စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ
စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။ "ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။" ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားန