Posts

နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး

Image
က မင်းတပ်တွင် စစ်ကား ၄၃ စီးပါ စစ်ကြောင်းကို CDF က ရှေ့နောက် ညှပ်တိုက်စဉ် နောက်ဆုံးစစ်ကား မောင်းပြေး၍  အကာအကွယ်မဲ့ပြီး တပ်သား ၂၀ ခန့် သေဆုံး၊ နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး By ရန်ကုန်ခေတ်သစ် နိုင်ငံတစ်ဝန်း ယမန်နေ့နှင့်ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ ၉၀ နီးပါး သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။  ချင်းပြည်နယ်၊ မင်းတပ်တွင် စစ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူ များပြား၊ စစ်ကားမောင်းပြေးမှုကြောင့် စစ်သားများ အသေအဆုံးများ ========================================= နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သတင်းထုတ်ပြန်သည်။  နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း‌တွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင်  စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီး  CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း သိရှိရသည်။  ယင်းနေ့တွင်

အကြမ်းဖက် မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းအရေးယူရေးအရပ်ဘက်အဖွဲ့ ၅၂၁ ခု တောင်းဆို

Image
ရန်ကုန်၊ နိုဝင်ဘာ ၅  မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် အရပ်ဘက်အဖွဲ့ ၅၂၁ ခုက တောင်းဆိုလိုက်သည်။  ချင်းပြည်နယ်တွင် ထန်တလန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း ဖိနှိပ် သတ်ဖြတ် ဖျက်ဆီးမှုများ လုပ်ဆောင်နေသော မြန်မာစစ်ကောင်စီ အကြမ်းဖက်မှု ကို အဆုံး သတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။  ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ အရှိန်အဟုန်ဖြင့် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန်နှင့် မြန်မာနိုင်ငံတွင် လျင်မြန်စွာ ဆိုးရွားလာနေသော လူ သားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် အရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂကို တောင်းဆိုကြသည်။  ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်  မြန်မာစစ်တပ်ကို လက်နက်ရောင်းချပိတ်ပင်ရေး ချမှတ်ရန် တောင်းဆိုလိုက်ပြီး စစ်တပ်သည် နိုဝင်ဘာလ ၃ ရက်နေ့အထိ လူပေါင်း ၁၂၃၆ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၉၆၆၇  ဦး မတရား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။ 

သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့

Image
394x392 ( မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော ဂန္ဒမာ (မဇ္စျိမ ) ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့်  ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။  ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ်  နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။  ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။  ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့ ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ ငြိမ်သွားခဲ့ကြောင်း၊ ယ

NUG ငွေတိုက်စာချုပ်တွေကို ဘယ်လိုဝယ်ယူလို့ ရနိုင်မလဲ

Image
နောင်နောင်/မဇ္ဈိမ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားသည်။  ငွေတိုက်စာချုပ်ဆိုတာဘာလဲ  ငွေတိုက်စာချုပ် (ချေးငွေစာချုပ်) များကို နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်က ငွေကြေးလိုအပ်သည့်အချိန်တွင် ငွေတိုက်စာချုပ်များကို ပြည်သူများအား ထုတ်ရောင်းကာ ပြည်သူများထံက ချေးငွေယူသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စာချုပ်ပါ သတ်မှတ်ကာလ ပြည့်ပါက ထိုစာချုပ်တန်ဖိုးကို အစိုးရက ပြန်လည်ပေးချေရသည်။  ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကမ္ဘာစစ်အသုံးစရိတ် ပြင်ဆင်ရန်အတွက် အစိုးရက ပြည်သူ့ထံမှ ငွေချေးယူသည့်သဘောဖြင့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းလေ့ရှိပြီး NUG အစိုးရက တော်လှန်ရေးကာလ အတွက် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းသည် ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။  “အခုလိုမျိုး တော်လှန်ရေးကာလ အထူးငွေတိုက်စာချုပ်များကို ထုတ်ဝေရောင်းချရခြင်းက NUG အစ

ဘိုကလေးမြို့တွင် ကျောင်းဝတ်စုံမဝတ်၊ ဝန်ထမ်းကတ် မပါသည့် ဆရာမ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က နားရင်းအုပ်ဟုဆို

Image
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ကျောင်းတက်သွားမည့် ဆရာမ သုံးဦးအား ကျောင်းဝတ်စုံ ယူနီဖောင်း မဝတ်သည့်အပြင် ဝန်ထမ်းကတ်လည်း မပါသောကြောင့် စစ်ကောင်စီတပ်များကခေါ်ပြီး နားရင်းအုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။  အဆိုပါ ဆရာမသုံးဦးသည် ဘိုကလေးမြို့၊ ပူတင်းစုရွာ စာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာမများဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်က ဗိုလ်ချုပ်​ကြေးရုပ်အနီး အဝိုင်းကြီးတွင် စစ်ကောင်စီတပ်များက ခေါ်ယူစစ်ဆေးရာမှ နားရင်းအုပ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။  "အဲဒီဆရာမသုံးယောက်က သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာထင်တယ်။ Non CDM တွေဆိုတော့ ဝိုင်းပြောမှာစိုးလို့ ယူနီဖောင်းဝတ်မလာကြဘူး။  ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်တပ်ကခေါ်ပြီး စစ်ဆေးမှ ဝန်ထမ်းကတ်က ပါမလာ ယူနီဖောင်းကလည်း ဝတ်မလာတော့ သုံး ယောက်လုံးကို နားရင်းအုပ်ပြီး ကျောင်းသွားခိုင်းလိုက်တာပါ" ဟု ဒေသခံတစ်ဦးက ဆိုသည်။  ဧရာဝတီတိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ဆရာတစ်ဦးက " ဒီကောင်တွေက စာမတတ်၊ ပေမတတ်တွေဆိုတော့ ဆရာ၊ ဆရာမရဲ့တန်ဖိုးကိုလည်း နားလည်မှာမဟုတ်ဘူး ။ ဆရာမတွေကို နားရင်းအုပ်တယ် ဆိုတာတော

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

Image
တိုင်းပြည် ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေ၊  ချင်း​၊ စစ်ကိုင်း၊ မကွေးနှင့်ကရင်နီတို့တွင် စစ်တပ်က ဘာသာရေးနှင့်ပြည်သူပိုင်များကို တိုက်ခိုက်မှု PPST ပြင်းထန်စွာ ရှုတ်ချ ခေတ်သစ်မီဒီယာ ရန်ကုန် ၊ နိုဝင်ဘာ ၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့ပေါင်းစုထားသော PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်၍ သတိပေးလိုက်သည်။  PPSTက  ချင်းပြည်နယ် ထန်တလန်အပါအဝင် စစ်ကိုင်း၊ မကွေးနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူများ၏ ဘာသာရေးအဆောက်အအုံအပါအဝင် အိုးအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် ကြေညာချက် တွင်ဖော်ပြထားသည်။  PPST အနေနှင့် ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားများကို စုစည်းရန် ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်သူများရင်ဆိုင်ရသည့် အကျပ်အတည်းသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလ

ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။

Image
 (နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်  ဖြစ်တဲ့ ဒီ ပို့စ်ကို ရှားရှားပါးပါး ရှာတွေ့ ပြီး copy ယူမရအောင် link ချပြီးပဲတင်ထားလို့  ခဲခဲယဉ်းယဉ်း တပိုဒ်ချင်းစီကူးယူ  စာရှည်တော့ စာဖတ်တွေ ပျင်းမှာစိုးလို့ တပိုဒ်ချင်းစီကို အဖြတ်အတောက် တွေနဲ့တစ်နာရီနီးပါးကြာအောင် အချိန်ပေးခဲ့ရပါကြောင်း...)credit... တကယ်တော့ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။ ဒေါသအလွန်ကြီးတဲ့ ဦးနေဝင်းဟာ  သေခါနီးမှာ သူသိပ်ချစ်ခဲ့တဲ့ မြေးတွေကို  တွေ့ခွင့်မရတော့ပဲ ၊  လုံလောက်တဲ့ ဆေးကုသမှု့ကို မရရှိတော့ပဲ ဗုံးဗုံးလဲဘဝမှာ တုံးလုံးလဲအဖြစ်နဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေကို  ရင်ဆိုင်ရင်း  မျက်ရည်နဲ့မျက်ခွက် နာကြီးချက်  တောက်ခေါက်သံတွေနဲ့အတူ နှစ် လုံးသွေးတွေပွင့်ကျပြီး အသေဆိုးနဲ့ သေသွားခဲ့ရတာ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင်တော့  သူလဲ ဝဋ်လည်သွားခဲ့တာပဲပေါ့ ။ အာဏာရှင်ကြီးဦးနေဝင်းရဲ့ ကျရှုံးရခြင်း  အကြောင်းတရားတွေက အာဏာနဲ့  တိုင်းပြည်ကို အိမ်ခြံဝင်းထဲမှာ မွေးထားတဲ့ တိရိစ်ဆာန်တွေလို သဘောထားပြီး  ကြိုက်တဲ့နေ့မှာ ကြိုက်တဲ့သတ္တဝါကို  ရိုက်သတ်ချက်စားတတ်တဲ့ အာဏာ ရှင်တို့ရဲ့ အလေ့အထတွေက ဇာတ်လမ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

Image
ဘိုတု   မန္တလေးသွားတာလည်း   ဓာတ်ဆင်ဓာတ်ရိုက်   အတွက်ပဲ။ မနက်က   ဘိုတု   အောင်သပြေ   ကိုင်ပြီး   မဟာမြတ်မုနိဘုရားကြီးကပုံ   တွေ့လိုက်တယ်။   ကျောက်ဝိုင်းမှာ   အစောင့်များလို့   ဗုံးစာထိသေးတယ်။   ရွှေကျီးမြင်   ဘုရားကိုလည်း   သွားတယ်တဲ့။   အလာအလာအရ  " မဟာ၊   ကြီးမြင့်၊   ချမ်းသာ "  ဓာတ်   လာယူတာပဲ   ဖြစ်မယ်။ မဟာမြတ်မုနိဘုရားကြီး၊   ရွှေကျီးမြင်ဘုရား၊   ချမ်းသာကြီး   ဘုရားတွေမှာ   အလှူတူ၊   ဆုတောင်းတူ   ပေါ့။   ဆုတောင်း ပြည့်တယ်တဲ့။   မဟာမုနိ   နဲ့   ချမ်းသာကြီး   ဘုရားတွေမှာ   ရွှေကပ်လို့ရပေမယ့်။   ရွှေကြီးမြင်မှာတော့   မှန်နဲ့   ပိတ်ထား‌တာမို့   စောင်းတန်းထဲက   ဘုရားတွေကိုပဲ   ကပ်ရတယ်။   သို့ပေမင့်   ဂေါတွေက   ဘိုတုအတွက်   မှန်ခန်း   ဖွင့်ပေးမှာပါ။ ဒီဓာတ်က   ကျဉ်းကြပ်ထဲ   ရောက်ရင်   လုပ်ရတာ   ဆိုပေမယ့်   စီးပွားရေး   နဲ့   ဆိုင်တာမှာ   လုပ်ရတာမျိုး။   ဘိုတု   ရဲ့   အခုအခြေအနေနဲ့   မသက်ဆိုင်။   သူ့ကို   ထုံးစံအတိုင်း   ဗေဒင်ဆရာက   ချွန်လိုက်ပြန်ပေါ့။ ခုရက်ပိုင်း   ဘိုတု   ယတြာခြေတာ   အရမ်းစိပ်လာတယ်။   ဒီပုံအတိုင်းဆို   မကြာခင်   တန်ခိုးကြီး   ဘုရား   တဆူဆူကို   ထီးတော်   တင်လိမ့

ညွှန်ချုပ်လောက် ရာထူးလေးရတာနဲ့တင် ဘီလျံနာဖြစ်လာနှိင်တယ်

Image
မြန်မာပြည်မှာညွှန်ချုပ်လောက် ရာထူးလေးရတာနဲ့တင် ဘီလျံနာဖြစ်လာနှိင်တယ် ဦးအောင်ကိုဝင်းလောက်ချမ်းသာပြီလူမသိ သူမသိ ငြိမ်သက်နေတဲ့ မိသားစုအကြောင်း  ဦး ကျော်ကျော်ဟန် ရေတပ်ဗိုလ်ဟောင်း အခုလက်ရှိရာထူးကိုမသိပေမယ့် ၂၀၁၆ မှာ ညွန်ကြားရေးမှူးချုပ်၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနကြီး၊ နိုင်ငံတော်သမ္မတရုံး အဖြစ်ရာထူးတိုးပါတယ်။  ချမ်းသာမှုက အောင်ကိုဝင်း ချမ်းသာတာနဲ့ Level တူ or ပိုချမ်းသာပါတယ်။ သမီးသုံးယောက်ရှိတာ အကြီးဆုံးက  Jo Joe (aka) ရတနာဆုဟန် - Coventry University (UK) က MBA ၂၀၁၈ မှာရပြီး သီလဝါမှာ Projectကြီးတခုလုပ်နေပါတယ်။  အလတ်က မေသင်္ကြန် Oklahoma University ကနေ Mass Communication နဲ့ဘွဲ့ရပြီး စင်္ကာပူမှာအလုပ်လုပ်ပြီးနေပါတယ်။ စင်္ကာပူကအကောင့်တွေမှာ သူတို့မိသားစုပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိနေလဲ? အငယ်ဆုံးက ရွှေဥ၊ နိုင်ငံတော်သမ္မတပညာသင်ဆုရပြီး St. George\"s University of London မှာ ဆေးကျောင်းသူပါ။    သူတို့မိသားစုက အရမ်းလျို့ဝှက်ပါတယ်။  Jo Joe ရဲ့အချစ်ဆုံးသူငယ်ချင်းရှိရာ တရုတ်ပြည်ဆီသွားလည်တဲ့အခါမှာ (စီးပွါးရေးကိစ္စနဲ့အလည်အပတ်) သူ့သူငယ်ချင်းအဖေက Jo Joe ရောက်လာတဲ့အတွက် Jo Joe ကို လေယာဉ်စင်းလုံးငှားပ

ဘီလ်ရစ်ချတ်ဆန်မှပြောသော မအလ၏ အငြိုးထားမှု

Image
မအလဟာ အငြိုးကြီးပါတယ်။ ယခုဖြစ်နေတာတွေ အဖမ်းခံရသူတွေအားလုံးဟာ မအလရဲ့ အငြိုးစာရင်းနဲ့ လုပ်နေတာပါ။ မအလရဲ့ ပထမပစ်မှတ်က DASSK နဲ့ သမ္မတကြီးပါ။ ပြီးရင် မန်းဝန်ကြီးချုပ်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မကွေးဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ပါ။ အဆိုပါလူများဟာ DASSK ရဲ့ အတွင်းလူများလို့ မအလကသတ်မှတ်ပါတယ်။ ဒါ့ကြောင့် အဆိုပါလူတွေဟာ ဘယ်လိုမှ မလွတ်မယ့်လူတွေပါ။ ကျန်လူထဲက ကွီးဖြိုးက သူ့ကိုညွှန်ချုပ်ပြောတာတွေ စစ်တပ်ဂွင်ကို ဖျက်တာတွေကြောင့် လူကိုမသတ်ဘဲ နာမည်သတ်ဖို့ ပြင်ထားတာပါ။ သူနိုင်ငံရေးသေ၊ နာမည်သေအောင်ပါ။ သူ့မိန်းမက ဓားစာခံပေါ့။ DASSK အမှုပြီးရင် သူ့ကိုအခြားအမှုတွေနဲ့ ဆက်ဆွဲမှာပါ။ နှစ်ခါနာပေါ့။ သသလဲမလွတ်ပါဘူး။ ဒါပေမယ့် ယခုအချိန်ဟာ ယခုခေတ်ဟာ NUG ခေတ်ဖြစ်သွားလို့ ကွီးဖြိုးတို့ဖမ်းတာ နာမည်သတ်တာဟာ ဘာမှအရေးမကြီးတော့ပါ။ ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံရေးသူရဲကောင်းအသစ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ အမေရိကန်က Bill Richardson ဘီလ်ရစ်ချတ်ဆန်ဟာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ပါ။ ဘယ်သူ့ရဲ့ကိုယ်စားလှယ်မှ မဟုတ်ပါ။ သူ့ဖာသာ အလွတ်သဘောလာတာပါ။ DASSK လက်ထက် မအလရဲ့ဖက်ဆစ်တပ်ကသတင်းထောက် ဝ လုံးတို့ဖမ်းတဲ့ကိစ္စ လွတ်ပေးဖို့ပြော