Posts

မအလသားအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး

Image
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး  By Yangon Khit Thit News Agency March 24, 2023   ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ မတ် ၁၄ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်း ရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသူ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်

မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

Image
နမ့်စန်လေတပ်မှ လေတပ်အင်ဂျင်နီယာ ၂ ပွင့်ဗိုလ် ရဲသူရ  ရာထူးတိုး မက်လုံး ကြောင့် ရှေ့တန်းထွက်စဉ် ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ရှေ့တန်းမှ ပြန်လာ ပါက  မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ ရန်ကုန်၊ မတ် ၂၄ ခေတ်သစ် ရှမ်းပြည်နယ်၊ နမ့်စန်လေတပ်မှ ၂ ပွင့် ဗိုလ် လေတပ်အင်ဂျင်နီယာ ရဲသူရကို ရာထူးတိုးပေးမည်ဟုဆိုပြီး ရှေ့တန်းကို စေလွှတ်စဉ် ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည် အစပ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရှိရသည်။  ရှမ်း-ကရင်နီ တိုက်ပွဲတွင် လေတပ်ဗိုလ် ရဲသူရ တိုက်ပွဲတွင် သေဆုံးသွားခြင်း ဖြစ် ပြီး အင်အားမရှိ၍ လေတပ် ဗိုလ်ရဲသူရကို  ရှေ့တန်းပြန်လာလျှင် ရာထူး တိုးပေးမည်ဆိုသော မက်လုံးဖြင့် ရှေ့တန်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွား ပြီဟု မိသားစုထံသို့ သတင်းပေးပို့ အကြောင်း ကြား လာကြောင်း သိရှိရသည်။   "နမ့်စန်လေတပ်က နှစ်ပွင့်နဲ့ လပ်တီးကောင်  ရှမ်းကရင်နီ တိုက်ပွဲမှာ သေတာ။ အလောင်းပြန်မရဘူး။ နာမည်က ရဲသူရ တပ်က  မိသားစုကို အကြောင်း ပြန်လာ တယ်။ မတ်လ ၂၅ ရက်နေ့မှာ အလောင်းပြန်မရဘဲ ဆွမ်းသွပ်မယ်။ ရဲရင့်သူက ရှေ့တန်းပြန်လာရင်

နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

Image
မဲခေါင်၊ မတ် ၂၃ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့  အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာ မရှိဘူးလို့ သိရပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးများလာတဲ့ အတွက် မီးလောင်ရာ အနီးအနားမှာ နေထိုင်တဲ့ ဝန်ထမ်းတွေကို ရုံးအချိန်စော ဆင်းပေးပြီး အိမ်ပြန်လွှတ်ခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ "လွှတ်တော်ဝန်း အိမ်ရာ တိုက်ဝန်းမှာနေတဲ့ ဝန်ထမ်းတွေကိုတော့ ရုံးကနေ စောစောပြန်လွှတ်လိုက်တယ်။ မီးက တဖြည်းဖြည်း များလာတော့ မြို့နယ်မီးသတ်က မနိုင်တော့ဘူး။ နေပြည်တော်က မီးသတ်ကားတွေ အပြင် ပျဉ်းမနား မီးသတ်က မီးသတ်ကားတွေပါ လာငြိမ်းရတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး" လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှု၊ ကယ်ဆယ်မှု သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖေစ့်ဘွတ် စာမျက်နှာမှာ တင်ပေးပေမယ့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ မီးလောင်မှု၊ သေဆုံးမှုတွေ ကိုတော့ တင်တာ မတွေ့တော့ဘူးလို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့နေ့လယ် ၁ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အောင်သပြေ ရဲရိပ်သာဝန်း အတွင

ဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင်

Image
 ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မတ်လ ၁၈ ရက် နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိခဲ့စဉ်  ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့် ခဲ့ကြောင်း ဘုရားဖူး ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။  မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းသည် ရှမ်းပြည်နယ် ပင်းတယမြို့သို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ရွှေဥမင် သဘာ၀ လှိုဏ်ဂူ ဘုရားကိုလည်း သွားရောက်စဉ် ဘုရားဖူးပြည်သူများကို  ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းနောက်စိုးဝင်းက သူ့ကို ပြည်သူများက နှုတ်ဆက်နေသည့်ပုံစံမျိုး လိုက် လံနှုတ်ပြီး ဝါဒဖြန့် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။  "ဘုရားကလည်း ရွှေဥမင် သဘာ၀ လှိုဏ်ဂူဘုရားဆိုတော့ ဂူဘုရားပုံစံ။ ဝင် ပေါက် ထွက်ပေါက်ပဲရှိတာကို စစ်သားတွေနဲ့ ပိတ်လိုက်တယ်။ အထဲက ပြည်သူ ကလည်း ထွက်မရ၊ အပြင်ကလူကလည်း ဝင်မရတဲ့အခြေအနေမှာ စိုးဝင်းက ဝင်လာပြီး သူ့ကိုပဲ နှုတ်ဆက်သလိုလို လုပ်တယ်" ဟု ဘုရားဖူးပြည်သူတစ်ဦးက

မင်းလှအခြေစိုက် ခလရ(၁)တပ်က စစ်သား၃ဦး လက်နက်တွေယူကာ ထွက်ပြေး

Image
မင်းလှ မတ်၂၃ ၂၀၂၃ Tharyarwaddy 8 City  ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ် ခလရ(၁)တပ်ရှိ စစ်သား၃ဦးမှာ ယနေ့နံနက် အစောပိုင်းက လက်နက်တွေယူကာ ထွက်ပြေးသွားကြောင်း သိရသည်။  အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းတွင် အချုပ်ကျနေသော စစ်သား၁ဦးအား မတ်လ၂၃ရက် ယနေ့နံနက် ၃နာရီခန့်တွင် ကင်းတာဝန်ကျစစ်သား ၂ဦးမှ အချုပ်တံခါးအား ဖြတ်ဆီး၍ အပြင်သို့ခေါ်ထုတ်ကာ သေနတ်၃လက်နှင့် ကျည်ဆန်များ ယူကာ ထွက်ပြေးခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။ "ဒီမနက်၃နာရီလောက်က ခလရ၁တပ်မှာ အချုပ်ကျနေတဲ့ စစ်သားကို ကင်းကျနေတဲ့စစ်သား၂ယောက်က အချုပ်ခန်းတံခါးကို သော့အတုနဲ့ တိတ်တိတ်ကလေးဖွင့်ပြီး ခေါ်ထုတ်ဖို့လုပ်နေတာ အဲ့ဒါကို မုဒိန်းမှုနဲ့ အချုပ်ကျနေတဲ့ ထွန်းနိုင်ဆိုတဲ့ စစ်သားက သိပြီးအော်ခေါ်တော့ ကျန်သူတွေပါနိုးလာတာပေါ့ အဲ့မှာ ဟိုစစ်သားတွေက အဖမ်းခံရမှာ စိုးလို့ထင်ပါတယ် တံခါးကို ကြုံသလိုဖြတ်ပြီး သေနတ်၃လက်ပါ ယူထွက်ပြေးတာ မနက်ကတော့ ရိုးမဘက်ကိုထွက်ပြေးတယ်ဆိုပြီး တောနင်းရှာနေကြတယ်"ဟု ခလရ(၁) တပ်သတင်းရင်းမြစ်က Tharyarwaddy 8 City ကိုပြ

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေး

Image
အင်အား ၁၅၀နှင့် မြောင်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေးရ   CJ Platform   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ပါ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာရာတွင် ၆၀ ကျော်သာကျန်ရှိတော့သည်ကို ဒရုန်းများဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု Myaung PDF CDSOM မှ တာဝန်ရှိသူ ကိုနွေဦးက CJ Platform သို့ပြောကြားသည်။ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် စစ်ကိုင်း တိုင်းအတွင်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်း ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်နေသည့် အကြမ်းဖက် စစ်ကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း ဒေသခံများက ပြောကြားထားသည်။ “၁၅ ရက်နေ့ကစပြီးစစ်ကြောင်းထိုးနေတာ၊ အဲ့ဒီရက်မှာပဲ ခွေး ၈ ကောင်သေတယ်။ ၁၆ ရက်နေ့မှာ ၉ ကောင်သေတယ်။ ၂၁ ရက်ညမှာ ၁၉ ကောင်သေတယ်။ အလာတုန်းက ၁၅၀ ကျော်၊ ဒီနေ့ဒီကောင်တွေ စစ်ကြောင်းပြန်ဆုတ်တော့ ၆၀ကျော်ပဲတွေ့ရတော့တယ်” ဟု ကိုနွေဦးက ပြောကြားသည်။ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး သေ ဆုံးခဲ့ပြီး၊ အခြားအဆင့် စစ်သားမျာ

ဘောမခွေးတွေကိုက်နေပြီရေမလောင်းကြနဲ့

Image

စစ်ခေါင်းဆောင်ကြီး အတွက် နောက်ထပ် အိမ်မက်ဆိုး

Image
ယင်းသည်က ယခု လာမည့် မေလ အတွင်း ကျင်းပရန် ရှိနေသည့် ထိုင်း နိုင်ငံ ရွေးကောက်ပွဲပင် ဖြစ်သည်။ ထိုင်း ပါလီမန်အား တနင်္လာနေ့က ဖျက်သိမ်းလိုက်ပြီ ဖြစ်၍ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ကို ၄၅ ရက် မှ ရက် ၆၀ အတွင်း ပြုလုပ်ပေးရမည် ဖြစ်သည်။ လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် ဖြစ်ခဲ့သူ ထိုင်းဝန်ကြီးချုပ် ပရာရွတ်အား ထောက်ခံနေမှု များ တဖြေးဖြေး ကျဆင်းလာနေပြီလည်း ဖြစ်သည်။ ပရာရွတ်သည် မင်းအောင်လှိုင်ကဲ့သို့ပင် ၂၀၁၄ တွင် အမျိုးသမီး တဦး ထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့သူ ဖြစ်သည်။ ထိုင်းရှိ မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများမှ မင်းအောင်လှိုင်အား လက်ရှိ ထိုင်းအစိုးရမှ ထောက်ခံနေခြင်းများ အဆုံးသတ်သွားမည်ဟု တွက်ဆနေကြသည်ဟု အယ်ဂျာဇီယား တွင် ဖေါ်ပြထားသည်။ ထိုင်း အတိုက်အခံများ အာဏာရလာမည်ဆိုက အမျိုးသား ညီညွတ်ရေး အစိုးရ အား ထောက်ခံလာဖွယ် ရှိပြီး အမေရိကန် နှင့် လည်း အပြည့်အဝ ပူးပေါင်းလာကြမည်ဟု မျှော်လင့်နေသည်။ မြန်မာ နှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းအစိုးရ၏ မူဝါဒသည် သုံးစားမရ ဖြစ်နေ၍ ရွေးကောက်ပွဲ သည် ယင်း မူဝါဒ အား ပြန်လည် တည့်မတ်ပေးနိုင်မည့် တခုတည်းသော အခွင့်အလန်း ဖြစ်သည်ဟု ချုလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္

တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

Image
By  လမ်းသစ် “ စစ်ကောင်စီကို   မြန်မာနိုင်ငံရဲ့   မှန်ကန်သင့်တော်တဲ့   အစိုးရတစ်ရပ်အဖြစ်   သတ်မှတ်ဖို့   ဆိုတာဟာ   ဘယ်လိုမှ   ကျိုးကြောင်းဆီလျော်တဲ့   ကိစ္စမဟုတ်ပါဘူး ” .... ------------------- ဒါကတော့   ကုလသမဂ္ဂရဲ့     မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ   အထူးအစီရင်ခံစာ   တင်သွင်းသူ   တွမ်အန်ဒရူး  (Tom Andrews)  က   ပြီးခဲ့တဲ့လအတွင်းမှာ   ကျင်းပခဲ့တဲ့   လူ့အခွင့်ရေးကောင်စီ  Conference Room Paper  ကိုမိတ်ဆက်တဲ့   ကုလသမဂ္ဂ   အခမ်းအနားတခုအတွင်းမှာ   ပြောကြားခဲ့တာပါ။   အကြမ်းဖက်   စစ်ကောင်စီဟာ   ကိုယ့်ပြည်သူပြည်သားတွေကို   ရက်ရက်စက်စက်   အကြမ်းဖက်   သတ်ဖြတ်နေပြီး၊ မြန်မာပြည်သူတွေကလည်း   စစ်ကောင်စီကို   အစိုးရအဖြစ်   ဘယ်တုန်းအခါကမှ   သတ်မှတ်ခဲ့တာ   မရှိကြောင်းကိုလည်း   ၄င်းကထည့်သွင်း   ပြောဆိုခဲ့ပါတယ်။   နိုင်ငံတကာအစိုးရများအနေနဲ့   စစ်ကောင်စီရဲ့   တရားဝင်မှု   ရရှိအောင်   လီဆယ်ကြိုးပမ်းမှု   မှန်သမျှကို   သတိရှိကြဖို့နဲ့ စစ်ကောင်စီကို   အစိုးရတစ်ရပ်အနေနဲ့   အသိအမှတ်ပြုရာ   ရောက်တဲ့   ဘယ်ပူးပေါင်းဆောင်ရွက်တာမျိုးကိုမဆို   မလုပ်ဆောင်ဖို့   တို့ကို   တိုက်တွန်းကြောင်းကိုလည်း   လူ့အခွင