Posts

လေးကေ့ကော်နဲ့ ကော့ကရိတ် တောင်ပိုင်းတခွင်က စခ တွေ ၃ရက်အတွင်း ဆုတ်ရန်

Image

မအလ အလိုကျ ပူးပေါင်း လိမ်လည်တဲ့ ဖြိုးဇော်ငြိမ်း

Image
​ အဲဒါ အနိုင်ရခြင်းလား… *** မနေ့ကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ပတ်သက်ပြီးတော့ တရားရုံးက စွဲချက်တင်ဖို့ အမိန့် ချတယ်။  သဘောက အဂတိ လိုက်စားပါတယ် ဆိုပြီးတော့ ဆရာ့အပေါ် စွပ်စွဲထားတဲ့ အမှု ငါးမှုစလုံးကို စွဲချက်တင်တယ်ပေါ့။  *** ဒီနေရာမှာ လူတွေဟာ လူနဲ့မတူအောင်ကို ယုတ်မာလာပြီ ဆိုရင် ဘယ်လိုတွေတောင် ယုတ်မာကြတယ်ဆိုတာကို ပြောပြချင်တယ်။  *** ဆရာဇော်မြင့်မောင်ကို အဂတိ လိုက်စားပါတယ် ဆိုပြီး အမှုတွေဆင်၊ စွပ်စွဲမယ့်သာ စွပ်စွဲတာ၊ တကယ်တမ်း ဆရာ့ ဘဏ်အကောင့်ကို စစ်ကြည့်တော့ ဘဏ်ထဲမှာ လစာငွေကလွဲပြီး တခြား ဘာငွေမှ ရှိမနေဘူး။ မရှိဆို ဘယ်ကမှ ဘာကိုမှ မဟုတ်တာ လုပ်ပြီး ရယူခဲ့တာမှ မရှိတာကိုး။  ဒါပေမယ့် ဘယ်လိုတွေ ကောက်ကျစ်ကြသလဲ ဆိုတော့ မန္တလေးတိုင်း အစိုးရ ရုံးအဖွဲ့မှူး ဖြိုးဇော်ငြိမ်း ဆိုတဲ့ ပုဂ္ဂိလ်ရဲ့ အမျိုးသမီး မွှေးမွှေးဘဏ်အကောင့်ထဲမှာ ကျတော့ ငွေတွေက သိန်းကို သောင်းနဲ့ ချီပြီးတော့ ရှိနေတယ်။ ဖြိုးဇော်ငြိမ်း ဆိုတာက ဟိုအရင် သိန်းစိန်လက်ထက်ကတည်းက အဲဒီ ရာထူး၊ NLD လက်ထက် ရောက်တော့လည်း အဲဒီရာထူးပေါ့လေ။  ဖြိုးဇော်ငြိမ်းရဲ့ မိန်းမ မွှေးမွှေးဆိုတာက ငွေလဲတဲ့ လုပ်ငန်း လုပ်တယ်။  *** အခု ဒီလိုတွေ

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

Image
​ “ယူကရိန်း အတွက် လေယာဥ်တွေ ဂျာမနီအခြေစိုက် လေတပ်စခန်းကနေ တဆင့် ပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက် လက်တွေ့ အကောင်အထည် ဖော်ဖို့ခက်၊ ဘယ်လိုနည်းနဲ့ ယူကရိန်းလက်ထဲ ထည့်နိုင်မလဲ ဆက်ဆွေးနွေးကြမယ်” ဂျွန်ကာဘီ- ပင်တာဂွန်ပြောခွင့်ရ  အမေရိကန် ကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပိုလန်က သူတို့ လေယာဥ်တွေကို ယူကရိန်းထံ တိုက်ရိုက် မဟုတ်ပဲ အမေရိကန်ဆီ လွှဲပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ဟာ လက်တွေ့ လုပ်ဆောင်ဖို့ရာ ခက်လှတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ပြောထားသလိုပါပဲ။ ပိုလန်ပိုင် လေယာဥ်တွေကို ယူကရိန်းကို ပေးဖို့ မပေးဖို့ဆိုတာ ပိုလန်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်။ ပိုလန်ရဲ့ ကမ်းလှမ်းချက်ထဲမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဂျာမနီအခြေစိုက် အမေရိကန်/နေတိုး လေတပ်စခန်းကနေ တိုက်လေယာဥ်တွေ ပျံတက်ပြီး  ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတာတွေကို အံတုဖို့ ပေးတယ် ဆိုတဲ့ ကမ်းလှမ်းမှုဟာ နေတိုး မဟာမိတ် တစ်ဖွဲ့လုံး အတွက် စိုးရိမ်မှုတွေ အလေးအနက် ပေါ်ပေါက်လာစေပါတယ်။ ပိုလန် အပါအဝင် တခြား နေတိုးအဖွဲ့ဝင် မဟာမိတ်တွေနဲ့ကြား ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေး ညှိနှိုင်းသွားပါ့မယ်။ လေယာဥ်တွေကို ယူကရ

ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားဖို့ ငြင်းဆန်

Image
​ ယူကရိန်းစစ်ပွဲ ပြင်းထန်လာတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။  ပင်လယ်ကွေ့နိုင်ငံတွေဟာ ရေနံထုတ်လုပ်တင်ပို့မှုကြီးမားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး လက်ရှိအချိန်မှာ ရုရှားက ရေနံဝယ်ယူရောင်းချမှုတွေကို ရပ်ဆိုင်းပြီး ရေနံဈေးနှုန်း မြင့်မားလာခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းအတွင်း ယီမင်နိုင်ငံက စစ်ပွဲမှာ ကူညီထောက်ပံ့မှုမရှိတာနဲ့ အီရန်နိုင်ငံနဲ့ နျူကိစ္စဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ကြိုးစားတာတွေကြောင့် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေး အထစ်အငေါ့ဖြစ်ရတာ ဖြစ်နိုင်ကြောင်း အမေရိကန် အစိုးရအရာရှိတွေက သုံးသပ်ကြပါတယ်။ ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်မှုအပေါ် အမေရိကန်အပါအဝင် နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပေမယ့် ကြားနေလိုတဲ့နိုင်ငံတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတွေက သူတို့အနေနဲ့ ရုရှားက ဦးဆောင်နေတဲ့ ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့က သတ်မှတ်သဘောတူထားတဲ့ ပမာဏထက် ပိုမိုထုတ်လုပ်ရောင်းချဖို့ မရှိဘူး

နိုင်ငံတကာအစိုးရများထံမှ အကူအညီရရေး ကြိုးပမ်းနေဟု NUG ဝန်ကြီးပြော

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် DVB | 7 March, 2022 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တော်လှန်ရေးအတွက် မဟာဗျူဟာကျကျ ဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။ “ဒီတော်လှန်ရေးမှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေကနေ အခုထိ တကျပ်တပြားမှ အကူအညီ မရသေးပါဘူး။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးစွန်တဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် ရွာလုံးကျွတ်မီးရှို့ခံရတာတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာတွေ၊ နယ်မြေဒေသတခုလုံး စစ်ဘေးရှောင်ရတာတွေ၊ စစ်ပြေးဒုက္ခခံစားရတာတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ကရင်နီမှာ၊ လေးကေ့ကော်မှာ၊ စစ်ကိုင်းမှာ၊ မကွေးမှာ၊ ချင်းမှာ ရွာလုံးကျွတ်ပြာကျပြီး ပြည်သူလူထုခမျာ အတိဒုက္ခ ရောက်နေကြရပါတယ်။ ဒါတွေနဲ့ စပ်လျဉ်းပြီး NUG အစိုးရအနေနဲ့ ရသမျှ ဘတ်ဂျက်ထဲကနေ နိုင်သလောက်၊ စွမ်းသလောက် အားဖြည့်ကူညီပံ့ပိုးကုစားနေကြရပါတယ်။ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရတွေဆီကနေလည်း အကူအညီ အထော

​ရုရှားရဲ့ စွမ်းအင်လောင်စာကဏ္ဍကို အမေရိကန်၊ ဗြိတိန်၊ အီးယူ ချိန်ကိုက် ပိတ်ဆို့မှုတွေ ချမှတ်

Image
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုဆိုရင် ရုရှားရဲ့ စွမ်းအင်ကဏ္ဍ အပေါ်မှာပါ ပိတ်ဆို့ အရေးယူမယ့် အစီအစဥ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂအဖွဲ့ အီးယူတို့ ကြေညာလာပြီ ဖြစ်ပါတယ်။ ရုရှားရဲ့ လောင်စာဆီရော သဘာဝဓာတ်ငွေ့ကိုပါ သမ္မတဘိုင်ဒင် အစိုးရက အမေရိကန် နိုင်ငံထဲ တင်သွင်းခွင့် ပိတ်လိုက်ပါတယ်။ ဝါရှင်တန်ဘက်က အခုလို အရေးယူ ဆောင်ရွက်တာဟာ ပူတင်ဦးဆောင်တဲ့ မော်စကို အစိုးရကို ပြင်းပြင်းထန်ထန် အထိနာစေလိမ့်မယ် သမ္မတ ဘိုင်ဒင်က ပြောပါတယ်။ “ရုရှားဘက်က အရင်းအနှီးတွေ ကြီးကြီးမားမား ပေးဆပ်ပြီး သူတို့ ကျူးကျော် နေတဲ့ လုပ်ရပ်ကို အရှေ့ဆက်ကောင်း ဆက်ပါလိမ့်မယ်။ ဒါပေမယ့် ယူကရိန်းဟာ ဘယ်တော့မှ ပူတင်ရဲ့ အောင်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။  ပူတင်ဟာ ယူကရိန်း နိုင်ငံကို ဘယ်တော့မှ မထိန်းချုပ် နိုင်စေရဘူး။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပေါ် ပူတင် ကျူးလွန် စော်ကားနေတာတွေကို အမေရိကန် ပြည်သူတွေက ချက်ခြင်းလက်ငင်း မတုန့်ပြန်ဘူး ဆိုရင်၊ နောင်မှာ ပိုပြီး အဆုံးအရှုံး ကြီးလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ဟာ ရဲဝံ့လှတဲ့ ယူကရိန်း ပြည်သူတွေ သူတို့ တိုင်းပြည်အတွက် သူတို့ တိုက်ပွဲဝင်နေတာ

မြေအောက်ရထားတွင် အေးရှားပါးကို ဘရိတ်ဓားဖြင့် ဆွဲခွဲသူ၊

Image
​ နယူးယောက် အိမ်ရာတိုက်ခန်းက တနှစ်ကျော် အေးရှားမုန်းတီးရန်စခဲ့သူ အော့ကြောလန်တဦး ဖမ်းဆီးခံရခြင်းနှင့် ဖီလာဒယ်လ်ဖီးယားက အေးရှာမိသားစု ဓားထိုးခံရမှု ********************** မတ်လ ၈။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ မတ်လ (၆) ရက်နေ့က အေးရှား မိခင်နှင့် သားနှစ်ဦး ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ဖီလာဒယ်လ်ဖီးယားတွင် မေဖဲယား ရပ်ကွက်အနီး ဖြစ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်ကဟုသိရသည်။ သားဖြစ်သူ ၁၅ နှစ်အရွယ်မှာ ဦးခေါင်းနောက်ဘက်တွင် ဓားဒဏ်ရာနှစ်ချက် ထိုးနှက်ခံခဲ့ရပြီး ၁၀ နှစ်သား ညီဖြစ်သူမှာလည်း ခေါင်းနောက်ကျောတွင်တချက်၊ ဘယ်ဘယ်ခြေထောက်တွင် တချက် ထိုးနှက်ခံခဲ့ရသည်။  အမေဖြစ်သူ (၃၀) ကျော်ခန့်မှာမူ ကိုယ်ခနြွာတွင် အချက်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရပြီး အရေးပေါ်ခန်းတွင် စိုးရိမ်ရသော အခြေနေတွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ သားနှစ်ဦးအခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရဟုသိရှိရသည်။ အိမ်နီးနားချင်းများပြောကြားချက်အရ ဖြစ်ပွားသည့်နေရာမှာ အတိုက်ခိုက်ခံရသူ မိသားစု၏ အိမ်အရှေ့တွင်ဖြစ်ပြီး သားဖြစ်သူနှစ်ဦးမှာ မိခင်ဖြစ်သူကို ဓားထိုးမှုရန်က ကာကွယ်ရင်း အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့် အလုပ်အတူလ

ဒေါ်လာသန်းချီ လက်နက်များ

Image
​ စစ်ပွဲတွေမှာ အရပ်သားတွေသေတာ ဗုံးကြဲခံရတာ ဟာ အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီနည်းကို ဆီးရီးယားမှာသုံးသလို မြန်မာပြည်နဲ့ ယခုယူကရိန်းမှာလဲ သုံးနေတာ အားလုံးတွေ့ရမှာပါ။ အီရတ်မှာ အမေရိကန်စသိမ်းစဉ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးက Shock and Awe လို့တောင်သုံးခဲ့ပါတယ်။ အာဖဂန်မှာလဲ ထို့အတူ ဆိုဗီယက်နဲ့ အမေရိကန်က ဗုံးကြဲ၊ အမြောက်နဲ့ပစ်တိုက်ခဲ့တာပါဘဲ။ ရည်ရွယ်ချက်က ဗုံးကြဲရင် အဆောက်အအုံတွေပျက်မယ် လမ်းပန်းဆက်သွယ်ရေးတွေပျက်မယ်။ လူတွေစိတ်ဓာတ်ကျမယ်ပေါ့။ ဒါပေမယ့် ဒီစစ်ပွဲတွေရဲ့ ကုန်ကျစရိတ်က အင်မတန်ကြီးပါတယ်။ အင်မတန်ချမ်းသာတဲ့ အမေရိကန်တောင် ရေရှည်မတတ်နိုင်ပါ။ ဒါကြောင့်အာဖဂန်က ဆုတ်ရတာပါ။ ပြီးခဲ့တဲ့အပတ်က စစ်ကိုင်းကရွာအချို့ကို ဝင်စီးတာ အားလုံးမှတ်မိမှာပါ။ ဒါကသတင်းမရရင် ဝင်စီးလို့မရပါ။ ပထမဆုံးက သတင်းလုံခြုံမှုမရှိလို့ သူတို့ကရသွားပြီး ဝင်စီးတာပါ။ ပုံမှန်အားဖြင့် ဝင်စီးရင် ရဟတ်ယဉ် သုံးစီးကနေ လေးစီးအထိသုံးလေ့ရှိပါတယ်။ နှစ်စီးက ရဟတ်ယာဉ်ပေါ်က လူချမယ့်နေရာနားကို ဝိုင်းပစ်တာပေါ့။ ဒီလက်နက်ဖိုးက ဒေါ်လာတစ်သန်းလောက် အနည်းဆုံးကုန်ပါတယ်။ အမြောက်ကတော့ အဝေးပစ်အမြောက်ဆန်ဆို ပိုစျေးကြီးပါတယ်။ လေယာဉ်ပေါ်ကနေ ဗုံးကြဲရပြီဆိုရင် န

မြန်မာဘီယာ ဒဂုံဘီယာကို ဆိုင်းဘုတ်ကြီး​တောင်တင်ပြီးရောင်းရဲ​နေကြတဲ့ဆိုင်​တွေ

Image
​ ဘား​တွေ KTV ​တွေကို ဗုံးခွဲသတိ​​ပေးတယ်ဆို​​​​တော့ ဟာဒီ​ကောင်​တွေ လက်လွန် ကြက်သွန်​တွေလုပ်ကုန်ပြီလား မဟုတ်​သေးပါဘူးဆိုပြီး သတင်းဖတ်ကြည့်လိုက်တာ မြန်မာဘီယာ ဒဂုံဘီယာကို ဆိုင်းဘုတ်ကြီး​တောင်တင်ပြီးရောင်းရဲ​နေကြတဲ့ဆိုင်​တွေကိုတဲ့... ခုချိန်မှာ စစ်တပ်နဲ့ နှီးနွယ်ထုတ်ကုန်​​​တွေ ဒီလို​ရောင်း​နေ​သေးတာဟာ စစ်တပ် အတွက် ကျည်ဆန်နှင့်ရိက္ခာ ဝယ်ယူ​ရေး ရန်ပုံ​ငွေလုပ်ငန်းလို့ နာမည်တည့်တည့်မတပ်ရုံပဲရှိတယ်... ဒါနဲ့ထပ်စဉ်းစားမိပြန်​​​တာက ဒီလိုဆိုင်​တွေမှာ ​​ငွေကုန်​ကြေးကျခံ ​သောက်စားပြီး ပြည်သူကိုပစ်ဖို့ကျည်ဆန်ဖိုး​တွေ တကျပ်တပြား တတ်အားသ​ရွေ့​​ထောက်ပံ့​နေတဲ့  နလပိန်းတုံး အတ္တ​​​​ဘော​​တွေလည်း ရှိ​နေ​သေးပါလားဆိုတာပဲ... ​တောထဲမှာ လူငယ်​တွေ​သေ​နေရတယ် ​ထောင်ထဲမှာ လူငယ်​​တွေအကျဉ်းကျ​နေရတယ် စစ်​ကြော​ရေးမှာ လူငယ်​တွေ ​​ကြွေ​နေရတယ် ရွာ​တွေလိုက် မီးရှို့ခံ​နေရတယ် ​​လေယာဉ်နဲ့ ဗုံးကြဲခံ​​နေရတယ်... မြို့​ပေါ်​တွေမှာ​​​တော့ ဘား​တွေ ကလပ်​တွေသွား Shopping Vacation အစုံနဲ့ ​​ပုံမှန် လည်ပတ်နေကြတယ် ​သြော် ဒါ​​ပေမယ့် လူ့သဘာဝပဲ​လေ လူတဦးချင်းစီရဲ့ ​ရွေးချယ်ခွင့်ပဲ သူတို့လည်း စိတ်​ဖြေရာရှာကြံရင်း ရတဲ့နည်းနဲ့ ​ထောက်ပံ့ကြမှာပါ ဒ

ကင်းပုန်းဝပ်နေသော စစ်တပ်က ရဲ ၁ ဦးနှင့်ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်၊

Image
​ ရေစကြိုတွင် ကင်းပုန်းဝပ်နေသော စစ်တပ်က ရဲ ၁ ဦးနှင့်ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်၊ "ကျနော် ရဲတပ်သားပါ" ဟုပြောသည့်ကြားမှ ပစ်သတ်ခြင်းဖြစ်ဟုဆို ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ မကွေးတိုင်း၊ ရေစကြိုမြို့၊ ဖောင်တောင်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင် ကင်းပုန်းဝပ်နေသော စစ်သားများက ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။  မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင်ကင်းပုန်းဝပ်နေသော စစ်တပ်က မသင်္ကာသူ ၂ ဦးတွေ့ရှိသည်ဆိုကာ လိုက်လံပစ်ခတ်ကြောင်း၊ ပစ်ခတ်ခံရသူများမှာ ရဲတပ်သား ဂျော်ကာတိုး အသက် ၂၅ နှစ် (ဘ) ဦးတိုး၊ ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့် အသက် ၆၂ နှစ် (ဘ) ဦးကျော်စိန်တို့ ဖြစ်ကြောင်း သိရှိရသည်။  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့်မှာ ဆီးခုံထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်သား ဂျော်ကာတိုးမှ ဆေးရုံရောက်ရှိစဉ် သေဆုံးသွားကြောင်း ၊ ရဲတပ်သားဂျော်ကာတိုး ပစ်သတ်ခံရမှုအတွက် မိသားစုက မကျေနပ်၍ ရဲစခန်းတွင် အမှုဖွင့်သော်လည်း အမှုဖွင့်လှစ်ခွင့်မပေးကြောင်း သိ