PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး
ယန်ဒီး/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေကြောင်း သိရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အတွက် အထက်ပါသင်တန််းများကို စီစဥ်ပြုလုပ်ပေးခြင််းဖြစ်သည်ဟု ဆိုသည်။ အထက်ပါသင်တန်းများကို ၁၅ ကြိမ်ခန့် ပို့ချပေးပြီးဖြစ်ကာ သင်တန်းသား ၁၀၀၀ နီးပါးကို လက်နက်ကိုင်င်ပဋိပက္ခဆိုင်ရာ ဥပဒေသများ၊ MoD ၏ Code of Conduct များ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့်