Posts

အသားထဲကလောက်ထွက်သူ

Image
~~~~~~~~~~~~~~~~~~~~ ဒီဆောင်းပါးကိုကွီးဖြိုးကနေစရမှာပဲ၊ဒါကလဲဥပမာ ပေးချင်လို့ပါ၊ ကွီးဖြိုးဇနီးကို နှိပ်စက်မယ် မုဒိန်းကျင့် မယ်၊ သေတဲ့အထိနှိပ်စက်မယ်ဆိုလို့ ထွက်ဆိုရတာပါ လို့သတင်းတက်ဖူးသလို သူ့ဇနီးကအဆိပ်သောက်ဖို့ ကြိုးစားခဲ့တယ်လို့လဲကြားရတယ်၊ကွီးဖြိုးဇနီးရဲ့မိသား စုနဲ့ဒေါ်စုကြားမှာခိုင်မာတဲ့ဆက်ဆံရေးတခုရှိခဲ့တယ်၊ ဒါကလဲ တိုးလွင်နဲ့နိုင်းယှဉ်ပြချင်လို့၊  တိုးလွင်ခြံခုန် တာကပုံစံတမျိုးဖြစ်နေလို့ပါ၊ တိုးလွင်မိန်းမစုစုထွေးက Great Light private school  ရဲ့ လက်ရှိကျောင်းအုပ်ပါ၊ဒီကျောင်းဖွင့်ရဖို့ NLD ဗဟိုအလုပ်အမှုဆောင် တိုးလွင်အနေနဲ့ အပေးအယူ တွေလုပ်ခဲ့ရတယ် စန္ဒာမင်းနဲ့အတူဒေါ်စုကိုတွေ့ပြီး စကစခိုင်းတာလုပ်တယ် (ကွီးဖြိုးနဲ့သူဘာကွာလဲ) စကစခိုင်းဖတ်ချင်းတူပါတယ် နောက်တခု CEC၆ယောက်ကိစ္စ၊ အောင်စိုးက  တင်္နသာရီဝန်ကြီးချူပ်လှလှမော်ကိစ္စနဲ့ပါတ်သက်လို့ ထုတ်ပယ်ထားတာကြာပြီ၊ သူကထည့်ရေးထားတယ် အောင်စိုး၊တိုးလွင်၊စန္ဒာမင်း သူတို့တွေပေါင်းပြီး NLD ကို မင်းအောင်လှိုင်အကြိုက် အသက်သွင်းကြဖို့ကြံနေ ကြတာပါ၊ တိုးလွင် ရဖြူဂျီခံဖူးလား ~~~~~~~~~~~~~~~~~ ခုန်ချပြီးတော့ကိုခံဖူးတာပါ၊ ဒီနေရာမှာအပြစ်ပြောတာမဟုတ်ပါ သူ့စကားနဲ့သူ့ကို

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

Image
RFA ■ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က အသက် ၂၈ နှစ်အရွယ် မမေဇွန်မိုးဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးနောက် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန် သူနာပြု သင်တန်းကျောင်းကနေ အောင်လက်မှတ်ရရှိခဲ့သူပါ။ အဲဒီအချိန်ကစလို့ အသတ်မခံရခင်အချိန်ထိ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်တဲ့ သူနာပြုအလုပ်ကိုပဲ သူ လုပ်ကိုင်ခဲ့ပါတယ်။  အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မမေဇွန်မိုးဟာ စိတ်ထားနူးညံ့တဲ့ နှလုံးလှ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင်တော့ ရပ်တည်ချက်နဲ့ ခံယူချက် ခိုင်မာပြတ်သားသူ ဖြစ်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အုတ်ဖိုမြို့နယ်ကနေ အစောဆုံး CDM ဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ ဒီကာလတွေအတွင်း သူက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မကြာခဏ ဆေးလာကု ပေးလေ့ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက် ညက ပဲခူးရိုးမပေါ်က PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို မီးဖွားပေးပြီးအပြန် အုတ်ဖို မြို့နယ်

“ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်”

Image
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၃)ရက်နေ့ နေ့စွဲပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အရ ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှထုတ်ပယ်လိုက်သည်။  ဗဟိုအလုပ်အမှုဆောင်ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင် နှင့် ဦးတိုးလွင် စုစုပေါင်း လေးဦးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ သတင်းဖော်ပြချက်အရ အဖွဲ့ချုပ်၏ မူဝါဒနှင့်ရပ်တည်ချက်များကို ၎င်းတို့က ဆန့်ကျင်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသောကြောင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ပြီး ၎င်းတို့သည် အဖွဲ့ချုပ်ပါတီနှင့် မည်သို့မျှ မသက်ဆိုင်တော့ ကြောင်းကို အသိပေး ကြေညာထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

Image
ရန်ကုန်၊ မတ် ၃ ခေတ်သစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး အပါအဝင် မြန်မာ့ အရေး ချမှတ်ထားသော  ဆုံးဖြတ်ချက်များကို  စစ်ကောင်စီက လိုက်နာမှု ရှိ၊ မရှိ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်ဖြစ်ကြောင်း သိရှိရသည်။  ကုလမသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်များတွင် မတ်လ ၁၅ ရက်နေ့မတိုင်မီ  ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိ အစီရင်ခံ ရမည်ဟု တရားဝင် သတ်မှတ်ထားရာ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မတ် လ ၁၃ ရက်နေ့တွင် နှုတ်ဖြင့် လုံခြုံရေးကောင်စီသို့ တင်ပြမည်ဟု သိရှိရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။  "အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကုလသ မဂ္ဂ လုံခြုံရေးကောင်စီမှာ  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အဆိုတစ်ခုချခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်က သိတဲ့အတိုင်း မြန်

မေ့လျော့မခံရသေးပေမဲ့ လျစ်လျူရှုခံနေရတဲ့ မြန်မာနိုင်ငံကစစ်ပွဲ

Image
မြန်မာနိုင်ငံမှာရက်စက်တဲ့ပြည်တွင်းစစ်ကို စတင်စေခဲ့တဲ့ ရက်စက်တဲ့စစ်အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာမှာ ပဋိပက္ခအပေါ် ကမ္ဘာကြီးက မျက်စိမှိတ်ထားလိုက်ပြီလို့ လူအများအပြားက ယုံကြည်နေကြပါတယ်။ ကမ္ဘာ့မေ့လျော့ခံစစ်ပွဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး တွမ်အန်ဒရူးက ပြီးခဲ့တဲ့လမှာခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။  ပြီးခဲ့တဲ့ဇန်နဝါရီ ၃၁ ရက်၊ အာဏာသိမ်းမှု ၂ နှစ်မပြည့်မီ ၁ ရက်အလိုက စီအန်အန်သတင်းဌာနရဲ့သတင်းခေါင်းစဉ်တခုမှာလည်း “ကြောက်မယ်ဖွယ်ရာအခြေအနေသို့ မြန်မာနိုင်ငံဆင်းသက်နေသော်လည်း ကမ္ဘာကြီးမျက်နှာလွှဲထား”လို့ ပါဝင်နေပါတယ်။ ဒါဟာ လက်ခံမှုမြင့်တက်လာတဲ့ ဘုံခံယူချက်တခုဖြစ်ပေမဲ့ အဲဒီအချက်မှာ ကောင်းကျိုးဘယ်လောက်ရှိနေပါသလဲ။  အာဏာသိမ်းခံရပြီး သီတင်းပတ်တွေလောက် ဒီနေ့မြန်မာနိုင်ငံကို နိုင်ငံခြားနိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေ စိတ်မဝင်စားဘူးဆိုတဲ့ပြောဆိုမှုဟာ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းမှာ နေတိုးတပ်ဖွဲ့တွေပြန်ဆုတ်သွားပြီးနောက် နိုင်ငံအာရုံစိုက်မှု မြန်မြန်ဆန်ဆန်ရခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကဖြစ်ရပ်တွေ၊ ဆီးရီးယား၊ ယီမင်နဲ့ အာဖရိကအရှေ့ပိုင်းက ပိုဆိုးလာတယ်လို့ ငြင်းခုန်ပြောဆိုရနိုင်တဲ့ ဖြစ်ရပ်တွေကြော

ညွှန်ချုပ်ဟောင်းတစ်ဦးပိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက် ကွဲ

Image
ဧရာဝတီတိုင်းမ် မတ်လ ၁ ရက်  ဆည်မြောင်းညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင် ဆိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ‌ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ည ၈ နာရီခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  "ဗုံးပေါက်တာတော့ ကြားတယ် အထိခိုက်ရှိမရှိတော့ မသိရသေးဘူး၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ထုတ်ပြန်တာမရှိသေးဘူး။ ကျွန်တော်တို့လည်းစုံစမ်းနေဆဲပါ၊ မနက်လောက်တော့သိရမယ်ထင်တယ် "ဟု ဒေသတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။  အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေပေ။  ဖေဖော်ဝါရီ ၂၈  ရက်နေ့ကလည်း ဇမ္ဗူသီရိမြို့နယ် ၊ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဌဟောင်း ဦးမြငြိမ်း၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်တိုက်ခိုက်ခံရပြီး အိမ်အမိုးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်မျာ

စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား

Image
Author လင်းခိုင် သတင်း Published on Mar 02, 2023  စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးရည်မွန်မှ Radio NUG မှ PDF များကို မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလသည် PDF တပ်မတော်အတွက် ဂုဏ်ယူစရာ လတစ်လဖြစ်ကြောင်း၊ အဆိုပါလအတွင်း စစ်ကိုင်းနှင့် စစ်ဒေသ ၃ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များလက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တပြိုင်နက် ဟန်ချက်ညီညီ စစ်ဆင်မှု အကြိမ် ၇၀ တိတိဖော်ဆောင်နိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ “တိုက်ပွဲဖော်ဆောင်ရာ ဒေသတွေက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူူး နှင့် နေပြည်တော်တို့ဖြစ်တယ်။ တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကို ၂၄ နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ခဲ့ကြတာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။ အဆိုပါ စစ်ဆင်ရေးများသည် စစ်ကောင်စီ လေတပ်စခန်း ၂ ခု၊ ရဟတ်ယာဉ် ကွင်း ၁ခု၊ တပ်မဌာနချုပ် ၁ခု၊ အထိုင် နောက်တန်းစခန်း ၂၆ခု၊ ရဲစခန်း ၉ ခု၊ ရန်သူ့စစ်ကြောင်း ၂ခု၊ ပျူစောထီးစခန်း ၁၅ ခုတို့ ဖြစ်ကြောင်

ပုသိမ်ထောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ကျဉ်း ၆၀ အား ခြေချင်းခတ်ထား၊ ထောင်ပိုင်မှ အရက်မူးတိုင်း မကျေနပ်သူများကို ရိုက်နှက်နေ

Image
Author လင်းခိုင် Published on Mar 01, 2023  ပုသိမ်ထောင် တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ကို ခြေချင်းခတ်ထားပြီး၊ ထောင်ပိုင်မှ အရက်မူးတိုင်း ယင်းမကျေနပ်သည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုများပြုလုပ်နေကြောင်း အကျဉ်းသားအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ “ညွှန်မှူးက ညဘက် အရက်မူးပြီး ပြန်လာတာနဲက သူမကျေနပ်တဲ့သူတွေကို ဆွဲထုတ်ပြီးပါးရိုက်တယ်။ မင်းလား ကဗျာဆရာ၊ မင်းလား တော်လှန်ရေးသမားဆိုပြီး အော်အော်ရိုက်တာ” ဟု ဆိုသည်။ ထိုကဲ့သို့ ထောင်ပိုင်မှ စိတ်မထင်သလို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းထွန်းနိုင်သည် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် အပြင်းအထန် နာကြင်ကာ ဖူးယောင်ဒဏ်ရာများ ရရှိထားကြောင်းလည်း သိရသည်။ ထို့ပြင် ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့် ခြေဆစ်၊ လက်ဆစ်လွဲသူများ၊ အသားကျေသူများ၊ ချိနဲ့နေသူများ၊ ကျန်းမာရေး ဆိုးရွားစွာခံစားရသူများရှိနေပြီး၊ အနည်းဆုံး ၅ ယောက်မှ ၁၀ ယောက်ခန့်ရှိနေကြောင်း CJ Platform ၏ သတင်းရင်းမြစ်က ဆိုသည်။ ယင်းအပြင် ပုသိမ်ထောင်၏ ထောင်ဝင်စာကိုလည်း ဇန်နဝါရီ ၅ ရက်မှ စတင်ပိတ်ထားပြီ

မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေး အပ်၊

Image
သန်းရွှေ မိန်းမ ကြိုင်ကြိုင် အပါအဝင်   စစ်ဗိုလ်ချုပ်ဟောင်းနဲ့ ခေါင်း ဆောင် ဟောင်း မိန်းမ တွေကိုလည်း ဘွဲ့တွေ ပေးပြန် ရန်ကုန်၊ မတ် ၂  ခေတ်သစ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့မိန်းမ ဖြစ်တဲ့ ကြူကြူလှကို အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေးအပ်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။  သူ့မိန်းမ ကြူကြူလှ အပြင် စစ်အာဏာရှင်ဟောင်း သန်းရွှေ မိန်းမ ကြိုင်ကြိုင်၊ ဒုစစ်ခေါင်းဆောင်ဟောင်း မောင်အေး မိန်းမ မြမြစန်း၊ သမ္မတဟောင်း သိန်းစိန် မိန်းမ ခင်ခင်ဝင်း၊ ယာယီသမ္မတ မြင့်ဆွေ မိန်းမ ဒေါ်ခင်သက်ဌေး၊ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ အတွင်းရေးမှူး ၂  ဗိုလ်ချုပ်တင်ဦး မိန်းမ ဒေါ်သန်းသန်းနွဲ့၊ ဒုသမ္မတ စိုင်းမောက်ခမ်း မိန်းမ ဒေါ်နန်းရွှေမှုံတို့ကို စုစုပေါင်း ၇ ဦးကို မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့က ဘွဲ့တွေ ပေးအပ်တာဖြစ်ပါတယ်။  မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အစည်းအဝေးတွေမှာ ချီးကျူးလေ့ရှိပြီး သူ့မိန်းမ ကောင်းကြောင်း တော်ကြောင်း ထုတ်ပြောလေ့ရှိပါတယ်။  သူ့မိန်းမက ကျောင်းဆရာမဖြစ်ပြီး သူ့ထက် အသက်ကြီးပေမယ့် စည်းကမ်းစနစ်ကျနသေချာသူဖြစ်ကြောင်း အစည်းအဝေးတွေမှာ ထုတ်ပြောပြီးနောက် အခုနောက်ဆုံး ဘွဲ့တွ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ

Image
ရန်ကုန်၊ မတ် ၂ ခေတ်သစ် ဒီမိုကရေစီ လိုလားတောင့်တတဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းရာမှာ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီး အမြောက်ပြောင်းတွေကို အိန္ဒိယက ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar(JFM) ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်ပွားနေတဲ့ တော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် အချိန်နဲ့အမျှ လုံးပမ်းနေရပါတယ်။ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကို အကန့်အသတ် မရှိ အသုံးချကာ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေရတာကြောင့်  မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုမှုတွေလည်း နိုင်ငံတကာမှာ မြင့်တက်လို့ လာနေပါတယ်။ ဒီလို အခြေအနေတွေကြားက အိန္ဒိယဟာ စစ်ကောင်စီအတွက်  အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိတဲ့ အမြောက်ပြောင်းတွေကို ရောင်းချရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။   ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ထုတ်လုပ်တဲ့ Yantra India Limited ကုမ္ပဏီက ၁၂၂ မီလီမီတာ အမြောက်ပြောင်း ၂၀ ကို မြန်မာစစ်တပ်ဆီ ပေးပို့ခဲ့ကြောင်း  သင်္ဘောအသွားအလာ အချက်အလက်တွေကို အခြေ