ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရကျောင်း ဆရာတော်၏ သက်တော် ၆၀ ပြည့် မွေးနေ့အကြိုလှူဒါန်းပွဲကို အင်လျားကန်စောင်းရှိ Lotte ဟိုတယ်၌ တခမ်းတနား ပြုလုပ်ခဲ့ပြီး ပြင်ဦးလွင်မြို့တွင် ပြုလုပ်သော စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က Rolls-Royce ကားကြီး စီးကာ ကြွရောက်လာသည်။ Myanmar Now Published on Mar 9, 2023 ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် နာမည်ကြီးဟိုတယ်တစ်ခု၏အတွင်းပိုင်း ခန်းမကျယ်ကြီးအလယ်၌ စင်မြင့်လျှောက်လမ်းအတိုင်း ဗုဒ္ဓဘာသာရဟန်းအချို့ ဟန်ပါပါ လမ်းလျှောက်ဝင်လာသည်။ ပရိသတ်အပေါင်း ခြံရံထားသည့် လျှောက်လမ်း (Catwalk) ပေါ်၌ တစ်ပါးစီ လမ်းလျှောက်ဝင်လာပုံမှာ နိုင်ငံခြားတိုင်းပြည်များမှ အထင်ကရ ဖက်ရှင်ရှိုးပွဲအလားပင်။ ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် ကိုယ်ဟန်ပြမော်ဒယ်များနှယ် လျှောက်ဝင်လာသူများမှာ မြန်မာနှင့် သီရိလင်္ကာမှ ရဟန်းများဖြစ်သည်။ နာမည်ကြီးဆရာတော်တစ်ပါး၏ မွေးနေ့အကြို သီရိလင်္ကာနိုင်ငံသို့ ဆန်အိတ်များလှူဒါန်းပွဲ တက်ရောက်လာခြင်းဖြစ်ကာ ရန်ကုန်မြို့ အင်လျားကန်စောင်းရှိ စစ်တပ်နှင့် အကျိုးစီးပွားဆက်နွှယ်နေသော Lotte ဟိုတယ်၌ လွန်ခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့ခ