Posts

ဖုန်းလုယက်သူတွေက အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်

Image
C8 News ရန်ကုန်၊ မတ် (၆)  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ မနေ့ နေ့လည်ပိုင်းက ဖုန်းလုယက်သူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။  "ဖုန်းလုယက်ခံရပြီး လုယူသူများမှ အမျိုးသမီး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် ၊ သွေးထွက်လွန်နေသော အမျိုးသမီးအား လိုအပ်သော ဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့" တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ညပိုင်းတွေတင်သာမက နေ့လယ်ခင်းတွေမှာပါ လုယက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။ 

မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ

Image
Breaking News- မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ  ■ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းနေခြင်းဟုဆို   ရန်ကုန်၊ မတ် ၆  စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရဖွယ်ရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လကက္ကပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆိးခဲ့ကြောင်း သိရှိရသည်။  မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးထားသော သူများအနက်မှ ကျေးရွာသား ၃ ဦးကို ပစ်သတ်လိုက်ပြီး အိမ် ၂ လုံးကို မီးရှို့ကြောင်း၊ တစ်ရွာလုံးကိုလည်း မွှေနှောက်လျက်ရှိပြီး ကျေးရွာသား အမျိုးသားတချို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။  "ဖမ်းထားတာက လူ ၂၀၀ လောက်ရှိတယ်။ အဲဒီအထဲက အမျိုးသားတွေကို ရွေး ထ

ခင်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျ

Image
ရန်ကုန်၊ မတ် ၆ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။  မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသော စစ်တပ်က  မုံလှရွာမှ စစ်ဘေးရှောင်များ နေထိုင်သည့် တောတောင် များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့်  အသက် ၈ နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်  ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။ ထို့အတူ စစ်တပ်စစ်ကြောင်းက ဂလုံရွာကိုလည်း လက်နက် ကြီးများဖြင့် ပစ် ခတ် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀  ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေရာ နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း၊ ပ

မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်

Image
ယင်းမာပင်၊ မြောက်နုံးရွာတွင် အသက် ၂၅ နှစ်အရွယ် မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်ဖြတ် အလောင်းဖျောက်  ■ စိတ်ဝေဒနာရှင် ဦးဖိုးနီနှင့် အခြားပြည်သူတစ်ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့  ရန်ကုန်၊ မတ် ၆ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၂၅ နှစ်အရွယ် မမိုးဝေကို  မုဒိမ်းကျင့် မီးရှို့သတ်ဖြတ် အလောင်းဖျောက်သွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။   မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထွက်ပြေးခြင်းမပြုနိုင်ဘဲ  ပိတ်မိနေခဲ့သည့် စိတ်ဝေဒနာရှင် ဦးဖိုးနီကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အခြားကျေးရွာသား ၁ ဦးကိုလည်း ပစ်ခတ်ပြီး နာရေးကားထဲသို့ ထဲထည့်၍ ကားရော လူပါ မီးရှို့သွားကြောင်း၊ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် မမိုးဝေကို စစ်တပ်က မုဒိမ်းကျင့်သွားခဲ့ကြောင်း၊ ယင်းနောက် မမိုးဝေကို မီးရှို့ သတ်ဖြတ် အလောင်းဖျောက်ဖျက်

အာဆီယံက မြန်မာ့အရေးဝင်စွက်ခွင့်မရှိဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

Image
DVB | 28 February, 2023 မြန်မာနိုင်ငံမှာ   စစ်အာဏာသိမ်းခဲ့တာကို   အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက   လက်မခံရုံနဲ့   အာဆီယံဟာ   မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့   မြန်မာနိုင်ငံရဲ့   လက်ရှိအခြေအနေဟာ   လမ်းဆုံးကိုရောက်နေပြီ ဖြစ်ကြောင်း   စင်ကာပူ   နိုင်ငံခြားရေးဝန်ကြီး   ဗီဗီယန်ဘာလာခရစ်ရှ်နန်က   ပြောပါတယ်။ ဖေဖော်ဝါရီလ   ၂၇   ရက်ကကျင်းပတဲ့   စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့   ဘဏ္ဍာရေးဆိုင်ရာ   အစည်းအဝေးမှာ   မြန်မာ့အရေးနဲ့   ပတ်သက်လို့   မေးမြန်းမှုကို   ပြန်လည်ဖြေကြားရာမှာ   ပြောဆိုခဲ့တာ   ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ    အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး   ပြဿနာတွေဟာ   ဒုတိယကမ္ဘာစစ်ကတည်းက   ရှိနေခဲ့တာဖြစ်ပြီး   အာဏာသိမ်းမှုကြောင့်   ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း   နိုင်ငံခြားရေး   ဝန်ကြီးဗီဗီယန်ကပြောပါတယ်။ မြန်မာနိုင်ငံသားတွေဟာ   တခြားနိုင်ငံသားတွေလိုပဲ   အရည်အချင်းရှိပြီး   ကြိုးစားကာ   စွမ်းစွမ်းတမံ   တိုးတက်ရာကိုရှာဖွေပြီး   မိသားစုကို   ထောက်ပံ့နေကြပေမဲ့   မြန်မာ့နိုင်ငံရေးကတော့   မြန်မာ့နိုင်ငံသားတွေအပေါ်   အထောက်အပံ့ကောင်းမဖြစ်စေဘူးလို့   ပြောပါတယ်။   “ အခုဆိ

ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား

Image
ရန်ကုန်၊ မတ် ၆ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဗဟို အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်ကြောင်း အကျဥ်းဦးစီး သတင်းရင်းမြစ်များထံမှ သိရသည်။ ကျိူက်မရော ဗဟို အကျဥ်းထောင်တွင် ထောင်တွင်း အဆင်မပြေမှုများကို ထောင်အာဏာပိုင် အဖွဲ့အစည်းများထံသို့တင်ပြသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ညအချိန်တွင် အဆောင်ပြင်သို့ ထုတ်ကာ ပုံစံ ထိုင်ခိုင်းပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထောင်တွင်း အဆင်မပြေမှုများကို ဆက်လက်တင်ပြလျှင် ညအချိန် စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်​ကြောင်း သိရသည်။  "သူတို့ကို ထောင်တွင်း အဆင်ပြေမှုတွေကို အမြဲတင်ပြတဲ့လူဆိုရင် ညအချိန်မတော် ၂ နာရီလောက်ဆိုရင် စစ်ဘက် အရပ်ဖက် တွေနဲ့ လာခေါ်ထုတ်တယ်ပြီးရင် စစ်ကြောရေးကို တစ်ခေါက်ပြန်ခေါ်သွားပြီး ရိုက်တယ်။ ထောင်ပြောင်းတယ်။ တခါတလေ အဆင်မပြေမှုကို တင်ပြတဲ့သူတွေ အဆောင်ဆိုရင် ညဘက် ၂ နာရီလောက်ကြီး ရိုက်နှက်တယ်။ ပုံစံထိုင်ခိုင်းထားတယ်။ လူက အိပ်ငိုက်လာရင်

အသားထဲကလောက်ထွက်သူ

Image
~~~~~~~~~~~~~~~~~~~~ ဒီဆောင်းပါးကိုကွီးဖြိုးကနေစရမှာပဲ၊ဒါကလဲဥပမာ ပေးချင်လို့ပါ၊ ကွီးဖြိုးဇနီးကို နှိပ်စက်မယ် မုဒိန်းကျင့် မယ်၊ သေတဲ့အထိနှိပ်စက်မယ်ဆိုလို့ ထွက်ဆိုရတာပါ လို့သတင်းတက်ဖူးသလို သူ့ဇနီးကအဆိပ်သောက်ဖို့ ကြိုးစားခဲ့တယ်လို့လဲကြားရတယ်၊ကွီးဖြိုးဇနီးရဲ့မိသား စုနဲ့ဒေါ်စုကြားမှာခိုင်မာတဲ့ဆက်ဆံရေးတခုရှိခဲ့တယ်၊ ဒါကလဲ တိုးလွင်နဲ့နိုင်းယှဉ်ပြချင်လို့၊  တိုးလွင်ခြံခုန် တာကပုံစံတမျိုးဖြစ်နေလို့ပါ၊ တိုးလွင်မိန်းမစုစုထွေးက Great Light private school  ရဲ့ လက်ရှိကျောင်းအုပ်ပါ၊ဒီကျောင်းဖွင့်ရဖို့ NLD ဗဟိုအလုပ်အမှုဆောင် တိုးလွင်အနေနဲ့ အပေးအယူ တွေလုပ်ခဲ့ရတယ် စန္ဒာမင်းနဲ့အတူဒေါ်စုကိုတွေ့ပြီး စကစခိုင်းတာလုပ်တယ် (ကွီးဖြိုးနဲ့သူဘာကွာလဲ) စကစခိုင်းဖတ်ချင်းတူပါတယ် နောက်တခု CEC၆ယောက်ကိစ္စ၊ အောင်စိုးက  တင်္နသာရီဝန်ကြီးချူပ်လှလှမော်ကိစ္စနဲ့ပါတ်သက်လို့ ထုတ်ပယ်ထားတာကြာပြီ၊ သူကထည့်ရေးထားတယ် အောင်စိုး၊တိုးလွင်၊စန္ဒာမင်း သူတို့တွေပေါင်းပြီး NLD ကို မင်းအောင်လှိုင်အကြိုက် အသက်သွင်းကြဖို့ကြံနေ ကြတာပါ၊ တိုးလွင် ရဖြူဂျီခံဖူးလား ~~~~~~~~~~~~~~~~~ ခုန်ချပြီးတော့ကိုခံဖူးတာပါ၊ ဒီနေရာမှာအပြစ်ပြောတာမဟုတ်ပါ သူ့စကားနဲ့သူ့ကို

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

Image
RFA ■ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က အသက် ၂၈ နှစ်အရွယ် မမေဇွန်မိုးဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးနောက် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန် သူနာပြု သင်တန်းကျောင်းကနေ အောင်လက်မှတ်ရရှိခဲ့သူပါ။ အဲဒီအချိန်ကစလို့ အသတ်မခံရခင်အချိန်ထိ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်တဲ့ သူနာပြုအလုပ်ကိုပဲ သူ လုပ်ကိုင်ခဲ့ပါတယ်။  အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မမေဇွန်မိုးဟာ စိတ်ထားနူးညံ့တဲ့ နှလုံးလှ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင်တော့ ရပ်တည်ချက်နဲ့ ခံယူချက် ခိုင်မာပြတ်သားသူ ဖြစ်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အုတ်ဖိုမြို့နယ်ကနေ အစောဆုံး CDM ဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ ဒီကာလတွေအတွင်း သူက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မကြာခဏ ဆေးလာကု ပေးလေ့ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက် ညက ပဲခူးရိုးမပေါ်က PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို မီးဖွားပေးပြီးအပြန် အုတ်ဖို မြို့နယ်

“ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်”

Image
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၃)ရက်နေ့ နေ့စွဲပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အရ ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှထုတ်ပယ်လိုက်သည်။  ဗဟိုအလုပ်အမှုဆောင်ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင် နှင့် ဦးတိုးလွင် စုစုပေါင်း လေးဦးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ သတင်းဖော်ပြချက်အရ အဖွဲ့ချုပ်၏ မူဝါဒနှင့်ရပ်တည်ချက်များကို ၎င်းတို့က ဆန့်ကျင်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသောကြောင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ပြီး ၎င်းတို့သည် အဖွဲ့ချုပ်ပါတီနှင့် မည်သို့မျှ မသက်ဆိုင်တော့ ကြောင်းကို အသိပေး ကြေညာထားပါသည်။