Posts

ရန်ကုန်သင်္ကြန်စည်းကားရေးနှင့် ရပ်ကွက်တစ်ခု ကျပ်နှစ်သိန်းကောက်ခံရန် စစ်ကောင်စီညွှန်ကြား

Image
ဖေဖော်ဝါရီလ ၁၈ ရက် ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်ကာလမဏ္ဍပ်များဆောက်လုပ်ရန်နှင့် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ရပ်ကွက်တစ်ခုလျှင် ကျပ်နှစ်သိန်း ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။ အဆိုပါ ညွှန်ကြားချက်မှာ တိုင်းစစ်ဌာနချုပ်မှ တဆင့် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို နှုတ်မိန့်ဖြင့်ကနဦးပြောကြားခြင်းဟု ဆိုသည်။ "တနေ့က မြို့နယ်အုပ်မှူးက ခေါ်ပြောတယ်။အဓိကတော့ ရပ်ကွက်တစ်ခုချင်းအလိုက် နှစ်သိန်းစီကောက်ပြီး တိုင်းအစိုးရအဖွဲ့ကိုပေးရမယ်။ပြီးတော့ ပျော်မယ့်၊ ရွှင်မယ့်လူတွေပါ သင်္ကြန်နားနီးရင် ရှာပေးရမယ်လို့လည်း ပြောတယ်"ဟု တာမွေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ ယခုကဲ့သို့စီစဉ်ခြင်းကြောင့် မြို့နယ်ရှိ ငွေကြေး အဆင်ပြေသူများထံ စစ်ကောင်စီက ငွေကြေးကောက်ခံမည်ဟုလည်း ၎င်းက ရှင်းပြသည်။ "၁၅ ရက်နေ့က ထင်တယ်။ရပ်ကွက်ရုံးထဲ မှာ အဲဒီ ပိုက်ဆံ နှစ်သိန်းကောက်ရမယ်ဆိုတာ ပြောနေတယ်။မဏ္ဍပ်တွေ များများလုပ်ရမယ်လို့လည်း ပြောသံကြား တယ်"ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောသည်။ တော်လှန်ရေးအခြေအနေမျာ

စစ်တပ်ပိုင် လက်နက်စက်ရုံတွေ အပေါ့စားတင့်ကား ထုတ်လုပ်လာနိုင်

Image
မြန်မာနိုင်ငံမှာ   ပထမဆုံးအကြိမ်   စစ်အာဏာသိမ်းခဲ့တဲ့   ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ   စခဲ့တဲ့   ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းစက်ရုံတွေဟာ   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်လက်ထက်မှာ   ၂၅   ရုံရှိသွားပါပြီ။ စမ်းစမ်းတင်  ( ဝါရှင်တန်ဒီစီ )RFA 2023-02-19 ၂ဝ၁၈   ခုနှစ်   မတ်လ   ၂၇   ရက်နေ့က   နေပြည်တော်တွင်   ကျင်းပသည့်   ၇၂   နှစ်မြောက်   တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်   တွေ့ရသည့်   စစ်ဘက်ဆိုင်ရာယာဉ်များ။  Myanmar Military စစ်ကောင်စီကို   လက်နက်   မတင်ပို့ဖို့၊   လေယာဉ်လောင်စာဆီ   မရောင်းချဖို့စတာတွေကို   အဖွဲ့အစည်းတွေ၊   နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက   တိုက်တွန်းနေပေမယ့်   တစ်ဖက်မှာ   စစ်တပ်ပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကနေ   စစ်လက်နက်   ပစ္စည်းတွေ   တွင်တွင်ကျယ်ကျယ်ထုတ်လုပ်နေပါတယ်။ ကပစလို့   အတိုကောက်ခေါ်တဲ့   ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး   စက်ရုံ   အမှတ် ( ၁ )  နဲ့အမှတ် ( ၂ )  ကို   ၁၉၅၈   ခုနှစ်က   စတင်   တည်ထောင်ခဲ့ပြီး   ပြည်တွင်းဖြစ်   ပထမဆုံးလက်နက်ငယ်က  BA-52  ဒါမှမဟုတ်  Ne Win Sten  ဖြစ်တယ်လို့   အမေရိကန်အခြေစိုက်  Global security  ကမ္ဘာ့ရေးရာလုံခြုံရေးသုတေသနအဖ

ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

Image
အင်းစိန် ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား MUPDF ကအဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက် ​ကျော်​ဇော၊သုည ၊ People's Spring ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်၏လုံခြုံ ရေးဘန်ကာတစ်ခုကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Myanmar Underground People Defense Force (MUPDF)အဖွဲ့တာဝန်ခံ စ​နေက  ပြောသည်။ အင်းစိန်ထောင်အနီး ပေါက်တောဝမီးပွိုင့်ရှိ စစ်တပ်ဘန် ကာအား ယမန်နေ့(ဖေဖော်ဝါရီ ၁၈)နံနက် ၄ နာရီ ၃၃ မိနစ်ခန့်တွင် URF ၏နည်းပညာအကူအညီဖြင့် အဝေးထိန်းမိုင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ "(စစ်ကောင်စီတပ်သားများ)ကြိမ်းသေထိခိုက်မယ်။ သေမသေတော့ မသိရသေးပါဘူး။ ဖြိုတာက ဘန်ကာကိုဗျ။ C4 သုံးထားတာ၊ ထည့်တာနည်းသွားလို့ မဖြိုလိုက်နိုင်ဘူး"ဟု MUPDF မှ တပ်ဖွဲ့တာဝန်ခံ စ​နေက People's Spring သို့ ပြောသည်။ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော စစ်တပ်နှစ်ထပ်ဘန်ကာတွင် အပေါ်ထပ်၌ စစ်ကောင်စီတပ်သားသုံးဦး ခန့်ရှိပြီး ဘန်ကာအောက်ဘက် သဲအိတ်များအကာ အကွယ်ယူထားသည့်နေရာတွင် စစ်ကောင်စီတပ်သားသုံးဦးခန့်ရှိကာ ထိခိုက်မှုရှိနိုင်ကြောင်း၎င်းကရှင်းပြသည်။ "မနေ့က မနက်အစောပိ

ခြောက်ဆယ်ကြီးက ခြောက်ဆယ်ပေါက်စလေးကို မွေးဖွား သန့်စင်

Image
သူကိုတော့နာမည်ပေးထားတယ် #ကွန်မန်ဒိုတိုက်စစ်မှူး လေးပါ သူလေးကိုတော့ ပြုပြင်ထိမ်းကြောင်းမွန်းမံရအုန်းမှာပေါ့ 304 <> 814  TIGER FIGHTERS ထုပ်လုပ်ရေးတပ်နည်းပညာစုဖွဲ့မှု့အင်အားစု

အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု အမေရိကန်က ပြော

Image
“ယူကရိန်း ရုရှားလက်ရှိအနေအထားသည် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု  အမေရိကန်က ပြော” ၁၈/၂ Burma News network  ယူကရိန်းနဲ့ရုရှားအပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ပြောလိုက်ပါတယ်။  လက်ရှိအနေအထားမှာ အပစ်ရပ်ဖို့ပြောဆိုနေတာဟာ ရုရှားကိုအနားရဖို့ နောက်ထပ် ထိုးစစ်တွေဆင်နွဲဖို့ လက်နက်နဲ့လူအင်အားပြန်လည်စုစည်းဖို့ အချိန်ပေးဖို့ပဲ ဖြစ်မယ်လို့ ဘလင်ကန်က ဆိုပါတယ်။ လောလောဆယ် စစ်မြေပြင်မှာ ရုရှားတွေအခြေအနေမကောင်းဘူးဆိုတာကို ပူတင်က သိနေသလို ရုရှားတပ်တွေအတွက် လိုအပ်ချက်တွေဖြည့်ဆီးပြင်ဆင်ဖို့အချိန်လိုတယ်ဆိုတာကိုလည်း ပူတင်က ကောင်းကောင်းသဘောပေါက်နေတယ်လို့ ဘလင်ကန်ကပြောပါတယ်။  အပစ်ရပ်ပြီးဆွေးနွေးဖို့ပြောနေပေမဲ့ သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေနဲ့ပတ်သက်လို့ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ ပူတင်ရဲ့အပြောကို  အားလုံးမမေ့ဖို့လိုတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။ သိမ်းပိုက်ခံနယ်မြေတွေ ပြန်မရသရွေ့ ယူကရိန်းမှာ ရေရှည်ခိုင်မြဲမဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။ ပူတင်ရဲ့ရ

ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်

Image
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃ မွန်ပြည်နယ် တောင်ပိုင်း၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချထားသော ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ မနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ရေးဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရေးဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ရေးဘီလူးက " တိုက်ပွဲကတော့ ၁ နာရီလောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အောင်အောင်မြင်မြင် တိုက်ခိုက်ပြီး ဆုတ်ခွာနိုင်ခဲ့တယ်။ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ် " ဟု ဧရာဝတီသို့ ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ပြည်သူတဦးကိုလည်း ပစ်သတ် လိုက်ကြောင်း  ၎င်းက ဆိုသည်။ ၎င်းက ဆက်လက်၍ " တိုက်ပွဲဖြစ်ပြီး နေ့လည်ပိုင်းလောက်မှာ ခွေး(စစ်ကောင်စီတပ်)တွေက ပြည်သူတဦးကို ပစ်သတ်လိုက်တာရှိတယ်။ အဲဒါကို ဝါဒဖြန့်ပြီးတော့ ကျနော်တို့ဘက်က ၁ ဦးကျသွားပြီဆိုပြီး ရေးနေတာရှိတယ်။ ကျနော်တို့ ယူနီဖောင်းတွေနဲ့ စစ်တိုက်ကြတာ၊ အခုသေသွားတဲ့ အလောင်းက အပြင်ဝတ်စုံနဲ့ ဖြစ်တယ် " ဟု ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်

မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ

Image
By  မဇ္ဈိမ / Prachatai 19 February 2023 ဖေဖော်ဝါရီလ   ၁၉   ရက် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်   မင်းအောင်လှိုင်နှင့် နီးစပ်သည့်   ဆက်ဆံရေးရှိသူ   မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်နှင့်   မိမိအကြား   ပတ်သက်ဆက်နွယ်မှု   မရှိကြောင်း   ထိုင်းလွှတ်တော်အမတ်   ဥပါကစ်   ပချာရီယန်ကွန်းက   လူသိရှင်ကြား   ထပ်တလဲလဲ   ငြင်းဆန်ခဲ့သော်ငြား   ယခုအခါ   ၎င်းနှင့်   ထွန်းမင်းလတ်အကြား   စီးပွားရေး ဆက်ဆံပတ်သက်မှုများက   မကြာသေးခင်က   ပါလီမန်ဆွေးနွေးမှုတစ်ခုအတွင်း   ပေါ်ထွက်လာခဲ့ကြောင်း   ထိုင်းအွန်လိုင်းသတင်းဌာန  Prachatai  က   ဖော်ပြသည်။ ၂၀၂၃   ဖေဖေါ်ဝါရီ   ၁၅   ရက်   ပါလီမန်အစည်းအဝေးတစ်ခုအတွင်း   ရှေ့သို့လှမ်းချီပါတီ  (MFP)  မှ   လွှ တ်တော်အမတ်   ရန်ဆီမန်   ရိုမီက   ယခုကိစ္စကိုထုတ်ဖော်ခဲ့ခြင်း   ဖြစ်သည်။   လွှတ်တော်၌   ပြောဆိုစဉ်   ထိုင်းဝန်ကြီးချုပ်   ပရာယွတ်   ချန်အိုချာသည်   အကျင့်ပျက်   ပုဂ္ဂိုလ်များနှင့်   ရောနှောပတ်သက်နေကြောင်းနှင့်   မူးယစ်ဆေးနှင့်   ဆက်စပ်သည့်   ကိစ္စရပ်များကိုစနစ်တကျ   ကိုင်တွယ်ပါ့မည်ဆိုသည့် ကတိကဝတ်ကို   လျစ်လျူရှုထားကြောင်း ၎င်း စွပ်စွဲသည်။ ထိုင်းအထက်လွှတ်တော်အမတ်   ဥပါကစ်သည