ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား

ရန်ကုန်၊ မတ် ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဗဟို အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်ကြောင်း အကျဥ်းဦးစီး သတင်းရင်းမြစ်များထံမှ သိရသည်။

ကျိူက်မရော ဗဟို အကျဥ်းထောင်တွင် ထောင်တွင်း အဆင်မပြေမှုများကို ထောင်အာဏာပိုင် အဖွဲ့အစည်းများထံသို့တင်ပြသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ညအချိန်တွင် အဆောင်ပြင်သို့ ထုတ်ကာ ပုံစံ ထိုင်ခိုင်းပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထောင်တွင်း အဆင်မပြေမှုများကို ဆက်လက်တင်ပြလျှင် ညအချိန် စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်​ကြောင်း သိရသည်။ 

"သူတို့ကို ထောင်တွင်း အဆင်ပြေမှုတွေကို အမြဲတင်ပြတဲ့လူဆိုရင် ညအချိန်မတော် ၂ နာရီလောက်ဆိုရင် စစ်ဘက် အရပ်ဖက် တွေနဲ့ လာခေါ်ထုတ်တယ်ပြီးရင် စစ်ကြောရေးကို တစ်ခေါက်ပြန်ခေါ်သွားပြီး ရိုက်တယ်။ ထောင်ပြောင်းတယ်။ တခါတလေ အဆင်မပြေမှုကို တင်ပြတဲ့သူတွေ အဆောင်ဆိုရင် ညဘက် ၂ နာရီလောက်ကြီး ရိုက်နှက်တယ်။ ပုံစံထိုင်ခိုင်းထားတယ်။ လူက အိပ်ငိုက်လာရင် ထိုင်ထ လုပ်ခိုင်းတယ်။ မင်းတို့ နိုင်ကျဥ်းတွေက ဘာကောင်တွေလည်း အကုန် ပစ်သတ်မယ် ကြည့်နေတဲ့ အဲလိုတွေပါ ခြိမ်း​ခြောက်ပြောဆိုတယ်" ဟု အကျဥ်းဦးစီး သတင်းရင်းမြစ်က ပြောဆိုသည်။ 

ထို့ပြင် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများသည် ပုံစံဖြင့် ရေးချိုးရခြင်း​၊ နေရာထိုင်ခင်း မသန့်ရှင်းသောကြောင့် ယားနာများ၊ ဝဲများပေါက်ကာ ဆေးကုသမှုမရရှိခြင်း၊ ညပိုင်းတွင် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဥ်းသားများရှိသည့် အိပ်ဆောင်များ၌ မူးရူး ဆဲဆိုခြင်း၊ဘာရာ စောင့်ရသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ခေါ်ယူ ဆဲဆိုပြီး ထိုးကြိတ်မှုများပါလုပ်ဆောင်ကြောင်း၊ အကျဥ်းထောင်အတွင်း ရှာဖွေရေး လုပ် ဆောင် လျှင် နိုင်ငံရေးအကျဥ်းသားများ၏ အဆောင်များကို မွှေနှောက်ကာ ထောင်ဝင်စာပို့ထားသည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရှိရသည်။


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်