Posts

🇷🇺 ပူတင်ရဲ့ ဘေးထွက် အိမ်စာ 🇷🇺

​ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ယူကရိန်းရဲ့ အခြေအနေပါ။  ယူကရိန်းရဲ့ လမ်းတွေမှာ လူသူကင်းမဲ့နေပါတယ်။ ယူကရိန်းဟာ ရက်ပိုင်းအတွင်း ထိတ်လန့်တကြား အေးခဲသွားတယ်..။ ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့တာ ၃ ရက်…ရုရှား စစ်သားထောင်နဲ့ ချီပြီး သေခဲ့ပြီ…။ ယူကရိန်းက ညီတယ်။  ခုခံမှု အားကောင်းတယ်။ သူတို့ ရှရှားတို့ လက်အောက်မှာနေပြီး ဘဝမှာ အခါခါမသေလိုတော့ပါ..။ 🇷🇺 ပူတင် ဂရုမစိုက်ပါ။  ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရေးကို ထပ်ပြီးပယ်ချလိုက်တယ်။  ဒီနေ့ သူတို့ စစ်ဆင်ရေး အစီအစဉ်ကို ကဏ္ဍပေါင်းစုံက အရှိန်မြှင့်ဖို့ အမိန့်ပေးထားလို့ Igor Konashenkov က ပြောတယ်။ 🇷🇺 ရုရှားက ယူကရိန်းလေပိုင်နက်ကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့်မရသေးပါ။ နိုင်ငံ အတော်များများက ရုရှားလေယာဉ်တွေမဖြတ်သန်းနိုင်အောင် သူတို့ရဲ့ လေပိုင်နက်တွေကို ပိတ်ထားပေးတယ်။ ရုရှား တပ်ဖွဲ့ဝင်အများအပြားက ယူကရိန်း မြို့တော်ဖြစ်တဲ့ ကိယက်ဗ်မြို့ကို ချီတက်နေတယ်။ 🇷🇺 ရုရှားက ယူကရိန်းကမြို့တွေကို ညနေပိုင်းမှောင်တော့မှ လေကြောင်းနဲ့ ဒုံးကျည်တွေနဲ့ စပစ်တယ် .. ညပိုင်းအထိ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်တယ်။ 🇷🇺 ပူတင်က ယူကရိန်းအကြောင်းဆို ဟိုးကတည်းက သိ

Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ

Image
​ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ By Operation Spitfire အကြမ်းဖက် စစ်ကောင်စီက ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို ဝယ် ယူထားပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန် မာ နိုင်ငံတွင် Yak-130တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။  Yak-130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲ တိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak-130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီး ရောက် ရှိလာ‌ ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော Yak-130 လေယာဉ် ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များကို ဗုံးကျဲ တိုက်ခိုက်နေသော Yak-130 လေယာဉ်မောင်းများမှာ- ဒုတိယဗိုလ်မှူးကြီးရဲဦး ဒုတိယဗိုလ်မှူးကြီးဇော်မြင့်ထွန်း ဗိုလ်မှူးရဲဇော်နိုင် ဗိုလ်မှူးခင်ဇော် ဗိုလ်မှူးရန်နိုင်စန်း ဗိုလ်မှူးနေဝင်းကျော် ဗိုလ်ကြီးသိန်းဇော်မြင့် ဗိုလ်ကြီးဇေယျာ

တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရ

Image
​ မှော်ဘီလေတပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် စစ်ဆေးခံနေရ  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆  ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် အစစ်ဆေးခံနေရကြောင်း  တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။  ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀   အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က  မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထား ရှိနေ ရာ ကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟုဆိုသည်။  လက်ရှိတွင် မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် မသင်္ကာသော လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး  လူမှုကွန်ရက်တွင် NUG ပေ့

ပူတင်နဲ့ ရုရှားခရိုနီခေတ်ပျက်သူဌေးတွေ ခေါင်းချင်းဆိုင်

Image
​ Burma News Network. ၂၄ ဖေဖေါ်ဝါရီ ၂၀၂၂။ အနောက်နိုင်ငံတွေရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေအပေါ် တုန့်ပြန်ဖို့ ရုရှားသမ္မတပူတင်နဲ့ ရုရှားဘီလျံနာတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးပွဲအပြည့်အစုံကို ထုတ်လွှင့်ပြသခြင်းမရှိပေမယ့် ရုရှားမီဒီယာတွေဖေါ်ပြချက်အရဆိုရင် အခု ပိတ်ဆို့မှုတွေဟာ ၂၀၁၄ ခုနှစ် ခရိုင်မီးယားက်ို သိမ်းပိုက်ပြီးချိန်က ပိတ်ဆို့မှုတွေလိုမဟုတ်ပဲ ရုရှားရဲ့ စီးပွါးရေးလည်ပတ်မှုတွေကို အကြီးအကျယ်ထိခိုက်နိုင်တာမို့ သယ်ယူပို့ဆောင်ရေး နည်းပညာ ဘဏ်လုပ်ငန်း ပို့ကုန် သွင်းကုန်တွေနဲ့ပတ်သက်လို့ တရုတ်နဲ့ အမြန်ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားဘီလျံနာတွေက တင်ပြခဲ့တယ်ဆိုပါတယ်။  လက်ရှိ အမေရိကန်နဲ့ အနောက်နိုင်ငံတွေပိတ်ဆို့မှုအရ ရုရှားမှာ စစ်လေယာဉ်၊ သင်္ဘော၊ ကွန်ပြုတာနဲ့ဆက်စပ်တဲ့အရာအားလုံးကို ပြန်လည်ပြုပြင်ထိမ်းသိမ်းရေးလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုပါတယ်။ သွင်းကုန် ပို့ကုန်လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ဖို့လည်း အကျပ်အတည်းရှိသွားပြီလို့ ရုရှား စီးပွါးရေးသတင်းတွေက ထောက်ပြပါတယ်။ ဒေါ်လာ ယူရို စတာလင်ပေါင် ဂျပန်ယန်း ငွေတွေနဲ့ ဘဏ်တွေကတဆင့် ငွေကြေးလှဲလှယ်ဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုပါတယ်။  ရုရှားက ဖန်တီးအသိအမှတ်ပ

စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို မီးရှို့သတ်ပစ်ခဲ့

Image
​ { English Below }  စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွား ပြီး မီးရှို့သတ်ပစ်ခဲ့ 25 Feb 2022 By MPA စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို ဖေဖော်ဝါရီ လ(၂၃)က်နေ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သွားပြီး ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် တဲနှင့်အတူ မီးရှို့သတ်ထားခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တဲနှင့်အတူ မီးရှို့ထားခဲ့သည့် သားအမိ(၃)ယောက် မှာ ကလေးမြို့နယ်၊ ချောင်းခွရွာမှ နူးလျန်(ခ) ဒေါ်ခိုင်ခိုင်ထွေး၊ အသက် (၄၀)နှစ်ခန့် ၊ အသက် (၁၅)နှစ်၊(၁၆)နှစ်အရွယ်ခန့် သမီး မငွန်ဇထျန်း (Ngun Za Thian)နှင့်မထန်းနွန်ကျွဲ (Thian Nun Cawi)တို့ဖြစ်သည်။ `` အမျိုးသမီးတွေကိုပဲ ရွေးပြီးဖမ်းခေါ်သွားကတည်း က စိတ်ပူနေခဲ့ကြတာ။ မပြောရက်လို့သာ။ သူတို့ကို အဓမ္မစော်ကားပြီး ရက်ရက်စက်စက် မီးရှို့သတ်ခဲ့တာ ပဲဖြစ်မယ်။ ယုတ်မာလိုက်ကြတာ ´´ဟု ချောင်းခွရွာသူ တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ(၂၄)ရက်နေ့၊ နံနက်(၁၁)နာရီခွဲ ခန့်တွင် PDF များ၏ အကူအညီဖြင့် နူးလျန် သား အမိ(၃)ယောက်၏ မီးရှို့ခံထားရသော ရုပ်ကြွင်း အရိုးများကို သွားကောက်ခဲ့ကြကြောင်း၊ မီးရှို့ထားခဲ့ သည့်န

ကမ္ဘာ့ယန္တရားကြီး ဘယ်လောက် ကမောက်ကမ ဆန်နေသလဲဆိုတာ

Image
​ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း သူက ဥက္ကဋ္ဌပါ။ ကုလအတွင်းရေးမှူးချုပ်က ဥက္ကဋ္ဌ ရုရှားဘေးမှာထိုင်ပြီး ရုရှားတပ်တွေ ဆုတ်ပါဆိုပြီးပြောရတယ်။ Thank You Mr.President လို့လည်း ပြောရသေးတယ်။ ဒီ‌လို အဆင့်မြင့် ကဏ္ဍ ကြီးတွေထဲတောင် ကမောက်ကမဖြစ်နေမှတော့ ICJ မှာ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရပြီး စစ်ကောင်စီ ‌လုပ်သမျှ ပြောသမျှ မြန်မာဘက်က လျှောက်လှဲချက်၊ မြန်မာဘက်က တုန့်ပြန်ချက်ဆိုပြီး သိမ်းကျုံး ပြောခံနေရတာ မဆန်းတော့ပါဘူး။  credit:-Aung Kyaw Sint

ရုရှားကို နိုင်ငံတကာငွေလွှဲစံနစ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းပြချက်ရသွား

Image
​ နိုင်ငံတကာအရေးအခင်းတွေဟာ အပေါ်ယံမြင်ရတာထက် နက်နဲပေမယ့် တကယ်တမ်းမှာ ယူကရိန်းလူငယ် သမ္မတဟာ အယုံလွယ်ခဲ့တယ်ထင်မိတယ်။  ဘိုင်ဒင်အစိုးရဟာ ယူကရိန်းကို ကူညီပါတယ်။ ဒါပေမယ့် သူ့ကူညီမှုဟာ ယူကရိန်းလိုအပ်နေတဲ့အရာ မဟုတ်ဘဲ သူက ရုရှားကို ကမ္ဘာ့ပါဝါ အဆင့်တခုကနေ လျှော့ချဖို့ လုပ်တာနဲ့တူနေတယ်။ ရုရှားဟာ ယူကရိန်းကို ဝင်တိုက်တဲ့ အတွက် နိုင်ငံတကာ စာမျက်နှာမှာ သိုးမဲဘဝရောက်သွားပါတယ်​။  ဒီစစ်ပွဲဟာ တချိန်က ကိုးရီးယားစစ်ပွဲမှာ တရုတ်ဝင်စွက်ဖက်ခဲ့တာနဲ့ ဆင်တူနေပါတယ်။ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲမှာ တရုတ်က ဝင်တိုက်ပြီး ပထမ အဆင့်တွေမှာ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ထောက်ပို့ ပြဿနာတွေကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ် ။ အခု ပြဿနာက ယူကရိန်းကို ဝင်တိုက်တဲ့ အတွက်ရုရှားကို နိုင်ငံတကာငွေလွှဲစံနစ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းပြချက်ရသွားစေပြီး ရုရှားအနေနဲ့ ရေရှည်မှာ အထိနာနိုင်တဲ့ အခြေအနေပါ။ ယူကရိန်းကတော့ ကြေမွပျက်စီးသွားနိုင်တယ်။ ယူကရိန်း သမ္မတက အခု Neutrality ကို ထုတ်ပြောလာတဲ့ အတွက် အရှေ့ဥရောပနိုင်ငံတွေမှာ အမေရိကန်နဲ့ အနောက်ဥရောပ ပါဝါတွေအပေါ် ယုံစားရမှုဟာ ကျဆင်းလာမလားတွေးမိတယ်။  NATO နဲ့ အမေရိကန်ရဲ့ အရွေ့ဟာ အာ

ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ကို လက်နက်တွေဝေ

Image
​ ယူကရိန်းစစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ပြည်သူတွေကို လက်နက်တွေဝေ  မြို့တော်ဆီကို ရောက်လာနေတဲ့ ရုရှားတပ်ကိုကာကွယ်ဖို့အတွက် ယူကရိန်း စစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ထဲကို ဝင်နေပြီလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါ တယ်။  မြို့တော်ဝန် ဗစ်တာလီ ကလစ်ကလည်း အစောပိုင်းမှာ "မြို့အနေနဲ့ ခုခံရေးစစ်နွှဲပြီ" လို့ ပြောခဲ့ပါတယ်။  ယူကရိန်းအာဏာပိုင်တွေက ပြည်သူတွေကို မိုလိုတော့ဗ် ဓာတ်ဆီဗုံးတွေလုပ်ထားဖို့၊ လက်နက်ကိုင်ကြဖို့ တွေအပါအဝင် ရုရှားတပ်တွေကို ခုခံဖို့ လုပ်နိုင်တာ အားလုံးကို လုပ်ပါလို့ နှိုးဆော်ထားပါတယ်။  ကိယက်ဗ်က အရန်တပ်ဖွဲ့ဝင် ပြည်သူတွေအတွက် မောင်းပြန် သေနတ်ပေါင်း အလက် ၁၈,၀၀၀ ကို အစိုးရက ထုတ်ပေးထားပါတယ်။  မိုလိုတော့ဗ် ဓာတ်ဆီဗုံး လုပ်နည်း အဆင့်ဆင့် ဖော်ပြထားတဲ့ စာကိုလည်း  ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ရဲ့လူမှုမီဒီယာမှာ ပို့စ် တင်ထားပါတယ်။  ပုံ - မူရင်း - AFP via Getty Images https://www.bbc.com/burmese/world

ရေတိုရုရှားနည်းဗျူဟာနှင့် ရေရှည် အမေရိကန်မဟာဗျူဟာ

​ အမေရိကန်သမ္မတဘိုင်ဒင်က နေတိုးအဖွဲ့တွေယူကရိန်းထဲဝင်ပြီးတော့ စစ်မတိုက်ဘူး၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေ ထိရဲရင်ထိကြည့်လို့ပြောပြီး ရုရှားတွေ အချိန်တိုအတွင်း တဒင်္ဂရတဲ့ စစ်ရေးအသားစီးရမှုဟာ ယူကရိန်းတွေရဲ့ ရေရှည် CDM နဲ့တွေ့မယ်လို့ ပြောလိုက်ပါတယ်။  ဆိုလိုတာကတော့ ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့မှု တွေ အမျိုးမျိုးလုပ်စဉ် ယူကရိန်းကို အကူအညီဆက်ပေးနေပြီး ရေရှည်ရုရှားအင်အားချိနဲ့အောင် လုပ်သွားမဲ့ အနောက်ရဲ့ မဟာဗျူဟာကို ခင်းပြလိုက်ပါတယ်။  တချိန်တည်းပူတင်ကလည်း မိန့်ခွင်းထွက်ပြောရင်း ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို မထိပါးလိုဘူး ယူကရိန်းတပ်တွေလက်နက်မြန်မြန်ချ၊ လက်ရှိအစိုးရကို ဖြုတ်ချ အစိုးရအသစ်တင် ရုရှားနဲ့ နှစ်ကိုယ့်တစိတ်နေဆိုတဲ့ message ပေးပါတယ်။  ရုရှားတွေ အာဖဂန်နစ္စတန်မှာ ဆုတ်ခွာခဲ့ရတာကို နမူနာယူပြီး ပူတင်အနေနဲ့ ယူကရိန်းကို ရေရှည်ထိန်းမထားလိုပဲ အချိန်တိုအတွင်းစစ်ရေးအသာစီးမှု ရယူကာ လက်ရှိယူကရိန်းအစိုးရကိုဖြုတ်ချပြီး ရုပ်သေးအစိုးရတင်ကာ ယူကရိန်းစစ်ပွဲကို အမြန်ပြီးစီးချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ တင်းမာသွားတဲ့ အနောက်ဥရောပနိုင်ငံတွေကို သူ့ရဲ့ စွမ်းအင်အပေါ်အမှီအခိုပြုနေရတဲ့ အသာစီးရမှုကို အသုံးပြုပြ

ရုရှား-ယူကရိန်းအခက် မြန်မာအချက်

Image
​ #Crd.  နာဇီဂျာမနီ ဒုတိယကမ္ဘာစစ်ကို စတင်ချိန် ပိုလန်နိုင်ငံကို စသိမ်းတာ ၂၇ရက်ကြာပါတယ်... ဝါဆော ဂျူးဂတ်တိုစခန်းကို တိုက်ရတာ ၄၂ရက်ကြာပြီးမှ ရခဲ့တယ်... ဂျူးတွေလည်း ထောင်လမောင်း သေကြေပေါ့... ပိုလန်ဂျူး ၃သောင်းကျော်သေပါတယ်... တင့်ကားတွေ အမြှောက်ကြီးတွေအပြင် လေယာဥ်တွေ နဲ့ပါ ရက်ရက်စက်စက် နင်းချေခဲ့တယ်...စစ်ဦးဘီလူးဆို တဲ့အတိုင်း... မနေ့ ဖေဖော်ဝါရီ၂၄ရက်က ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံအပေါ် အကြောင်းပြချက်ရေရေရာရာမရှိပဲ ဝင်ရောက် တိုက်ခိုက်ကျူးကျော်ခဲ့တယ်...တာတို တာလတ်ပစ် missiles တွေ၊ သံချပ်ကာတပ်မကြီးတွေအပြင် Fighter Jet Bomber လေယာဥ်တွေနဲ့ ကီးယက်ဗ်မြို့ကို ဝင် တိုက်ခိုက်ခဲ့တယ်...  ဗြောင် ကျူးကျော်တာပါ...ဒွန်းဘက်စ်နဲ့လူးဟန်စ့်ကို State အဖြစ် အသိအမှတ်ပြုလက်မှတ်ထိုးပြီး ငြိမ်းချမ်း ရေးခေါင်းစဥ်နဲ့ စစ်အင်အားစေလွှတ်ပြီး ခေါင်းစဥ်ပြ ပေမယ့် တကယ်တမ်း ယူကရိန်းအသားတစ်ကြီးကို  မြိုချင်တာ ဖုံးမရ ဖိမရပေါ်လာတယ်... ရုရှားဟာ ယူကရိန်းကို သိမ်းလိုက်နိုင်ရင်ဆိုပေမယ့် နောက်ဆက်တွဲဆိုးကျိုးအရ ခံနိုင်ရည်ရှိဖို့က မလွယ် လှဘူး... တရုတ်ကလည်း စီးပွားရေးအနေအထားအရ ကျင့်သုံးတဲ့ပေါ်လစီအရ ရုရှားလို နိုင်ငံကြီးကို အဘက်ဘ