Posts

စစ်ခွေးတွေအင်းစိန် ဖောကန်လမ်းတွေထဲရောက်နေ

Image
မှတ်တမ်းလေးတွေယူထားကြပါ ခဏနေလိုင်းပျက် တော့မယ် ဘေးကင်းကြပါစေ  အခုလက်ရှိနော် 12:01Am  ဂျပန်လမ်းလမ်းသွယ် မင်္ဂလာလမ်းလမ်းသွယ်  သူငယ်ချင်းအိမ်ရှေ့မှာနော် ၀င်နေတာမင်္ဂလာလမ်း ကလူတွေတောင်အခုထိမသိကြသေးဘူး နောက်ဆုံး ပုံမှာ Batch မြင်ရပါတယ်နော် တပ်မ၇၇ Line မပိတ်ခင်လူသိသွားအောင်လုပ်ပေးကြဦး  လိုင်းပိတ်ပီးသွားရင်ဘာလုပ်မလဲမသိဘူး လူစုပီးကြွသင့်ရင်ကြွပေးကြပါဦး Edited - အခုလမ်းလူကြီးနဲ့စကားပြောနေပါတယ်တဲ့ နောက်ဆုံးပုံ  UPDATED ပါ ပြန်၀င်လာပါတယ် ပထမတစ်ခေါက် ထပ်အင်အားပိုများပါတယ် 20ကျော်ပါတယ်တဲ့ လူဆွဲဖို့အတွက် 1ထိုးအောင်စောင့်နေတာထင်ပါတယ် Edit. ပိတောက်ရိပ်သာ၃လမ်းကိုဝင်နေပါပြီ ပြန်မထွက် လာသေးပါဘူး ကင်းသမားတွေသတိလေးထားပေးပါ Edit. မဂ်လာလမ်းထဲမာခွေးတွေရှိပါ​သေးတယ် Edit. မဂ်လာလမ်းမှာတော့ရှင်းသွားပါပီ အထက်မဂ်လာလမ်းကိုပြန်တတ်သွားပါတယ် ရဲမေတွေလည်းပါပါတယ် အင်အားများ (12:40) Edit. ဂျပန်လမ်းကနေ ဖော့ကန်ဘက်ထွက်လာပါပြီ ကား၃စီးတော့ ပြည်တော်သာဘက်တတ်သွားပါတယ် (12:50) Edit:ခွေးကားတွေအကုန်ပြည်တော်သာဘက်တတ်သွားပါပီ အရပ်ဝတ်တေနဲ့လူတွေတော့ ဖော့ကန်ဘက်လာနေပါတယ် ကိုယ့်လမ်းထဲကဘယ်သူတွေထွက်သွားလဲ  တချက်ကြည့်ပေးကြပါ (12:53) ဖော့ကန် ဂျပ

ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိ

Image
မြန်မာ့ပုဂ္ဂလိကဘဏ်များကို စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိတယ်လို့ အင်္ဂလန်ထုတ် Euromoney စီးပွားရေးမဂ္ဂဇင်းမှ ရေးသားလိုက်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ CEO အမေရိကန်လူမျိုး Michael Denoma ကိုလည်း ဆက်သွယ်လို့မရတဲ့အပြင် ရာထူးကနေ ဖေဖော်ဝါရီလကတည်းက နှုတ်ထွက်သွားပြီလို့လည်း သူ့ရဲ့ Linkedln profile မှာ အရင်တပတ်ကြာသာပတေးနေ့ကဖော်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများသို့ မတ်၁၂ရက်နေ့က ဖြန့်ဝေတဲ့စာတစောင်မှာလည်း "ကမ္ဘောဇဘဏ်ဝန်ထမ်းတွေကသာ ဘဏ်ကိုပြန်မဖွင့်ဘူး ဆိုရင် အခြားအပြင်ကလူတွေ လာပြီး ဖွင့်မှာဖြစ်တဲ့အတွက် ပြန်လည်အလုပ်ဆင်းကြဖို့" တောင်းဆိုကြောင်း ရေးသားထားတာပါ။ credit https://www.euromoney.com/article/28b5xsh7e83kkutxsxmgw/banking/nationalization-looms-over-myanmars-banks-with-key-executive-out-of-contact?

မနက်က မိုးညှင်းမိုးဒါးစုတံတားအောက်မှာ ဝင်ပုန်းရင်း အပစ်ခံရတဲ့ကလေး ခုရင်ခွဲရုံမှာ

Image

အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်

Image
 အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည် DVB ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။  ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ  သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ  CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။ CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ  ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း တွေ့ရပါတယ်။  ဒီလိုထည့်ဝင်လိုက်ခြင်းဟာ အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အခွန်မဆောင်ပဲ အန်တုတာ ဖြစ်သလို CRPH ကဖွဲ့ပေးတဲ့ အစိုးရသာ တို့အစိုးရလို့ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်လိုက်တာ လည်း ဖြစ်တယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်က ပ

ကျောက်မြောင်းက ဆန္ဒပြပွဲ

  Mizzima - News in Burmese

လာဘ်စားတယ်ဆိုတာကတော့ တကယ့်ဟာသပျက်လုံးပဲ

Image
သူမရဲ့လက်ကျန်သက်တမ်းမှာ တနေ့တအိမ် ထမင်းလိုက်စားမယ်ဆိုရင်တောင် အသက်-၁၀၀ပြည့်တဲ့အထိ အိမ်စေ့မှာမဟုတ်ဘူး။ "ကျွန်မကိုဘာလက်ဆောင်ပေးကြမှာလဲ" လို့သာ တောင်းကြည့် ရွှေ (၇) ပိဿာမပြောနဲ့ တနိုင်ငံလုံးကလူတွေ သူတို့ရှိတဲ့ရွှေတွေ လက်ဆောင်ပေးကြလို့ ကွန်တိန်နာနဲ့ သယ်ရမယ်။ "ငြိမ်းချမ်းရေး"ကလွဲရင် ဘာမှမလိုချင်တဲ့အမျိုးသမီးကို "ငြိမ်းချမ်းရေး"ကလွဲရင် အကုန်လိုချင်တဲ့လူတွေက ပေါက်လွှတ်ပဲစားစွပ်စွဲနေတာ လမင်းကိုခွေးဟောင်နေတာပဲ။ Credit

မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့ ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်

Image
ဒီနေ့ အိန္ဒိယသမုဒ္ဒရာထဲဆိုပေမယ့် မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့ ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ ဒီထဲမှာ ရေဒါပျောက် အမြန်မောင်း  လှေငယ်လေးတွေနဲ့ လေ့ကျင့်နေတာ တွေ့ရပါတယ်။ ရေဒါပျောက်တဲ့လှေငယ်ဆိုပေမယ့် အတွင်းမှာ ဟမ်းမားစစ်ကား အနည်းဆုံး  (၃) စီးလောက် အလွယ်တကူ  တင်ယူလို့ရတာလည်း တွေ့ရပါတယ်။ အဓိကကတော့ အဲဒီထဲမှာ The 7thfleet guided missile detroyer လို့ ခေါ် ဒရုန်းခွင်း ဒရုန်းတွေ ပါဝင်နေပြီး FM35 လို့ ခေါ်တဲ့ ကိုယ်ပျောက်လေယာဉ်က ရှေ့ပြေး သွားနေ တာကိုလည်း တွေ့ရသည့်အပြင်  Ships of Detroyer Squadrons တွေပါ  ပါဝင်နေတာကို တွေ့ရှိရပါတယ်။ ၂၄-၀၃-၂၀၂၁ Crd

တိတ်ဆိတ်ပြီးနောက် ယနေ့ရန်ကုန်...

Image
(25/03/2021) ရန်ကုန် အင်ဂျင်နီယာ စုပေါင်းသပိတ် Photo Credit;

တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Image
 KIA က စစ်​ကောင်စီ တပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ ရန်ကုန်၊ မတ် ၂၅  KIA က မတ်လ ၂၄ ရင်​နေ့ညပိုင်း KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ​ကြောင်း KIA သတင်းအသိုင်းအဝိုင်းက သတင်းထုတ်ပြန်သည်။ KIA တပ်မဟာ ၅က  မတ်လ ၂၄ ရက်နေ့  အာဏာသိမ်းစစ်အုပ်စု ၏ အခြေစိုက်  စခန်း Alaw Bum နှင့်အနီးနား ရှိ စခန်းများကို KIA စစ်သည်တို့ အပြင်းအထန် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ စစ်​ကောင်စီတပ်မှ တပ်ရင်းမှုးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ရဲဘော်သုံးဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထား​ကြောင်း၊ စစ်သုံ့ပန်းများကို ယခု အချိန်တွင် စစ်သုံ့ပန်း စည်းကမ်း အရကောင်း မွန်စွာ ထိန်းသိမ်း ထားကြောင်းKIA သတင်းအဝန်းအဝိုင်းဖြစ်​သော Kachin Liberation Mediaက သတင်းထုတ်ပြန်ထားသည်။ ​credit Khit thit  media https://www.facebook.com/385165108587508/posts/1156718964765448/

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ

Image
နားကားပါပြီ ___________ UN Human Rights Council မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု VOA Burmese မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သား အစိုးရကို ဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ကို ပယ်ဖျက်တာ၊ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းတွေ၊ နိုင်ငံရေးသမားတွေ သတင်းသမားတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးကောင်စီက အပြင်းအထန် ကန့်ကွက် ရှုတ်ချထားပါတယ်။ လက်ရှိကျင်းပနေတဲ့ ၄၆ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးအခြေအနေတွေကို အလေးထားဆွေးနွေးနေကြတာမှာ မြန်မာပြည်အရေးကိစ္စကလည်း အဓိက ဆွေးနွေးစရာအကြောင်းတခုဖြစ်ခဲ့ပါတယ်။ အဆိုမူကြမ်းတင်သွင်းတဲ့ EU ဥရောပသမဂ္ဂရဲ႕ကုလကိုုယ်စားလှယ်က မြန်မာ့လူ့အခွင့်အ

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အတွင်းမှဒလန်များ

Image

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်

Image
KNG   24th March 2021 ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာချုပ်နှင့် နီးကပ်သော ဒေါ့ဖုန်းယန်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး တိုက်ခိုက်နေကြောင်း သိရသည်။ သေနတ်သံအချို့ကို KIO/KIA ဗဟိုဌာနချုပ်မှပင် ကြားနေရကြောင်း လိုင်ဇာဒေသခံများထံမှ သိရသည်။ စစ်ရှောင်များ ပြန်လည်နေထိုင်သော မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ လွယ်မောက်ယန် ၊ နွမ်းလန်ယန် စသည့်ကျေးရွာများမှလည်း သေနတ်သံကို ရှင်းလင်းစွာ ကြားနေရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။ “အကြာကြီး စစ်ဖြစ်လို့ထားခဲ့ပြီးမှ အခုပြန်လာနေထိုင်တော့ အခုတစ်ခါသေနတ်သံတွေ ကြားနေရလို့ ဘယ်လို လုပ်ရမလဲ စိုးရိမ်နေကြတယ်။” ဟု ပစ်ခတ်သံ ကြားနေရသည့် ဒေသခံ တစ်ဦး က ပြောသည်။ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ အောက် အလောဘွမ်၊ ဂျော်မော် စသည့်နေရာများတွင် ဖြစ်ကြောင်းလည်း သိရသည်။ ထိုနေရာများတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KIA သတင်းတစ်ချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ

သင်္ယန်းကျွန်မြို့နယ် ငမိုးရိပ် (8) လမ်း ​မင်း​အောင်လှိုင် ရဲ့ စစ်​သွေးကြွ အဖွဲ့ လူသတ်မှူမှတ်တမ်း ဗွီဒီယို

Image
G သင်္ယန်းကျွန်မြို့နယ် ငမိုးရိပ် (8) လမ်း ​ခွေးသူ​တောင်းစားမင်း​အောင်လှိုင် ရဲ့ စစ်​သွေးကြွ သူပုန်အဖွဲ့ လူသတ်မှူမှတ်တမ်း ဗွီဒီယို 11-3-21

ပခုက္ကူအရှေ့ပိုင်း ရဲစခန်းဘက်မှာပစ်နေတယ်

Image
ပခုက္ကူအရှေ့ပိုင်း ကိုမောင်းနေတာပါ ရဲစခန်းဘက်မှာပစ်နေတယ် မီးတွေပိတ်ပြီးဝပ်ခိုင်းထားတယ်လာတဲ့လူတွေကိုရိုက်နှက်ပြီးဒူးထောက်ခိုင်းထားတယ်စစ်ကားတွေလည်းအများကြီးရဲစခန်းဘက်ကိုသွားနေတယ်တဲ့ ပခုက္ကူ စျေးဆိုင်တွေမပိတ်ထားဖို့လိုက်ကြေငြာနေတယ်

ဖါကိုအပျိူစင်ဖြစ်အောင်ပြောသလိုမျိူး

Image
ဆက်စစ်လိုက်တော့ဆန်ဆီဝယ်ထားတာတွေ ပညာသင်စာရိတ်ထုတ်ပေးလိုက်တာတွေ တွေတွေတွေ ပဲထွက်လာတယ်၊ သူတို့အုပ်စုကဟာတွေလိုဇီးသီးဗန်းမှောက် သလိုအိတ်ထဲထည့်တာမရှိဖူး၊ ပညာသင်ဆုရတဲ့သူတွေကလဲ ပို့စ်တွေတင် ဆော်ကြတယ်၊နာရေးကူညီမှု၊ပြေတီဦး ဖေါင်ဒေးရှင်းတွေအကုန်စာရင်းဇယားနဲ့ ရိုးသားကြတာချည်းပဲ၊ နောက်ကြောင်းမပြန်ချင်ပေမယ့်ပြောရအုံးမယ် ကနေဒါကအိုင်ဗင်ဟိုးကဆန်ရှင်ချလို့ပြန်အထွက် ဝမ်ပေါင်ကမဝင်ခင် တူးပြီးသားကြေးနီနဲ့စက်ပစ္စည်း တွေသန်းရွှေသမီးတွေကရောင်းစားတာရော ဝမ်ပေါင်ကိုလုပ်ကွက်ပေးတဲ့အတွက်ရောဒေါ်လာ သန်း၃၀၀ကျော်ရခဲ့တယ်၊  သန်းရွှေသမီးတွေထဲကတယောက်လောက် အခုလိုပရဟိတအဖွဲ့လေးဟန်ပြလောက်တောင် လုပ်ပြခဲ့လား? ဒီမယ်ဇော်မဲလုံး...... လူဆိုတာမိုက်ရိုင်းရင်တောင် ပင်ကိုယ်စိတ်ကရိုးသား ရတယ် သတင်းစာရှင်းလင်းပွဲမှာ ဖါကိုအပျိူစင်ဖြစ် အောင်ပြောသလိုမျိူး မင်းပထွေးမင်းအောင်လှိုင်ကို ကြပ်ကြပ်ကာကွယ်၊  social punishment တွေက မင်းရဲ့မိသားစုပုန်းနေတဲ့ နေရာလိပ်စာနဲ့တကွသိတယ်နော်။ဒီလောက်ပဲပြောမယ်

US ဂျပန် ဩစီ အိန္ဒိယ လေးနိုင်ငံအစည်းဝေးပြီးစီး

Image
ဒီနေ့တိုကျိုမှာUS ဂျပန် ဩစီ အိန္ဒိယ  လေးနိုင်ငံအစည်းဝေးအပြီးဂျပန်မှ စစ်စရိတ် တစ်ဝက်တိတိကျခံ၍ တောင်ကိုရီးယားမှ လိုအပ်တာမှန်သမျှအကုန်ကူညီသွားမည် ဟု ကြားရသည်။အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုတောင်တရုတ်ပင်လယ်မှ ထွက်ခွာလာကာမာလက္ကာရေလက်ကြားကိုဖြတ်ပြီးမြန်မာရေပိုင်နက်ဆီသို့ ဦးတည်ခုတ်မောင်းနေပါတယ်လေးနိုင်ငံရေတပ်တွေ စုံပြီးစစ်ရေးလေ့ကျင့်မှု့တွေကို  မြန်မာရေပိုက်နက်အနီးမှာ လုပ်ပါမယ် ပြင်သစ်နဲ့ ဂျာမဏီကပါထပ်ပြီး အားဖြည့်ပေးဖို့ အရန်သင့်ရှိနေပါတယ်။  အကြမ်းဖက်စစ်တပ်မှာ ပစ်စရာ ကျည်ဆံမရှိတော့ဘူတပ်မ ၃၃ နဲ့ တပ်မ ၇၇ ကို ဆန်ရှင်လုပ် လိုက်တာက တပ်မတော်အတွက်ပြသနာ တပ်မတွေမှာသုံးနေတဲ့ အမေရိကန်ထုတ် M 1 carbine တွေရဲ့ ခဲယမ်းဖြစ်တဲ့ 7.62 X 33mm ခဲယမ်းတွေ နောက် Smith and Wilson က .38 ခဲယမ်းတွေမရနိုင်တော့ပါဘူး စစ်ကောင်စီတပ်တွေအတွက်ပြသနာပါ ဒါ့အပြင် တင့်ကားတပ် က commet တင့်တွေအတွက် ၇၇ မီလီမီတာကျည်များကိုပါ ဗြိတိန်ကကန့်သတ်လိုက်တာကြောင့် တပ်ပျက်နေပါပြ်ီ အရေးတော်ပုံအောင်ရမည် Credil

လက်နက်ခဲယမ်းအပြည့်အစုံရှိမရှိပဲသိချင်တာ စုံစမ်းနေတာကြာပြီ👇👇👇👇👇👇👇👇

Image

ရပ်ကွက်ထဲ မှာ ဂျို ကြွ နေတဲ့ ဒလံတစ်ကောင် ရှိတယ်

Image
ရပ်ကွက်ထဲ မှာ ဂျို ကြွ နေတဲ့ ဒလံ တစ်ကောင် ရှိတယ်တဲ့ ။ ချာတိတ်တွေ က ညဖက်ကြီး သူ့ ခြံ ဒေါင့် မှာ လေးဂွ ၂ လက် ရယ် ၊  ဂျင်ဂလိ ဆယ်ချောင်း ရယ် ၊  ဓါတ်ဆီ တပုံး နဲ့ ပုလင်းလွတ် ငါးလုံးရယ်   သွားဖွက် ထားကြတယ် ။ မနက်ရောက်တော့ လမ်းထိပ် မှာ ရောက် နေတဲ့ ဟိုကောင်တွေ ဆီ  လူကြီး တစ်ယောက်  က သွား သတင်းပေးတယ် တဲ့ ။ မကြာပါဘူး ၊ ဒလံ အိမ် ကို လာဝိုင်း ကြတော့တာပါပဲ ။ ရပ်ကွက်ထဲ က လူငယ်တွေ ကလည်း အိမ်နား ရစ်သီ ရစ်သီ လုပ်ပြီး  ငါ တို့လူ ကို ပြန်လွှတ် ပေးလို့ အော် ပြေးကြ တယ် ။ တခါအော် ပြေးလိုက် ၊ ဟိုကောင် လည်း တခါ အဗြင်း ခံလိုက် ရနဲ့ ခပ် မျော့မျော့ ပဲ ကျန်တော့ မှ ဂုတ် ဆွဲ ကားပေါ် တင်ပြီး ခေါ် သွားကြတယ်တဲ့ ။ ဂျန်ဇီ တွေ တကွက်ပြလိုက်တာ ။ Crd #

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

Image
အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့လိုက်တဲ့ တပ်မ ၃၃ ၊ တပ်မ၇၇ နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ တပ်ရင်း တည်နေရာများဟာ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ။ အောက်ဖော်ပြပါ တပ်မ တပ်ရင်းများ အနီးရှိ  ပြည်သူများအနေဖြင့် သတိကြီးစွာဖြင့် နေထိုင်ကြပါ။ ဖြစ်နိုင်လျှင် ရွှေ့ပြောင်းနေထိုင်ကြပါ။ အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် မှာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် တည်ရှိသည်။ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင်  အမှတ် (၃၃၁) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ အမှတ် (၃၃၂) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ အမှတ် (၃၃၃) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁ဝ) ရင်း ရှိသည်။ အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်- ခမရ(၁၁)-ရွှေဘို ခမရ(၁၂)-ရွှေဘို ခမရ(၁၃)-စစ်ကိုင်း ခမရ(၁၁၁)-ဝန်းသို ခမရ(၁၁၆)-ပုသိမ်ကြီး ခမရ(၁၁၉)-ပုသိမ်ကြီး ခမရ(၁၂ဝ)-ဝန်းသို ခလရ(၄)-ပုသိမ်ကြီး ခလရ(၄၂)-ရွှေဘို ခလရ(၇၆)-မန္တလေး-အုန်းချော လက်ရှိတပ်မမှူးမှာ ဗိုလ်မှူးချုပ်အောင်အောင်(စစ်တက္ကသိုလ်အပတ်စဉ်-၃၅)ဖြစ်သည်။ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် အမှတ်(၇၇)ခြေမြန်တ

ထောင်ထဲမှာ အတော်ကြောက်လာပုံပဲ

Image