Posts

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

Image
ဂျကာတာ သို့ ရောက်ရှိလာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း မှ တရုတ်သည် မြန်မာနှင့် ပတ်သကိ၍ အင်ဒိုနီရှား ဆောင်ရွက်ရန် ရှိနေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ အား အပြည့်အဝ ထောက်ခံသွားမည်ဟု ပြောကြောင်း ရိုက်တာ သတင်း တွင် ပါရှိလာခဲ့သည်။ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ မှ အာဆီယံ ၏ အချက် ငါးချက် ကို ယခုထိ မြန်မာ စစ်ဗိုလ်ချုပ်များ၏ ငြင်းဆန်နေမှု အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အလားအလာ များ ထွက်ပေါ်လာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ အဖြစ် တာာဝန်ယူ ဆောင်ရွက်မည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ဆွေးနွေးသွားမည့် လုပ်ငန်းစဉ်များ ကို ယခုလို ထောက်ခံမှု ပေးလာမှု အပေါ် တန်ဖိုးထား ကျေးဇူးတင်ကြောင်း မစ္စက် မာဆူဒီ မှ ပြောခဲ့သည်ဟု သတင်းတွင် ပါရှိသည်။ ဆိုလိုသည်က အာဆီယံ မှ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တွေ့ဆုံရန် ရှိနေသည်များကို တရုတ်ဖက်မှ ထောက်ခံကြောင်း မီးစိမ်းပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ ယခင် ၎င်းတို့၏ လူ ဟွန်ဆန် ကိုပင် ထိုသို့ အခွင့်အရေးမျိုး ပေးခဲ့ခြင်း မရှိပေ။ ချင်ဂန်း သည

ခြူးလေးကိုကယ်ထုတ်လာသူ

Image
ပြသနာအစက ခြူးလေးက.... ခြူးလေးက နာမည်အနောက်မှာ ထားလို့ဆိုပြီး စောင်ပြသနာ ရှာလိုက်တယ်။ မရိုက်တော့ဘူး ဘာညာတွေ လုပ်လိုက်တယ်.... အဲ့လို စောင်ပြသနာ ရှာလိုက်တာကို ဆိုရှယ် မီဒီယာပေါ်မှာ ကြောင်ရေချိုးပေးကြတယ်။ အုပ်စုတွေကွဲပြီး ငြင်းကြခုံကြတယ်.... ကြောင်ရေချိုးပေးရာကနေတစ်ဆင့် တစ်ချို့က အောက်ဖဲ စလှန်ပါလေရော။ ခြူးလေး သူ့ရဲ့ ဘဲကြီးနဲ့ လေမှုတ်သွင်းတဲ့ပုံ တက်လာတယ်.... တစ်ဆက်တည်း ဘာထွက်လာလည်း ဆိုတော့ အဲ့ဘဲကြီးက သူ့စပွန်ဆာ၊ အိမ်ထောင်ကြီးနဲ့တဲ့။ ဝင်နာတဲ့ လူတွေက ပြန်ဖာတယ်။ အဲ့လူကြီးမှာ အမွှာညီအစ်ကိုရှိတယ်။ အိမ်ထောင်ရှိတယ်ဆိုတာ သူမဟုတ်ဘူး၊ နောက်တစ်ယောက်တဲ့.... အောက်ဖဲလှန်တဲ့အဖွဲ့က အဲ့မှာ ရေဆုံးမြေဆုံး လှန်ပါလေရော။ ညီအစ်ကို ၂ ယောက်လုံးမှာ အိမ်ထောင်ရှိတယ်။ ပုံနဲ့တကွ ချပြလိုက်တယ်.... ဆက်ပြီး အောက်ဖဲလှန်တော့ အဲ့ဒီ ညီအစ်ကိုက စခတွေနဲ့ ပိုင်တယ်။ ဟို Bar က သူတို့ပိုင်တာ၊ ဘယ်လုပ်ငန်းက သူတို့ဟာဆိုပြီး သူတို့တွေ ပိုင်ဆိုင်တာတွေ ပေါ်လာတယ်.... အဲ့ဒီ ညီအစ်ကိုကနေ ဆက်ပြီး ပေါ်လာတာက ဟိုကောင် ပိုင်တံခွန်။ ပိုင်တံခွန်က သူတို့ရဲ့ လက်စွဲမင်းသား။ ပိုင်တံခွန် အဖမ်းခံရပြီး လွယ်လွယ်လေး ပြန်လွတ်လာတာ အဲ့ဒီ ညီအစ်ကိုတွေကြောင့် ဆိုပြီ

ရန်ကုန်တိုင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဥပဒေပေါ်ပေါက်ဖို့ ကြိုးစားမယ်လို့ CRYH ပြော

Image
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ) 2023.02.22 RFA ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။RFA ရန်ကုန်တိုင်းအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောလိုက်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အွန်လိုင်းက ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ဆောင်ရွက်ချက် နှစ်နှစ်ပြည့် ပြည်သူတွေကို တင်ပြတဲ့ အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ "ရန်ကုန်တိုင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော အခြေခံဥပဒေတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာရေး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးအဖွဲ့က ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပီပီပြင်ပြင် ပေါ်ပေါက် လာရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များနဲ့ ညှိနှိုင်း ပေါင်းစပ်လျက် အသွင်ကူးပြေ

မြစ်ကြီးနားတွင် ပင်စင်ထုတ်သူများထံက တုံကင်တခု ငွေ ၂၀၀၀ မှ ၃၀၀၀ ကျပ်အထိတောင်းနေ

Image
Published By Nay Kyal DVB| 22 February, 2023 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားတွေကို ဘဏ်ဝန်ထမ်းတွေက ငွေထုတ်ယူတဲ့ တုံကင်နံပါတ်တွေ တရားမဝင် ရောင်းချပြီး ငွေတောင်းခံနေတယ်လို့ ပင်စင်ထုတ်ယူသူတွေက ပြောပါတယ်။ မြန်မာ့စီးပွားရေးဘဏ် ပင်စင်ထုတ်ရက်အတွင်း ပင်စင်ထုတ်ယူဖို့ ဘဏ်ဝန်ထမ်းတွေဆီက တုံကင်တခုကို ၂၀၀၀ ကျပ်မှ ၃၀၀၀ အထိ ပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ "ပင်စင်ထုတ်မယ်ဆို တုံကင်နံပါတ်ရဖို့ ကြိုဖုန်းဆက်ရတယ်။ ဘဏ်ရောက်ရင် ဘဏ်ဝန်ထမ်းကောင်လေးဆီက တုံကင်ကို ၁ ကနေ ၁၀၀ အတွင်းကို တခု နှစ်ထောင် နဲ့ ဝယ်ရတယ်။ ရှေ့ဆုံးမြန်မြန်ရချင်ရင် ၃၀၀၀ ပေးဝယ်ရတယ်။ တုံကင်မဝယ်ဘဲ သူတို့ဝေတာကို စောင့်ရင်တော့ နံပါတ် ၆၀၀ လောက်ဖြစ်သွားပြီး အချိန်အကြာကြီးစောင့်ရတယ်" လို့ ပင်စင်လာထုတ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့နယ်မှာ ပင်စင်ထုတ်သူတွေကို မြန်မာ့စီးပွားရေးဘဏ်က လစဉ်တိုင်းရဲ့ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပင်စင်လစာ ထုတ်ပေးတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်စင်စားပြည်သူတွေအပေါ် တရားမဝင်တုံကင် နံပါတ်ရောင်းချတာနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်အတွင်းက ဘဏ်မန်နေဂျာဆီ တိုင်ကြားခဲ့ပေမဲ့ အခုအချိန်ထိ အရေ

ပေါက်မြို့နယ်၌ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ ငဖဲအခြေစိုက် ကပစ-၁၄ စက်ရုံ တိုက်ခိုက်ခံရပြီး ယမ်းသန့်စင်စက်ရုံရပ်နား

Image
Published By DVB | 22 February, 2023 မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ပျူစောထီးစခန်းတခုကို စီနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာက အင်အား ၃၅ ယောက်လောက် အထိုင်ချ တပ်စွဲထားတဲ့ ပျူစောထီးစခန်းတခုကို ဒီမနက် ၅ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ M7 People Defense Army ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ဒီဗွီဘီကို ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်ချိန် ၂ နာရီကျော်လောက်အကြာမှာ စစ်ကောင်စီဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီး တက်လာပြီး မနက် ၈ နာရီကျော်လောက်မှာ ရွာပေါ်ကနေဝဲပြီး ဘေးပတ်ဝန်းကျင်တွေကို ပတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ရဲဘော်ဘခက်ကတော့ ကုက္ကိုစုကျေးရွာကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ ချဉ်းကပ်ခဲ့ပြီး ဒီနေ့မနက် ၅ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာလို့ ပြောပါ

ဝီရသူ သာယာဝတီမြို့ကိုလာရောက်၊ လူငယ်များ စစ်ပညာသင်ရန် ဟောပြော

Image
Published By DVB | 22 February, 2023 ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ မဘသဘုန်းကြီး ဦးဝီရသူက လူငယ်တွေ စစ်ပညာသင်ယူကြဖို့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ကြဖို့ လာရောက်ဟောပြော စည်းရုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဦးဝီရသူက စစ်ကားတွေနဲ့ ခြံရံရောက်လာကာ ဖေဖော်ဝါရီ ၁၉ ရက်က ဖားရွှေကျော်ရွာမှာ တရားဟောခဲ့သလို သာယာဝတီမှာတော့ နွယ်ခွေရပ်ကွက်၊ ဗားဂရာဘုန်းကြီးကျောင်း ထီးတင်ပွဲမှာ ဟောပြောသွားတာ ဖြစ်ပါတယ်။ သာယာဝတီမြို့ နွယ်ခွေရပ်ကွက်နေ ဒေသခံက “အဓိကဟောတာကတော့ လူငယ်တွေ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ သေနတ်ကိုင်ရမယ်၊ စစ်ပညာတွေသင်ရမယ်၊ ပြည်သူ့စစ်ဖွဲ့ရမယ် ဆိုတာတွေကို အဓိကဇောင်းပေး ဟောပြောသွားတာပဲ” လို့ ပြောပါတယ်။ သာယာဝတီမြို့နေသူတယောက်ကလည်း “သူ့ကို ဒေသတွင်းက (မဘသ) အဖွဲ့တွေ၊ (မဘသ) ဘုန်းကြီးတွေက သွားပင့်ကြတာ။ ကျောင်းထီးတင်ပွဲအတွက် သူနဲ့အတူ အဆိုတော် ဖြိုးမြတ်အောင်နဲ့ ခင်မိုးပန်းချီတို့ပါ ပါလာတယ်၊ စိန်ဟင်္သာဆိုင်းနဲ့၊ နောက်ရက်ကျတော့ သာယာဝတီထောင်ကိုလည်း သွားတယ်။ ထောင်က အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ညနေစာ တနပ်စာ သိန်း ၃၀၊ ထောင်စာကြည့်တိုက်အတွက် တသိန်း၊ ထောင်ဝန်ထမ်းတွေကို မုန့်ဖိုး ၅,၀၀၀ ဆီ ပေးသွားတယ်။ ထောင်ထဲမှာ တရားဟောမဟေ

အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မည်ဟု စစ်ကောင်စီ ကြေညာ

Image
Published By Nay Kyal | 22 February, 2023 DVB လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ပြီး နိုင်ငံကူးလက်မှတ်တွေကို Online Booking စနစ်သစ်နဲ့ လျှောက်ထားနိုင်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ နိုင်ငံကူးလက်မှတ်တွေကို www.passport.gov.mm ဝက်ဘ်ဆိုက်ကနေ Online Booking စနစ်သစ်နဲ့ ကိုယ်တိုင်လျှောက်ထားနိုင်မယ်လို့ ကြေညာထားပြီး အခုလောလောဆယ်မှာတော့ အဲဒီဝက်ဘ်ဆိုက်ကို ဝင်လို့မရသေးပါဘူး။ Online Booking စနစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) မှာပဲ ကျင့်သုံးမှာဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးတွေမှာရှိတဲ့ ရုံးခွဲတွေမှာတော့ အရင်ကလျှောက်ရတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ Online Booking ရယူရာမှာလည်း အချိန်အကန့်အသတ်မရှိ အလွယ်တကူ လျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမယ်လို့လည်း ပါရှိပါတယ်။ ဒါ့အပြင် Online Booking လျှောက်ထားဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့မရဲစခန်းတွေမှာ အကူအညီတောင်းခံပြီး လျှောက်ထားနိုင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လျှောက်ထားရာမှာ ဘယ်သူမဆို လွယ်လွယ်ကူကူ လျှောက်ထားနိုင်

အာဆီယံဘုံသဘောထားထောက်ခံမှု တရုတ်ကို အင်ဒိုကျေးဇူးစကားဆို

Image
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ) မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံရေးခြားရေးဝန်ကြီး Qin Gang နဲ့ တွေ့ဆုံအပြီးမှာ၊ အင်ဒို နိုင်ငံခြားရေးဝန်ကြီး Retno က အခုလို ပြောတာပါ။ ဘုံသဘောတူညီချက်၅ရပ်ကို တရုတ်က ထောက်ခံတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကျေးဇူးတင်ကြောင်းပြောဆိုပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံရဲ့ အဓိက ရပ်တည်ချက်ဖြစ်ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အစုအဖွဲ့အားလုံးနဲ့ ထိစပ်ဆက်ဆံသွားမယ်လို့လည်း အင်ဒို နိုင်ငံခြား​ရေးဝန်ကြီးက ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြုံလာရတဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံက အချက်၅ ချက်ပါ ဘုံသဘောထားကို ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဖက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေတာ

ဒေါက်တာခလမ်ဆမ်ဆွန် စွဲချက်အမှုများကြားနာစစ်ဆေး

Image
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ) ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC)  ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေအမှုစွဲဆိုထားတဲ့အမှု အတွက် မနေ့က ရုံးထုတ်စစ်ဆေးပါတယ်။ ကနဦးစစ်ဆေးနေတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက်  လာမယ့် ရုံးချိန်းမှာ စွဲချက်တင်မတင်ဆုံးဖြတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို  ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။ မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်း စရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော် ဆိုသူ က မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်း ဆက်သွယ် မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့ပြီး တရား ရင်ဆိုင်နေရတာပါ။ ထပ်တိုးလိုက်တဲ့ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က)စွဲချက်ကိုတော့ မနေ့က ပထမဆုံးအကြိမ်ရုံး ထုတ်စစ်ဆေးတယ်လို့ ရှေ့နေဖ

စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်

Image
VOA မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှာ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေး  တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း  ခင်ဦးမြို့နယ် အင်ပတ်ကွေ့မှာလည်း လက်နက်ကြီးထိမှန်လို့ အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့ပါတယ်။  မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွင်း တိုက်ပွဲအခြေအနေတချို့ သတင်းပေးပို့တာကို မမြသဇင်အောင်က တင်ပြပေး ပါမယ်။ မကွေးတိုင်း ပေါက်မြို့နယ်ထဲက ကုက္ကိုစုကျေးရွာမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၄ နာရီခန့်ကဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဟာ မနက် ၇ နာရီခွဲ အထိ ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး မနက် ၈ နာရီလောက်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ် လို့ ဒေသခံတဦးက ပြောပါတယ်။ “မနက် ၄ နာရီမထိုးခင်က စဖြစ်တာ ပျူရွာကိုဝင်သိမ်းတာ မနက်ကျ လေယောဉ်တွေနဲ့လာပစ်တာ။ မနက်က  ၈ ခွဲလောက်မှာ လေယာဉ်က လာပစ်သွားတယ်။ အဲ့သူတို့ရဲ့ ကုက္ကိုစုနဲ့ပတ်ဝန်းကျင်အနားတွေပေါ့။ သူတို့ကုက္ကိုစုကို  ဒီဘက် PDF တွေက ပျူရွာကို ဝင်သိမ်းချင်တာ လေယာဉ်နဲ့ပစ်ခတ်ချိန်က နာရီဝက်လောက်တ