Posts

စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေ

Image
  ခမရ   ၄၀၃   မှ   ဒုဗိုလ်မှူးကြီး   ပြည့်ဖြိုးဇော်၊ ဗိုလ်မှူး   သန်းနိုင်အေး၊   ဗိုလ်မှူး   နိုင်နိုင်ဇော်တို့ကို   စစ်တိုက်ရန်   ငြင်းဆန် ပုန်ကန်မှုဖြင့်   ဖမ်းဆီးအရေးယူ ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၅  ခေတ်သစ်   အကြမ်းဖက်စစ်ကောင်စီ၏   ခြေမြန်တပ်ရင်း   ၄၀၃   မှ   ယာယီတပ်ရင်းမှူး   ဒုတိယဗိုလ်မှူးကြီး / ဗိုလ်မှူး   ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊   ဗိုလ်မှူး   နိုင်နိုင်ဇော်တို့ကို   အမိန့်မနာခံမှု၊   စစ်တိုက်ရန်   ပုန်ကန်ငြင်းဆန်မှုဖြင့်   ဖမ်းဆီး   အရေးယူထားကြောင်း   သိရှိရသည်။   ခမရ   ၄၀၃   သည်   တနင်္သာရီတိုင်း၊   ထားဝယ်ခရိုင်၊   သရက်ချောင်းမြို့နယ်အခြေစိုက်   တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU  တပ်မဟာ   ၅   နယ်မြေတွင်   ရှေ့တန်း   တာဝန်ချထားခံရသည့်   တပ်ဖြစ်သည်။   ၂၀၂၂   ခုနှစ်   ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊  KNU  တပ်မဟာ   ၅   နယ်မြေရှိ   မဲသလောက်   စစ်တပ်စခန်းကို KNLA  ၊  PDF  ပူးပေါင်းတပ်များက   သိမ်းပိုက်ခဲ့ပြီး   ယင်းစခန်းကို   ပြန်လည်   သိမ်းယူရန်   ခမရ   ၄၀၃   မှ   ယာယီတပ်ရင်းမှူး   ဒုတိယဗိုလ်မှူးကြီး / ဗိုလ်မှူး   ပြည့်ဖြိုးဇော်၊   ဗိုလ်မှူးသန်းနိုင်အေး၊   ဗိုလ်မှူး   နိုင်နိုင်

မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရာတော်၊ နောင်ကြီးအိုင်ရဲစခန်းကိုလည်း တိုက်ခိုက်

Image
ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၄     ခေတ်သစ် စစ်ကိုင်းတိုင်း၊   မုံရွာမြို့ရှိ   အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( နမခ ) တပ်အတွင်းသို့   ၁၂၀   မမ   လက်နက်   ကြီးများဖြင့်   ပစ်ခတ်တိုက်ခိုက်ခဲ့ရာ   ထိခိုက်ပျက်စီးမှုများ   ရှိကြောင်း  Chindwin Attack Force  မှ   တာဝန်ရှိသူ   တစ်ဦးက   ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့   ပြောကြားသည်။ ယမန်နေ့   ဖေဖော်ဝါရီလ   ၁၃   ရက်   ညနေ   ၆   နာရီခန့်က   အဆိုပါတပ်ဝန်းအား   ၁၂၀   မမ   လက်နက်ကြီး   ၅   လုံးဖြင့်   ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး   နလစ   ၆   ရှိ   အဆောင်များပေါ်သို့   အတိအကျ   ကျရောက်ပေါက်   ကွဲခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေကြောင့်   ထိခိုက်ပျက်စီးမှုအခြေအနေ   မသိရသေးကြောင်း   သိရသည်။ အဆိုပါတိုက်ခိုက်မှုကို   မုံရွာခရိုင်   ပြည်သူ့ကာကွယ်ရေးတပ်မတော်  (Chindwin Attack Force)  တပ်ရင်း   ၂   တပ်ခွဲ   ၄ Fight For People –FFP  မှ   တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး   မုံရွာခရိုင်   ပြည်သူ့ကာကွယ်ရေးတပ်မ   တော် (Chindwin Attack Force)  တပ်ရင်း   ၂   ၊   တပ်ရင်း   ၃   ၊   တပ်ရင်း   ၄   ၏   တပ်ခွဲ၊တပ်ဖွဲ့များ   ထိုးစစ်   ဆင်   တိုက်နေသဖြင့်   အရေးပေါ်လက်နက်ခဲယမ်းများ  

ပုသိမ်မြို့တွင် ဘုရား၊ စေတီပုထိုးများတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သရဲခြောက်ခံရလို့ တပ်ဆုတ်မှုများ ပြုလုပ်ခဲ့ရ

Image
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၁၄ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကော  ပုသိမ်မြို့တွင် ဘုရား၊ စေတီပုထိုးများတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သရဲခြောက်ခံရလို့ တပ်ဆုတ်မှုများ ပြုလုပ်ခဲ့ရ င်စီတပ်အချို့ဟာ တပ်စွဲထားတဲ့ ဘုရား၊ စေတီတွေကနေ သရဲခြောက်ခံရတာတွေကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ တပ်ရုတ်သိမ်းတာတွေ ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းကနေ သိရပါတယ်။  “ သူတို့က နေတာက နေချင်သလိုနေတာလေ၊ မူးလာရင် အဝတ်အစားမဝတ်ဘဲနဲ့ အိပ်တာမျိုးတွေ ဆဲတာမျိုးတွေ လုပ်တော့ မြင်အပ် မမြင်အပ်တဲ့ ပိုင်ရာဆိုင်ရာတွေက ပညာပေးတာမျိုးပေါ့၊ ဘယ်လိုမျိုးလည်း ဆို‌တော့ ညဘက် အိပ်နေရင် မနက် အပြင်မှာရောက်နေတာမျိုးတွေ၊ ခြေထောက်တွေဘာတွေက အကောင်ကြီး ကနေ နောက်နေ့ ဆေးခန်းသွားပြရလောက်အောင် ကိုက်ခဲတာတွေ၊ အဲ့တာမျိုးတွေပေါ့” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။  အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ ရပ်ကွက်တွေထဲ တပ်စွဲထားတဲ့ အမှတ် ၇ ရပ်ကွက်ထိပ်နဲ့ အမှတ် ၈ ရပ်ကွက် မှာရှိတဲ့ ဧရာမင်းဓမ္မာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် ၆ ရပ်ကွက် အထက ၉ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အ

တောင်ကုတ်ရဲစခန်းမှ ရဲအုပ် ဝင်းခိုင်ကို စစ်တပ်က ဖမ်းဆီး

Image
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃  ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းခိုင်ကို ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။ အဆိုပါ ရဲအုပ် ဝင်းခိုင်သည် တောင်ကုတ်-ရန်ကုန်ကားလမ်းမပေါ်ရှိ တောင်ပေါ်ကြီး စစ်ရေးဂိတ်တွင် စခန်းမှူး တာဝန်ဖြင့် တာဝန်ကျနေသူတဦး ဖြစ်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ အမှုကိစ္စဖြင့် လာရောက်စဉ် စကခ (၅) တပ်မဌာနချုပ်မှ စစ်ကောင်စီ တပ်သားများက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။ ၎င်းက “တောင်ကုတ်မြို့မစခန်းကို လာပြီးတော့ ရဲအုပ် ဝင်းခိုင်ကို တပ်က  ဗျူဟာမှူးကိုယ်တိုင် ကားနဲ့လာပြီးတော့ ဖမ်းသွားတယ်လို့ ပြောတယ်။ ဘာကိစ္စနဲ့ ဖမ်းတယ် ဆိုတာတော့ မသိဘူး။ ရဲတွေ ပြောတာက ရဲအရာရှိ တယောက်ကို အဲဒီလိုမျိုး တပ်က အကြောင်းပြချက် မရှိဘဲ ဖမ်းလို့ရသလားဆိုပြီး မကျေမနပ် ဖြစ်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။ ရဲအုပ် ဝင်းခိုင် တာဝန်ကျနေသည့် တောင်ကုတ်-ရန်ကုန်ကားလမ်းမပေါ်ရှိ တောင်ပေါ်ကြီး စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သစ်မှောင်ခို ကား ၃ စီးအား ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များရှိကာ ယင်း ကိစ္စများနှင့်

လူမဝင်သဖြင့် လူဖြည့်နေရသည့် စစ်ကောင်စီ၏ စျေးပွဲတော်

Image
ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသည့် စစ်ကောင်စီ၏ ပြည်ထောင်စုနေ့စျေးပွဲတော်သို့ လူမဝင်သဖြင့် စစ်တပ်က နည်းပေါင်းစုံဖြင့် စည်ကားစေရန် ကြိုးပမ်းနေသည်။  ပြည်သူများက သပိတ်မှောက်ထားသည့် စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို နေ့စဉ် အခမဲ့တိုက်ကာ ဆွဲဆောင်သော်လည်း လာရောက်သူ နည်းပါးသောကြောင့် ဈေးပွဲတော်နောက်ဆုံးနေ့ဖြစ်သော ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် တပ်မိသားစုများကို မော်တော်ယာဉ်များဖြင့် သယ်ပို့ကာ လူဖြည့်တင်းနေသည်ကို တွေ့ရသည်။  ဓါတ်ပုံ - ဝေမျိုး/Myanmar Now

( လှစိုးဝေ) NUG နိုင်ငံခြားရေး ဝန်ကြီးဌာနအား ဝါရှင်တန် တွင် ဖွင့်ပြီ

Image
ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒု တိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။ ယင်းသည် ကွန်ဂရက် မှ မြန်မာပြည်သူများ၏ ဒီမိုကရေစီ အရေး ကို အားပေး ထောက်ခံရန် အတည်ပြုလိုက်သော Burma Act ၏ တစိတ်တပိုင်းလည်း ဖြစ်သည်ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ အမေရိကန် အစိုးရ ပိုင်းမှ တာဝန်ရှိသူ များ တက်ရောက်လာခြင်းသည် မိမိတို့ အစိုးရနှင့် တရားဝင် ဆက်သွယ်လာပြီ ဆိုသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ အမေရိကန် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အူဇရ ဇေရာ မှ Burma Act တွင် ပါဝင်သည့် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် ‌၎င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ အားလည်း ဒေသတွင်း ရှိ နိုင်ငံများမှ အသိအမှတ် မပြုဖို့ လိုသည်ဟုလည်း ပြောကြားသွားခဲ့သည်။ #စစ်အာဏာသိမ်း အဖွဲ့ကို ဆက်ဆံစရာ မလိုတော့သည့် အချိန်ရောက်ပြီ အဆိုပါ ခေါင်းစဉ် ဖြင့် The Diplomat အွန်လိုင်း မဂ္ဂဇင်းတွင် ဆောင်းပါးရှင် ဂျော်ဒ

အမေရိကန်အစိုးရက NUG ကို တရားဝင်ဆက်ဆံမှုပြုလုပ်လာဟု ‌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော

Image
Photo-NUG DVB | 14 February, 2023 တရားဝင်အစိုးရတရပ်အဖြစ်   တရားဝင်ဆက်ဆံမှုလုပ်ဖို့   အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  ရဲ့   တောင်းဆိုချက်ကို   အမေရိကန်အစိုးရဘက်က   လိုက်လျောမှုရှိလာတယ်လို့  NUG  နိုင်ငံခြားရေးဝန်ကြီး   ဒေါ်ဇင်မာအောင်က   ပြောပါတယ်။ မြန်မာနိုင်ငံမှာ   ၂၀၂၁   စစ်အာဏာသိမ်းပြီးနောက်ပိုင်း   အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  နဲ့   စစ်ကောင်စီတို့ဟာ နိုင်ငံတကာက   အစိုးရတရပ်အဖြစ်   အသိအမှတ်ပြုခံရရေးအတွက်   သံတမန်နည်းအရ   အပြိုင်ကြိုးပမ်းခဲ့ကြတာပါ။ အာဏာသိမ်းမှု   ၂   နှစ်ကျော်ကြာလာချိန်မှာ   ရွေးကောက်ခံကိုယ်စားလှယ်တွေ   ဦးဆောင်တဲ့  NUG  ဟာ   နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာ   အသာစီးရလာပြီး   အင်အားကြီးအနောက်နိုင်ငံတွေရဲ့   ပေါ်ပေါ်ထင်ထင်   အားပေးမှုကို   ရရှိလာပါတယ်။ NUG  ကို   အစိုးရတရပ်အဖြစ်   နိုင်ငံတကာက   အသိအမှတ်မပြုသေးပေမဲ့   အမေရိကန်၊   ဥရောပနဲ့   အနောက်အင်အားကြီးနိုင်ငံတွေရဲ့   တရားဝင်ဆက်ဆံမှုတွေ၊   အသိအမှတ်   ပြုတာတွေကို   ရလာတယ်လို့  NUG  နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါ်ဇင်မာအောင်က   ဒေသစံတော်ချိန်   ဖေဖော်ဝါရီ   ၁၃   ရက်   မွန်းလွဲပိုင်းက   အမေရိကန်ပြည်ထ