Posts

နျူနည်းပညာရရှိရေး အပူတပြင်းကြိုးပမ်းနေသည့် မင်းအောင်လှိုင်

Image
၂၀ ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီယမ်လောင်စာတောင့်သည် လက်နက်ထုတ်လုပ်ရေးအတွက်ပင် ရည်ရွယ်နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။ Published on  Feb 7, 202 နျူစင်တာဖွင့်ပွဲတွင် ရုရှားအချို့နှင့်အတူ တွေ့ရသည့် အာဏာသိမ်ခေါင်းဆောင်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် မြောက်ကိုရီးယားသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်များ စေလွှတ်ကာ ဖျက်အားပြင်းမဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ခွင့်ရရေး ကြိုးပမ်းခဲ့ဖူးရာ လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း နျူလက်နက်ပိုင်ဆိုင်ရေး စိုင်းပြင်းနေဖွယ်ရှိသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် မင်းအောင်လှိုင်အနေဖြင့်  ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့်နည်းတူ  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ မနေမနားကြိုးပမ်းနေသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၆) က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နျူကလီးယားစင်တာဖွင့်ပွဲကို ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း Rosatom မှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည်။ ရုရှားနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကနဦး

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ခေတ်သစ် မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက် ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် ပခုက္ကူ - ရေစကြို ကားလမ်း တစ်နေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့တွင် စစ်သားများ လိုက်ပါသော ကား၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ရာ  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို နေရာတွင်ပင် သေဆုံးကြောင်း၊  ကားတစ်စီး လွတ်မြောက်သွားပြီး လွတ်မြောက်သွားသော CR-V ကားပေါ်တွင်ပါသွားသော စစ်သား ၃ ဦးမှာ   ဆေးရုံတွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့်  စုစုပေါင်း စစ်သား ၁၀ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။  ပစ်ခတ်တိုက်ခိုက်မှုသည်  ၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက် မရှိကြောင်း  သိရှိရသည်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် ပစ္စည်းများမှာ -  -carbine ၆ လက

ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ)

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသော ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။ ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ခြေလျင်ထွက်လာသော ရဲ ၇ ဦးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲစခန်းအတွင်းမှ ၄၀ မမ ၄ လုံး၊ ၆၀ မမ ၂ လုံး၊ ၈၀ မမ ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force- MNRF ၊ Local Defence Force of Dragon နှင့် ဒေါင်းစစ်သည် Sagaing Region People Defence Forceတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ) https://youtu.be/kyPbKHSMb0gOk

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူ မြို့နယ် တို့တွင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိတော့ဘဲ အင်အားစုဆောင်းမရသဖြင့် စစ်ကောင်စီ အခက်တွေ့နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ခေတ်သစ် စစ်ကိုင်းတိုင်းအတွင်းရှိ  စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် ကြိုးစားသော်လည်း အောင်မြင်မှုမရှိဘဲ အင်အားစုဆောင်းမရတော့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအတွင်း တင်ပြစာအရ သိရှိရသည်။  စစ်ကိုင်းတိုင်းအတွင်းရှိ မြင်းမြို့နယ်တွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့များ ဖွဲ့စည်းရန် အမာခံသတင်းပေးများနှင့် စိတ်ပါဝင်စားသူများကို ကြိုတင်စည်းရုံးရယူထားပြီးဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ၎င်းတို့မှာ အခြေားဒေသများသို့ တိမ်းရှောင်ထွက်ခွာခြင်းများရှိသဖြင့် ပျူစောထီးများ မဖွဲ့စည်းနိုင်ကြောင်း၊ တရားဝင် ဖွဲ့စည်းကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြထားသည်။ အလားတူ မြောင်မြို့နယ်အတွင်းတွင်လည်း ကျေးရွာပြည်သူများ နေထိုင်ခြင်းမရှိသဖြင့် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများ ဖွဲ့စည်းရန် အင်အား မရှိ၍ အခက်အခဲများ ရှိနေကြောင်း၊ လက်ရှိတွင် ပျူစောထီး ဖွဲ့စည်းလိုသော ကျေးရွာမရှိကြောင်း၊ စစ်ကိုင်းတိုင်းမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းလိုသော ကျေးရွာများရှိကြောင်း စာရင်းနှင့်တကွ တင်ပြထားသည်။  "အခုက ပျူစောထီး အဖြစ် လုပ

SSPP နှင့် မွန်ပြည်သစ် ပါတီတို့ကို ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ဖိတ်ခေါ်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ခေတ်သစ်  SSPP နှင့် မွန်ပြည်သစ် ပါတီ ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန်  အမျိုးသား ညီညွတ်ရေး အစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလ က တရားဝင် ဖိတ်ခေါ်လိုက်သည်။  NUGအမျိုးသား ညီညွတ်ရေး အစိုးရ၏ ၅ /၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။  ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ထုတ်ပြန်ချက်အရ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို လိုလားသည့် အင်အားစုများနှင့် လက်တွဲချိတ်ဆက်မည့် အကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် မွန်ပြည်သစ်ပါတီမှ ၇၆ ကြိမ်မြောက်မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များကို အသိအမှတ် ပြုလျက် တိုင်းပြည်၏ အနာဂတ် ဖက်ဒရယ်အရေးအတွက် အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ရန် NUG အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိကြောင်း ယာယီသမ္မတက ဖိတ်ခေါ်သည်။ " အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်ပါတယ်။ စုစည်းမှု၊ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ ကျွန်တော်တို့အကြား တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့တက်ရောက်လာကြတဲ့ ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထေ

မအူပင်မြို့တွင် ဒုဗိုလ်မှူးကြီးနိုင်လွင်က စပါးပွဲစားတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ နီးပါး လာဘ်စားကာ ရွှေတောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်အဖြစ်ခန့်အပ်

Image
နွေဦးမောင် /ဧရာဝတီတိုင်းမ် (မအူပင်)၊ ဖေဖော်ဝါရီလ ၇ ရက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ရွှေတောင်ပေါ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး အသစ်က အုပ်ချုပ်ရေးမှူး ရာထူးရရေးအတွက် G1 ဒုတိယဗိုလ်မှူးကြီး နိုင်လွင်အား ကျပ်သိန်း ၁၀၀ နီးပါး ပေးခဲ့ရကြောင်း သိရသည်။ ရွှေတောင်ပေါ် ကျေးရွာတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှုး အောင်မင်းနိုင်ကို ရာထူးမှဖြုတ်ချပြီနောက် စပါးပွဲစားတစ်ဦးမှာ ၎င်းအုပ်ချုပ်ရေးမှူး ရာထူးရရေးအတွက် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးနိုင်လွင်ထံ ငွေကျပ် ၉၅ သိန်းပေးခဲ့ရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။ "ထောင်က ထွက်လာတဲ့ စပါးပွဲစားတစ်ယောက်ကို အသစ်ခန့်မှာ။ သူ့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှုး ဇင်ဝိုင်းသက်ဦးဆိုသူက ခလရ (၂၇)တပ်ရင်းထဲ ခေါ်သွားပြီး G1 နိုင်လွင်ဆိုသူနှင့်တွေ့ပေးပြီး ပိုက်ဆံပေးခဲ့တာ" ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဒုတိယဗိုလ်မှူးကြီး နိုင်လွင်အား လာဘ်ထိုး၍ အုပ်ချုပ်ရေးမှူးရာထူးရယူခဲ့သူမှာ ရွှေတောင်မှော်ကျေးရွာမှာ စပါးပွဲတစ်ဦးဖြစ်ပြီး ၎င်းမှာ အာဏာသိမ်းပြီး ၃ လအကြာတွင် နိုင်ငံရေးပုဒ်မ

နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

Image
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ယူကေနိုင်ငံ Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် တွေ့ဆုံ ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၃ =============== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေနိုင်ငံ ခရီးစဥ်အတွင်း Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် ယူကေစံတော်ချိန် နံနက် ၁၁ နာရီခွဲ မှ နေ့လည် ၁ နာရီအထိတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့်တွေ့ဆုံခဲ့သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှု အတွင်းတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး UK ပါလီမန်မှ ပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး အစရှိသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာသက်ကိုကိုနှင့် ဦးမောင်မောင်အောင် တို့လည်း တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်းတွင် အခြားသောတာဝန်ရှိသူများ နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသ

နေပြည်တော် စရဖ စစ်ရုံးချုပ်က အမျိုးသမီး တပ်ကြပ်ကြီး/စာရေး ၂ ဦး ထွက်ပြေးနေ၊ တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားလို့သိရ

Image
မြေလတ်အသံ၊ ဖေဖေါ်ဝါရီ ၇၊ ၂၀၂၃။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီတပ် စစ်ရုံးချုပ်အတွင်းက စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ကြပ်ကြီး/စာရေး ၂ ဦး အခုလ ဖေဖော်ဝါရီလဆန်းပိုင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီ တပ်ကြပ်ကြီး/ စာရေးအမျိုးသမီး ၂ ဦးဟာ စစ်ကောင်စီတပ် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ )ရုံးရဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေ ထိန်းသိမ်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်သူတွေဖြစ်ပြီး သူတို့နောက်ကို စစ်ကောင်စီတပ်ရဲ့ အရေးကြီးအချက်အလက်တွေ ပါသွားတယ်လို့ ယူဆပြီး စစ်ခေါင်းဆောင်တွေက တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ နိုင်ငံအနှံ့ တပ်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ "၁ လပိုင်း လစာထုတ်ပြီး နောက်ရက်မှာ ပြေးသွားတာ၊ အစောပိုင်းမှာ သူတိုကိုလိုက်ပြီး ဆက်သွယ်ပြန်ခေါ်သေးတယ်။ ဘယ်လိုမှ ရှာမရတော့ ခွင့်မဲ့ကြေငြာပြီး တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ထိ ညွှန်ကြားထားတယ်လို့ သိရတယ်။ သူတို့ (တပ်ကြပ်ကြီး/စာရေးမ ၂ ဦး)က စရခချုပ်ရုံးရဲ့ အရေးကြီးထိပ်တန်း လျှိဝှက်တွေ ထိန်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အရေးကြီး အချက်အလက်တွေ ပါ

မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းထပ်တိုး

Image
မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ RFA Burmese 2023-02-06 ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားပြည်နယ်တွင် ကျင်းပသည့် Democratic National Committee (DNC) အခမ်းအနားကို တက်ရောက်လာသော သမ္မတ ဂျိုးဘိုင်ဒင်။   AFP မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုးထားတဲ့ ဒီအမိန့်ကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်လိုက်တာပါ။ ဒီအရေးပေါ် အခြေအနေဟာ ဒီလ ၁၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဒီမတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်မှာ သက်တမ်းတိုးလိုက်တာပါ။ ၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၊ အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအတွက် ခုခံကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တရားမဲ့ဖမ်းဆီးတယ်လို့ အမေရိကန်သမ္မတရဲ့

အမေရိကန် သမ္မတ မှ မြန်မာ နှင့် ပတ်သက်၍ နိုင်ငံ လုံခြုံရေး ဆိုင်ရာ အရေးပေါ် အခြေအနေ သက်တမ်းတိုး မင်းအောင်လှိုင်၏ လက်ရှိ အကျပ်အတည်း

Image
၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေမှုများသည် အမေရိကန် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ  အား ထူးထူခြားခြား သာမန်ထက် လွန်ကဲစွာ ခြိမ်းချောက်လာနေမှု ကြောင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က သမ္မတ၏ လုပ်ပိုင်ခွင့် အမိန့် ၁၄၀၁၄ဖြင့် နိုင်ငံအတွက် အရေးပေါ် အခြေအနေအား ၂၀၂၃ ဖေဖေါ်ဝါရီ ၁၀ ရက် နေ့ နောက်ပိုင်း အတွက် သက်တမ်း ထပ်မံ တိုးမြှင့်လိုက်သည်၊ ပုံ သမ္မတ ဂျိုးစက် အာ ဘိုင်ဒင် ဟု ယနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၆ ရက် နေ့စွဲဖြင့် အိမ်ဖြူတော် မှ သတင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။ မင်းအောင်လှိုင်၏ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာကား ယခု ပုံစံအတိုင်း မည်သို့မျှ ဆက်၍ ရေရှည် ရပ်တည်သွား၍ မရ ဖြစ်နေခြင်းပင်။ ဤသည်ကား နိုင်ငံတကာ ဖိအားပေးမှု များ ကြောင့်လည်း မဟုတ်၊ တကမ္ဘာလုံးက အမျိုးသား ညီညွတ်ရေး အစိုးရအား ဝိုင်း၍ အသိအမှတ် ပြုလာကြသည့် တိုင် ၎င်း အနေဖြင့် အာဏာကို စွန့်လွှတ်ကြမည့်သူများ မဟုတ်၊ အဓိက သည် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ တနေ့ထက် တနေ့ အင်အား ကောင်းလာနေသော ကြောင့်ပင် ဖြစ်သည်။ ထိုအရေးကို မဖြေရှင်းနိုင်လေ ပို၍ အင်အား ကောင်းလာလေလေ ဆိုသည့် အကျပ်အတည်းက