ်ဖြတ်မှုတွေ လုပ်ဆောင်သူကတော့ စည်သူထွဋ် ဖြစ်ပါတယ်။ စည်သူထွဋ်ဟာ လက်ရဲဇက်ရဲ မူးယစ် ရမ်းကားသူဖြစ်တဲ့အပြင် သွေးလည်း အင်မတန်ဆိုးလှသူဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်ရဲ့ အရှိန်အဝါနဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့ဝင်တွေသူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့လို အသုံးပြုသလို သူမကျေနပ်တဲ့သူတွေကို ရိုက်နှက် သတ် ဖြတ် ခိုင်းတာတွေလည်း လုပ်ဆောင်ပါတယ်။ မကြာသေးခင်က ဗိုလ်ချုပ်တစ်ဦးရဲ့သားကို စည်သူထွဋ်က ရဲတစ်ဦး စေလွှတ် ပြီး သတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သတ်ဖြတ်မှုက မအောင်မြင်ဘဲ သွားရောက် သတ်တဲ့ ရဲအဖမ်းခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်အတွက် စည်သူထွဋ် သတ်ခ

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

Image
  သက်ထားမောင် 24 February 2023  ၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည် လက်ရှိမြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံ‌ကြီးများဟု ညွှန်းဆိုရလျှင် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ ဖြစ်၏။ ရုရှားကမူ မြန်မာစစ်တပ်ဘက်က ရပ်တည်သူဖြစ်သဖြင့် နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဆန့်ကျင်ဘက်က ရပ်တည်သည့် နိုင်ငံကြီးဖြစ်၏။ နွေဦးတော်လှန်ရေးနှင့် မြန်မာလူထုအတွက် အရေးပါသည်ကတော့ အမေရိကန်နှင့် တရုတ်ဟုဆိုရမည်။ စစ်တပ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် အမေရိကန်က နွေဦးတော်လှန်ရေး အင်အားစုများကို တက်တက်ကြွကြွ ထောက်ခံ၏။ တရုတ်က ပြတ်ပြတ်သားသား တဘက်ဘက်က ရပ်တည်သည့် ရပ်တည်ချက်မပြခဲ့ပေ။ စစ်ကောင်စီကို အကြိုက်ကြီး ဟုတ်လှပုံမပေါ်သော်လည်း နွေဦးတော်လှန်ရေး အစပိုင်းတွင် တွေ့ရသည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင့် တွဲ၍လှုပ်ရှားသည့် Milk Tea Alliance လှုပ်ရှားမှုများကြောင့် သတိကြီးကြီးထားကာ ခပ်မဆိတ်နေပြီး မြန်မာပြည်အခြေအနေကို စောင့်ကြည့်နေပုံရ၏။ သို့သော် အာဏာသိမ်းမှု ၂ နှစ်တင်းတင်းပြည့်သေ

သန်းခေါင်စာရင်း ပြန်လည်ကောက်ယူဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော

Image
၂၄ ဖေဖော်ဝါရီ ၂၀၂၃ BBC ဓာတ်ပုံ ရင်းမြစ်, AFP နောက်ဆုံးသန်းခေါင်စာရင်း ကောက်ယူခဲ့တာ ဆယ်နှစ်နီးပါးကြာပြီဖြစ်လို့ စာရင်းဇယားအချက်အလက်တွေ မှန်ကန်စေဖို့အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူဖို့ လိုမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဝင်အသစ်တွေနဲ့ ပထမဆုံးလုပ်တဲ့အစည်းအဝေးမှာ ထည့်ပြောပါတယ်။ ဒီလိုပြန်လည်ကောက်ယူမှသာ မဲစာရင်းတွေကို မှန်ကန်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌက ချိတ်ဆက်ပြောဆိုပြီး မဲစာရင်းမှန်အောင် လိုအပ်တာတွေလုပ်ဖို့ အချိန်လိုနေသေးတယ်လို့ သူကပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေ တိကျမှန်ကန်မှု အားနည်းနေမယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တာဖြစ်လို့ လာမယ့် ၂၀၂၄ မှာ သန်းခေါင်စာရင်းပြန်ကောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ နိုင်ငံရေးပါတီတွေအတွက် လုံလောက်တဲ့ အချိန်တစ်ခုပေးဖို့ လိုအပ်နေသေးသလို နိုင်ငံရေးပါတီတွေနဲ့ ပါတီဦးဆောင်သူတွေရဲ့ အခြေအနေကို ပြည်သူတွေ

ပတ်စ်ပို့ Online Booking ပထမဆုံးနေ့ လျှောက်သူများပြီး ဝက်ဘ်ဆိုက်ဝင်မရသဖြင့် အခက်ကြုံ

Image
Published By lusane | 24 February, 2023 DVB တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို အချိန် ၁ လကျော်ကြာ ပိတ်ခဲ့ပြီးနောက် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ ပတ်စ်ပို့လုပ်မယ့်သူတွေဟာ အွန်လိုင်းကတဆင့် လျှောက်နိုင်ပြီး ပထမဆုံး ဖွင့်နေ့မှာပဲ လျှောက်တဲ့သူ များတာကြောင့် ဝက်ဘ်ဆိုက်ဝင်မရတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ အွန်လိုင်းကတဆင့် ကိုယ်တိုင် လျှောက်ထားသူ တဦးကတော့ မနက် ၇ နာရီလောက်ကတည်းက ပတ်စ်ပို့ရုံး ဝက်ဘ်ဆိုက်မှာ လျှောက်ဖို့ စောင့်ဆိုင်းခဲ့ပြီး၊ လျှောက်တဲ့သူ များတာကြောင့် မနက် ၁၀ နာရီလောက်မှာ ဝင်လို့ ရတယ်လို့ ပတ်စ်ပို့ လျှောက်ထားသူတဦးက ပြောပါတယ်။ "ခက်တယ်ဆိုတာ တော်တော်ဝင်ရတယ်။ အကြာကြီး ထိုင်စောင့်ပြီးတော့ Refresh ထိုင်နှိပ်နေရတာ သူ့ ပေ့ချ်ကို။ ကျနော်တို့ နာမည်နဲ့ အီးမေးလ် ဝင်ပြီးတော့ ဟိုဘက်ကို ထပ်သွားဖို့ တော်တော်ကြာတာ စောင့်ရတာ။ ကိုယ်ရေးအချက်အလက်က ၃ ဆင့်လောက် ဖြည့်ရတယ်။ အကုန်ဖြည့်စရာ မလိုဘူး။ ပြီးရင် Application Form လေးဖြည့်ပြီး ယူသွားရုံပဲ။ လိုအပ်တာတွေပဲ ဖြည့်ပေါ့။ ငွေက ၃ သောင်းခွဲ၊ အပြီးအစီး ချေပြီးတာ။ ထပ်ပေးစရာ မလိုဘူး။ အရင်ကလည်း QR တင