Posts

ထန်းတပင်မြို့နယ်ရှိ ဘုံမတီချောင်းကူးတံတားအားဖေါက်ခွဲဖျက်စီး

Image
Pearl (NP News) -  ဖေ‌ဖော်ဝါရီ   ၁၉ ပဲခူးတိုင်း၊   ထန်းတပင်မြို့နယ်ရှိ   ဘုံမတီချောင်းကူးတံတားအား   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ   ထပ်မံ   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း   သိရသည်။   ပြီးခဲ့သည့်   ၂ဝ၂၂   ခုနှစ်   ဩဂုတ်လ  ( ၃ဝ )  ရက်၊   ည  ( ၁၁ )  နာရီ၊  ( ၂၅ )  မိနစ်အချိန်ခန့်တွင်   ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့်   သမစိတ္တကျေးရွာကြား   ကျေးရွာချင်းဆက်လမ်းရှိ   အကျယ်  ( ၂၄ )  ပေ၊   အရှည်  ( ၁၄ဝ )  ပေခန့်ရှိသော   ဘုံမတီချောင်းကူးတံတားအား   ပထမအကြိမ်   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ   တံ တားတစ်ခြမ်း   ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။ ထို့နောက်   ဖေဖော်ဝါရီလ  ( ၁၇ )  ရက်၊   နေ့လယ် ( ၂ )  နာရီ  ( ၃ဝ )  မိနစ်အချိန်ခန့်တွင်   အဆိုပါတံတားသို့   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  ( ၇ )  ဦးခန့်က   ဆိုင်ကယ်များဖြင့်   ရောက်ရှိလာပြီး   ထပ်မံ၍   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း   သိရသည်။

ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံး သေနတ်၊ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်

Image
Breaking News-  ဒဂုံမြို့သစ်   ဆိပ်ကမ်းမြို့နယ်   အမှတ်   ၉၄   ရပ်ကွက်ရုံး   သေနတ်၊   လက်ပစ်ဗုံးဖြင့်   ဝင်ရောက်ပစ်ခတ်မှု   ရာအိမ်မှူး   ၂   ဦး   သေဆုံး   ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၉  ခေတ်သစ် ရန်ကုန်တိုင်း၊   ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်   အမှတ်   ၉၄   ရပ်ကွက်ရုံးကို   ယနေ့   မွန်းလွဲပိုင်း   သေနတ်၊   လက်ပစ်ဗုံးများဖြင့်   ဝင်ရောက်   ပစ်ခတ်ရာ     အမှတ်   ၉၄   ရပ်ကွက်   ရာအိမ်မှူး   ဝင်းမြင့်နှင့်   ထွန်းထွန်းဝင်းတို့   သေဆုံးကြောင်း   ဒေသပြည်သူများထံမှ   သိရှိရသည်။   ဖေဖော်ဝါရီလ   ၁၉   ရက်နေ့   မွန်းလွဲ   ၃   နာရီ   ၃၅   မိနစ်အချိန်   ဒဂုံမြို့သစ်   ဆိပ်ကမ်းမြို့နယ်၊   ယုဇဥယျာဉ်အိမ်ရာ   ၁၄ လမ်းထိပ်ရှိ   အမှတ်   ၉၄   ရပ်ကွက်   အုပ်ချုပ်ရေးမှူးရုံးထဲတွင်   ပစ်ခတ်မှုဖြစ်ပွားပြီး   လက်ပစ်ဗုံးများ   ပါပေါက်ကွဲကြောင်း၊   ပစ်ခတ်တိုက်ခိုက်မှုများကြောင့်     ရာအိမ်မှူး   ဝင်းမြင့်နှင့်   ရာအိမ်မှူး   ထွန်းထွန်းဝင်းတို့   သေဆုံးကြောင်း   သိရှိရသည်။   "  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ   စစ်မှုထမ်းဟောင်း   ခင်မောင်ဇင်     နဲ့   ရာအိမ်မှူး   ထွန်းထွန်းဝင်း၊   ရာအိမ်မှူး   ဝင်းမြင့် တို့ရှိနေတယ်

ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှု ထိုင်းက မြန်မာစစ်တပ်ကို မဖိတ်

Image
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃   ထိုင်းနိုင်ငံတွင် ကျင်းပမည့် အင်ဒိုပစိဖိတ်ဒေသတွင်း အကြီးဆုံး စစ်ရေးပူးပေါင်းလေ့ကျင့်မှုဖြစ်သော ကော်ဘရာဂိုး (Cobra Gold) စစ်ရေးလေ့ကျင့်မှုတွင် မြန်မာစစ်တပ်ကို ဖိတ်ကြားသွားမည် မဟုတ်ဟု ထိုင်းတော်ဝင်တပ်က ဗိုလ်ချုပ် Thitichai Thienthong ကပြောဆိုလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။ လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၀ ရက်အထိ နှစ်ပတ်ကြာ ကျင်းပသွားမည့် ထိုစစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ ထိုင်ခုံအရေအတွက် ကန့်သတ်ထားခြင်းကြောင့် မြန်မာကို မဖိတ်ကြားတော့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စစ်တပ် နှင့် ထိုင်းစစ်တပ်တို့က စစ်အင်အားအများဆုံးဖြင့် ဦးဆောင် စစ်ရေးလေ့ကျင့်ကြခြင်းဖြစ်ကာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား နှင့် မလေးရှား စသည့် ၇နိုင်ငံက စစ်သည်ပေါင်း ခုနစ်ထောင်ကျော်လည်း ပါဝင်မည်ဖြစ်သည်။   ယခင်က မြန်မာစစ်တပ်အနေဖြင့် ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအနေဖြင့် တက်ရောက်ခွင့်ရခဲ့သော်လည်း  စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှ စတင်ပြီး ထိုစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ပါဝင်ခွင့် မရတေ

အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း ရောက်ရှိလာမည် ဖြစ်

Image
အမေရိကန် ပြည်ထောင်စု ၏ ထိုင်းနိုင်ငံ ဆိုင်ရာ စစ်သံမှုး ကပ် လက်ဖလာ မှ လာမည့် ဖေဖေါ်ဝါရီ ၂၇ မှ မတ်လ ၁၀ နေ့အထိ ထိုင်းနိုင်ငံ အတွင်း ၁၁ နေရာ ခွဲပြီး ပြုလုပ်မည့် Cobra Gold စစ်ရေး လေ့ကျင့်မှူ အတွက် အမေရိကန် တပ်သား ၆,၀၀၀ ကျော် ရောက်ရှိလာမည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။ အင်ဒိုနီရှား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီယား၊ စင်္ကာပူ တို့မှ စစ်ရေး လေ့ကျင်မှု တွင် ပါဝင်ကြမည် ဖြစ်ပြီး  နိုင်ငံပေါင်း ၃၀ နီးပါး က လေ့လာသူ အဆင့် တက်ရောက်မည် ဖြစ်သည်။ စုစုပေါင်း စစ်သည်အင်အား ၇,၃၉၄ ဦး ပါဝင်မည် ဆိုသဖြင့် ထိုအထဲတွင် အမေရိကန် ဖက်မှ ၆,၀၀၀ ဖြစ်နေသည်ကို ‌တွေ့ရသည်။ Cobra Gold စစ်ရေး လေ့ကျင့်မှု တွင် ယခုနှစ်သည် အမေရိကန် ဖက်မှ ပါဝင်သည့် စစ်အင်အားသည် အများဆုံး ဖြစ်သည်ဟု ဆိုသည်။ ထိုစစ်ရေး လေ့ကျင့်မှု အား ထိုင်း ဘုရင်တပ်မတော် နှင့် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်တို့ မှ ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး ၄၂ ကြိမ် ရှိသွားပြီဟု သိရသည်။ Cobra Gold အား ကမ္ဘာပေါ်တွင် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု ကြီး ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ အပြင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှု အမျိုးမျိုး အတွက်လည်း ကြိုတင်

နတ်ပြည်လဲရောက် ပတ်စပို့လဲရတဲ့နည်း

Image
ဒီနေ့ passport လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုဆီဖုန်းဆက်မေးမြန်းမိတယ် "passport ရုံးကပိတ်ထားလား"ဆိုတော့ ပိတ်ထားတယ် တဲ့ ဒါပေမယ့်ဖွင့်တဲ့နည်းလမ်းတော့ရှိတယ် ဗုဒ္ဓဂါယာဘုရားဖူးဆို လုပ်ပေးတယ်တဲ့ "ဟမ် ပိတ်ထားတယ်ဆို "ဆိုတော့ ပိတ်ထားပေမယ့် ဒီကိစ္စအတွက်ဆို ဖွင့်တယ်တဲ့ "ဒါဆို ဗုဒ္ဓဂါယာသွားမယ်ဆိုပြီး passport လုပ်မယ် ပြီးမှမသွားဘူးပေါ့"ဆိုတော့ အဲလိုလုပ်လို့မရဘူး သွားကိုသွားရမယ် အစအဆုံး လိုက်ရမယ် ပြန်လာရင်လည်း Immigration အဝင်/အထွက်တုံး ပြန်တင်ပြရမယ် အဲံဒီခရီးစဉ်ပြီးမှ ကျန်တဲ့ကိုယ်သွားချင်တဲ့နေရာသွားတဲ့ "လူတွေမှာ အကြောင်းကိစ္စကိုယ်စီ အလုပ်ကိစ္စ စီးပွားရေး လူမှုရေးကိစ္စ ကျန်းမာရေးကိစ္စ သာရေးနာရေးကိစ္စ ပညာရေးကိစ္စတွေနဲ့ နိုင်ငံရပ်ခြားတွေကိုသွားနေကြတာ အဲဒါတွေကအရေးမကြီးဘူး ဘုရားဖူးတာကမှအရေးကြီးတာပေါ့ အဲလိုလား"ဆိုတော့ အေး ဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံကွ အားလုံးကို နတ်ပြည်ပို့ပေးနေတာ passport လုပ်သူမြန်မာနိုင်ငံသားတိုင်း နတ်ပြည်ရောက်ရမည်ဆိုတဲ့ ရည်မှန်းချက်ကိုအကောင်အထည်ဖော်နေတာ အမေးအမြန်းတွေလာမထူနဲ့ ယီးပဲ ဆိုပြီးဖုန်းချသွားတယ် ဂယ်ပဲ Min Yel Kyaw Swar    

အာဆီယံ Plus အစည်းအဝေးကို စစ်ကောင်စီအသုံးချမှာ အမေရိကန်စိုးရိမ်

Image
 VOA အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်သူတွေရဲ့ လုပ်ငန်းအဆင့်ဆွေးနွေးမှုတွေကို မြန်မာစစ်အာဏာပိုင်တွေက အလွဲသုံးစားလုပ်မှာစိုးရိမ်ကြောင်း အမေရိကန်ကပြောလိုက်ပါတယ်။ လုပ်ငန်းအဆင့်ဆွေးနွေးပွဲကို စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်နေတဲ့လုပ်ရပ်ကိုကာကွယ်ဖို့အတွက် အသုံးချမှာစိုးရိမ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး Marty Meiners က ဗွီအိုအေကို ပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အာဆီယံအသင်းရဲ့ စံတန်ဖိုးတွေကို ချိုးဖောက်ရာရောက်တာကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလက အစည်းအဝေးတွေမှာ အမေရိကန်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ ADMM-Plus အစည်းအဝေး ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံမှာကျင်းပတဲ့အခါ မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားထားတဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာပဲ အခုလို တုံ့ပြန်လိုက်တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီအစည်းအဝေးမှာ စစ်ကောင်စီ က

မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်

Image
  မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင် / AFP By Dewey Sim 18 February 2023 Irrawaddy မြန်မာကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) မှ ဖဲ့ထုတ်ပစ်သင့်သည်ဟု မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင်က ယခုအပတ်တွင် အကြံပြုခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ဆွေးနွေးငြင်းခုန်မှုများသည် မူမမှန်သော အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ပိုမိုပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရာတွင် ASEAN ရင်ဆိုင်နေရသည့် ကြီးထွားနေသော ဖိအားကို မီးမောင်းထိုးပြနေသည်။ နိုဝင်ဘာလတွင် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ဒေသတွင်းခရီးစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြောကြားသည့် မိန့်ခွန်း၌ မစ္စတာ အန်နဝါက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် ASEAN ၏ တုံ့ပြန်မှုများအကြောင်းကို ဆွေးနွေးခဲ့သည်။ “မြန်မာကို ကျနော်တို့ လတ်တလော ဖဲ့ထုတ်ထားသင့်တယ်။ မြန်မာပြဿနာကြောင့် ကျနော်တို့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့သတင်းစကားပေးဖို့ အခိုင်အမာ သဘောတူကြရင် အကောင်းဆုံးဖြစ်လိမ့်မယ်” ဟု ၎င်

စစ်အာဏာရှင်စနစ်နှင့်အတူ ငွေညှစ်ဘေးကြီး နိုင်ငံ့အနှံ့ တိုက်ခတ်နေ

Image
ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများပါမကျန် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ တားဆီး စစ်ဆေးရင်း မဖြစ်မနေ ပိုက်ဆံတောင်းလေ့ရှိသည်။ မြတ်သွယ် ငြိမ်းဆွေ အောင်ဇေ  Myanmar Now  Published on Feb 17, 2023 အာဏာသိမ်းမှုနှင့်အတူ ပစ်ခတ်သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရွာလုံးကျွတ်မီးတင်ရှို့၍ ထွက်ပြေးရသည့် ဘေးဒုက္ခများကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် အေးဓားပြတိုက်ခံရသော ငွေညှစ်ဘေးကြီးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရသည်။ ထိုဘေးကြီးသည် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များတွင်လည်းကောင်း၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေးနေရာတွင်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင်လည်းကောင်း၊ ရဲစခန်းများတွင်လည်းကောင်း ရိုက်ခတ်နေသလို မထင်လျှင်မထင်သလို အချိန်မရွေးပေါ်ပေါက်နေသည့် ကပ်ဘေးကြီးဖြစ်လေသည်။ လွန်ခဲ့သည့် ဇန်နဝါရီလဆန်းပိုင်း နံနက်ခင်းတစ်ခု၌ အအေးဓာတ်လွှမ်းဆဲဖြစ်သော်လည်း မန္တလေးမြို့မှ ကိုချမ်းမြေ့*က ဆိုင်ကယ်ဖြင့် ပစ္စည်းလိုက်ပို့ရန် လမ်းပေါ်ရောက်နေပြီဖြစ်သည်။ မြို့အရှေ့ပိုင်းကို နာရီဝက်ခန့် ခရီးနှင်ရမည်ဖြစ်ရာ ဆိုင်ကယ်ကို ခပ်မြန်မြန်မေ