Posts

ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းနေ

Image
​ ရန်ကုန်တွင် ငွေလှူဒါန်းမှုများကို Wave Money မှ ခြေရာခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသော ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းနေ ရန်ကုန်၊ မတ် ၃  ခေတ်သစ်မီဒီယာ ရန်ကုန်တွင် ငွေလှူဒါန်းမှုများကို Wave Money မှ ခြေရာခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများ ရှိနေကြောင်း တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဦးဆောင်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖမ်းဆီးမှုများသည် ယမန်နေ့မှစတင်ခြင်းဖြစ်ပြီး ငွေလှူဒါန်းမှုဆိုင်ရာ Wave Money အချက်အလက်များ၊ ဖုန်းနံပါတ်များကို ခြေရာခံခြင်း၊ ဖမ်းမိသူများကို ဖုန်းဆက်ခိုင်း၍ ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခြင်းများကို စစ်တပ်က လုပ်ဆောင်နေကြောင်း သိရှိရသည်။  "ရန်ကုန်မှာရှိတဲ့ Supporters တွေကို အပီအပြင်လိုက်ဖမ်းနေတယ်။ မနေ့က စဖမ်းတာ Wave Account ကနေခြေရာခံတာ ။ စာရင်းအတိအကျနဲ့ ငွေလွဲမှတ်တမ်းတွေပါပါတယ်။ ထပ်သိရတာက လိုချင်နေတာက ၈ ယောက်အဖွဲ့။ အထဲမှာ မိထားတာတွေလည်းရှိတယ် မိတဲ့သူရဲ့ ဖုန်း Contact ကနေ ဖုန်းခေါ်ခိုင်းပြီး ကွင်းဆက်လိုက်နေတယ်။ အခု ဖမ်းတာက support အဖွဲ့တွေ

ဇော်မဲလုံး ဂြိုဟ်ကောင်မို့ ဒီနာမည်နဲ့ပဲ ကိုက်ပါတယ်

Image
​ 🛑 စစ်ကောင်စီကို တောင်ကိုရီးယားက အံ့ဩနေ.. 🛑 ‘ယူကရိန်း ကျူးကျော်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက ရုရှားကို ထောက်ခံသည်... ‘ ဆိုတဲ့ခေါင်းစဉ်နဲ့ တောင်ကိုရီးယား သတင်းစာတွေမှာ ပါလာတာ ၂၆ ရက်နေ့ကတည်းကပါ..။ "ရုရှားစစ်တပ်ဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ခဲ့တာပါ" လို့ စစ်အုပ်ချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ 조 민 툰 — ဂျိုမင်းထွန်းက ပြောပါတယ်လို့ တောင်ကိုရီးယား သတင်းတွေကဖော်ပြထားတယ်။ ( မှတ်ချက်— ကိုရီးယားလို ‘ဇော်’ က စာလုံးပေါင်းမရှိတော့ ‘조 -ဂျို‘ လို့ရေးထားတယ်။ ဇော်မဲလုံး ဂြိုဟ်ကောင်မို့ ဒီနာမည်နဲ့ပဲ ကိုက်ပါတယ်..😌..။) 🛑 မနှစ်က ဇွန်လမှာ ရုရှားက မြန်မာစစ်ဦးစီးချုပ်ကို ကြိုဆိုဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်..။ “ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုဟာ တရားမျှတမှုဖြစ်တယ်”  လို့ မြန်မာစစ်ကောင်စီက ၂၆ ရက်နေ့ထုတ် AFP သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီက ရုရှားဘာသာနဲ့ပါ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။  ရုရှားဟာ မြန်မာစစ်တပ်ကို အဓိက လက်နက် တင်သွင်းနေတဲ့ မဟာမိတ်ဖြစ်တယ်။ မြန်မာစစ်တပ်ဟာ လက်နက်မျိုးစုံရဲ့ ၁၆% ကို ၂၀၁၄ ကနေ ၂၀၁၉  ခုနှစ်အတွင်းရုရှားနိုင်ငံက ၀ယ်ယူခဲ့

စစ်ကောင်စီထံ တင်သွင်းပေးခဲ့တဲ့ လက်နက်ပွဲစားများ

Image
​ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ တို့က လက်နက်တွေကို စစ်ကောင်စီထံ တင်သွင်းပေးခဲ့တဲ့ လက်နက်ပွဲစားများ ရန်ကုန် ၊မတ် ၂  ခေတ်သစ်မီဒီယာ ကုန်သွယ်ရေးဒေတာဘေ့စ် Import Genius ရဲ့  အချက်အလက်တွေအရတော့ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International ဟာ  Mi-17 စက်ပစ္စည်းအစိတ်အပိုင်းတွေကို Ural Avia ထံမှ တင်သွင်း ခဲ့တယ်လို့သိရှိရပါတယ်။ Ural Avia ကုမ္ပဏီ ဟာ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက်Mil ရဟတ်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ပြုပြင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။  မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ စစ်လက်နက် ကုန်သွယ်ရေးကုမ္ပဏီ Dynasty International ဟာ စစ်တပ်အာဏာသိမ်းယူပြီးတဲ့ နောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေ ကထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အကြမ်းဖက်စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။ လက်နက်ပွဲစား ကုမ္ပဏီ Dynasty International ကို ဒေါက်တာအောင်မိုးမြင့်က ဦးဆောင်ပြီး သူဟာ ဘီလာရုစ်နိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နဲ့ မြန်မာနိုင်ငံရှိ ဘီလာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းရဲ့ ကိုယ်စားလှ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

Image
​ စစ်ကိုင်းတိုင်းမှာ  ဝီရသူ ဦးဆောင်တဲ့  ပဏ္ဍိတ၊ ဝါသဝ၊ ဝီရရာဇာ အပါအဝင် အစွန်း ရောက် မဘသ ဘုန်းကြီးတွေ လက်နက်ကိုင်ပြီး ပြည်သူကို ကွင်းဆင်းစည်းရုံး၊ စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးနဲ့ PDF ဖြိုခွဲရေး ဟောပြော By ရန်ကုန်ခေတ်သစ် စစ်တပ်အထိနာနေတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသားရေး အစွန်းရောက် ဝီရသူ ဦးဆောင်ပြီး အစွန်းရောက် မဘသ ဘုန်းကြီးတွေဖြစ်တဲ့ ပဏ္ဍိတ၊ ဝါသဝ၊ ဝီရ ရာဇာတို့လို အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတွေကိုယ်တိုင် လက်နက်ကိုင်ပြီး PDF ဖြိုခွဲရေး တရားတွေ လိုက်လံဟောပြော စည်းရုံးမှုတွေ လုပ်ဆောင်လာပါတယ်။  "အနီ၊ အစိမ်း မခွဲခြားဘူး၊ ဗုဒ္ဓဘာသာ ကိုယ့်မြန်မာလူမျိုးတွေကို ဘုန်းဘုန်းတို့က စောင့်ရှောက်မယ်။ နိုင်ငံရေး အကြောင်းပြ လူသတ်နေတဲ့ PDF အကြမ်းဖက်တွေကို ဖမ်းဆီး နှိမ်နင်းသတ်ဖြတ်ရမယ်" ဆိုတဲ့ အစချီလာတဲ့ PDF ဖြိုခွဲရေး ဟောပြောမှုတွေကို ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးတွေက ဘုန်းကြီး ကျောင်းတွေမှာ လူစုခိုင်းပြီး စည်းဝေး ဟောပြောလာတာလည်းဖြစ်ပါတယ်။  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ကျွန်းလည်ရွာ၊ ကဘဲရွာ၊ မူးကျင်းရွာ၊ ဘေရင်း ရွာမှာ အမျိုးသားရေး

တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပူတင်ကိုမဟာသူရဲကောင်းအဖြစ်ချီးကျူး

Image
​ 🇨🇳 တရုတ်ပြည်မှာ ယူကရိန်းကိစ္စလှောင်ပြောင်ပြီးဆိုရှယ်မီဒီယာမှာတင်နေတာတွေကို ယူကရိန်းရှိတရုတ်သံရုံးနဲ့ တရုတ်ပြည်အာဏာပိုင်တွေကသတိပေးနေရပါတယ်။   တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပူတင်ကိုမဟာသူရဲကောင်းအဖြစ်ချီးကျူးတာ၊ ယူကရိန်ပြည်သူတွေကိုလှောင်ပြောင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်ဘေးတိမ်းရှောင်နေတဲ့ယူကရိန်းအမျိုးသမီးတွေရဲ့ပုံတွေကိုတင်ပြီး ဒို့တာဝန်ယူမယ်၊ ဒို့နေစရာပေးမယ်လေစတဲ့ "#လူမပီသတဲ့" လှောင်ပြောင်မှုတွေကို တရုတ်မီဒီယာတွေမှာ အချို့ကရေးသားခဲ့ကြပါတယ်။ တရုတ်ပြည်ဟာ ကုလသမဂ္ဂမှာ #ရုရှားကျူးကျော်စစ်ကိုရှုံ့ချဖို့ပျက်ကွက်ခဲ့တာရယ်၊ အခုလိုဆိုရှယ်မီဒီယာမှာ #လှောင်ပြောင်သူအချို့ရှိနေတာတွေရယ်ကြောင့် ယူကရိန်းပြည်သူတွေအကြားမှာ #တရုတ်ပြည်ဆန့်ကျင်ရေးအမြင်တွေကြီးထွားလာခဲ့ပါတယ်။ Since then, multiple internet platforms including Weibo, TikTok sibling Douyin, and WeChat have suspended accounts with provocative content and called on users to stay "objective and rational", and uphold a "clean and upright atmosphere" when discussing international events. တရုတ်ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Weibo, D

​၂ဒသမ၅ ဘီလီယံ တန်ကြေးရှိ အကြမ်းဖက်စစ်တပ်က သိမ်းထားတဲ့ မြေ

Image
​ ၂ဒသမ၅ ဘီလီယံ တန်ကြေးရှိ အကြမ်းဖက်စစ်တပ်က သိမ်းထားတဲ့ မြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ က မူဝါဒအရ သိမ်းဆည်းပြီး လေလံတင်ရောင်းချမည် မတ် ၂ ၊ ၂၀၂၂ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူပိုင်မြေတွေကို အကြမ်းဖက်စစ်တပ်က သိမ်းယူထားတဲ့အထဲက တန်ကြေး ၂ဒသမ၅ ဘီလီယံရှိတဲ့ မြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မူဝါဒအရသိမ်းဆည်းပြီး လေလံတင် ရောင်းချမှုတွေ ပြုလုပ်သွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြော ကြားလိုက်ပါတယ်။ “သူတို့ ကိုယ်ကျိုးစီးပွားအတွက် ရယူထားတဲ့ အရင်းအမြစ်တွေကို သိမ်းပြီးတော့ နစ်နာသူတွေအတွက် ပြန်လည်အသုံးချသွားဖို့ ဒီမူကို ချလိုက်တာပဲ။ မိုးကောင်းဆေးရုံလိုဟာမျိုး၊ ကန်သာယာဆေးရုံလိုဟာမျိုး” လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က Myanmar Now ကို ပြော ထားတာပါ။ Myanmar Now သတင်းဌာနနဲ့ ဖော်ပြချက်အရတော့ အမျိုးသားညီညွတ်ရေးအစိုးရက  အာဏာသိမ်းစစ် ခေါင်းဆောင်ပိုင် မြေကွက်တွေအပါအဝင် စစ်တပ်သိမ်းယူထားတဲ့ ရန်ကုန်မြို့က နေရာကောင်း အကွက်ကောင်း မြေကွက် ၂၅ ခုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ကြေးရှိပြီး အ

လာမည့်နှစ် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဗိုလ်ရှုသဘင်ထက်ပိုပြီးကြီးကျယ်ခမ်းနားအောင်လုပ်မယ်လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြော

Image
ဧရာဝတီတိုင်းမ် မတ်လ ၂ ရက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်မှာကျရောက်မည့် ၇၅ နှစ် မြောက်လွတ်လပ်ရေးနေ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျင်းပခဲ့တဲ့ဗိုလ်ရှုသဘင်ထက် ပိုမို ကြီးကျယ်ခမ်းနားကောင်းမွန်အောင်လုပ်ဆောင်မည်ဟု အာဏာ သိမ်းဒု-စစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ထုတ်ပြန်သည်။ ယမန်နေ့မတ်လ ၁ ရက်တွင်ပြုလုပ်သည့် စစ်ကောင် စီ ၏ဗိုလ်ရှုသဘင်ကျင်းပနိုင်ခဲ့မှုနှင့်ပတ်သက်သည့်အစည်းအဝေးတွင် ဒု -စစ်ခေါင်းဆောင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ '' ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုကျင်းပနိုင်ခဲ့သော်လည်း အားသာချက်၊အားနည်းချက်များရှိကြောင်း၊ အားသာချက်များကိုပေါင်းစပ်ပြီး အား နည်းချက်များကိုပြုပြင်ဆောင်ရွက်ကာ ၇၅ နှစ်မြောက်လွတ် လပ်ရေးနေ့ကို ပိုမိုကြီး ကျယ်ခမ်းနားတဲ့စစ်ရေးပြမှုများ၊ ပြကွင်းပြကွက်များ ခင်းကျင်းပြသမှုများနဲ့  ပြုလုပ်မည်'' ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်ကို ဒု-စစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင်ပြင် ဆင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ရှုအလေးပြုခံဦးဆောင်ကျင်းပခဲ့ပ

​ရုရှား၏ အခြားတစ်ဖက်

Image
ပူတင်က ရုရှားစစ်တပ်ကို ၁၉၉၈ နောက်ပိုင်း စစ်အင်အားတည်ဆောက်လာခဲ့ပြီး ရုရှားစီးပွါးရေးကိုလဲ အမေရိကန်နဲ့ အဆင်ပြေအောင်ပေါင်းပြီး တိုးတက်အောင်လုပ်ခဲ့ပါတယ်။ ယခုအမေရိကန်ကို စအာခံပါပြီ။ ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်ကို ဘယ်လိုရိုက်ခတ်နိုင်လဲ လေ့လာကြည့်ရအောင်။ နိုင်ငံရေး ~~~~~~ မအလဟာ ပူတင်ကိုထောက်ခံပြပြီး သူ့ရဲ့ အာဏာတည်မြဲရေးကို ပူတင်နဲ့ဆက်လိုက်တာတွေ့ရပါတယ်။ သူ့သေတွင်းသူတူးသွားတာပါ။ ဒါရဲ့အခြားတစ်ဖက်မှာ အမေရိကန်ရဲ့ ရန်သူဟာ ရုရှားနဲ့တရုတ်ဖြစ်လာနေလို့ သူကရုရှားတပည့်ခံခြင်းဖြင့် အမေရိကန်က နိုင်ငံရေးအရ NUG ကို ထောက်ခံရမှာဖြစ်ပြီး ပူတင့်ထံက မအလလက်နက်ရနေတာကို အမေရိကန်ကို ထောက်ပြပြီး ပူတင့်တပည့်ကို တိုက်ခိုက်ဖြုတ်ချနိုင်အောင် လက်နက်တောင်းရတာ ယခင်ကထက် ပိုနီးစပ်လာနိုင်ပါတယ်။ နောက်ရုရှားဟာ ဒီစစ်ပွဲကို ရက်ပိုင်းအတွင်း အနိုင်လို့ တွက်ခဲ့ပုံပါ။ ယခု ယူကရိန်းက ခံစစ်ကောင်းနေလို့ အမြန်နိုင်ဖို့မလွယ်သလို မြို့တွေကိုသိမ်းနိုင်ခဲ့ရင်တောင် ယူကရိန်းက ပြောက်ကျားစနစ်နဲ့ဆက်တိုက်ခဲ့ရင် အမေရိကန် အာဖဂန်နဲ့ အီရတ်မှာ ခံရသလို ရုရှားတပ်လဲ အသေများလာမှာပါ။ ဒါဆိုရင် သူ့ပြည်သူက အသံထွက်လာမှာပါ။  စီးပွါးရေး ~~~~~~ ယခုတောင်ရုရှားစ

ပူတင်က ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေရေး အစီအမံများနှင့်ပတ်သက်သည့် အမိန့်အား လက်မှတ်ရေးထိုး

Image
မော်စကို ၊ မတ် ၂ ရက်(ဆင်ဟွာ)  ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က နိုင်ငံ၏ ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေရေး ယာယီစီးပွားရေးအစီအမံများအား အသုံးပြုရန် စတင်သည့် အမိန့်ဒီဂရီတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်မလင်က မတ် ၁ ရက်တွင် ကြေညာခဲ့သည်။  အမေရိကန်နိုင်ငံ ၊ အခြားနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်အရေးယူခြင်းများအား တုံ့ပြန်ရာတွင် အဆိုပါအစီအမံများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမိန့်ဒီဂရီတွင် ဖော်ပြထားသည်။  ယင်းအစီအမံများအနက် ရုရှားနိုင်ငံသည် မတ် ၂ ရက်မှစတင်၍ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့် ညီမျှသည့် ပမာဏထက် ကျော်လွန်ရာတွင် နိုင်ငံခြားငွေကြေးစီးဆင်းမှုအား ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။  မတ် ၂ ရက်မှ စတင်သက်ရောက်မည့် ချေးငွေများ ၊ အိမ်ခြံမြေ နှင့် အစုရှယ်ယာလက်မှတ် အရောင်းအဝယ်များနှင့် ပတ်သက်သည့် ကန့်သတ်ချက်များအား ရုရှားဆန့်ကျင်ရေးလုပ်ရပ်များအား လုပ်ဆောင်သည့် နိုင်ငံများနှင့် ဆက်စပ်သည့် နိုင်ငံခြားသားများအပေါ်တွင် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။  ဖေဖော်ဝါရီ ၂၈ ရက်တွင် ရုရှားနိုင်ငံသမ္မတ ပူတင်သည် ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး ပြုလုပ်နေချိန်တွ

ရုရှားရဲ့ကျူးကျော်စစ်ကို မြန်မာနဲ့ အာဖဂန် ကုလကိုယ်စားလှယ်တွေ ကန့်ကွက်မည်

Image
​ ■ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချရေး ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချဖို့ မဲပေးမှုမှာ မြန်မာနဲ့အာဖဂန်နစ္စတန် နိုင်ငံတွေကလည်းပါဝင်မယ်လို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။  အာဖဂန်နိုင်ငံမှာ တာလီဘန်တွေက အုပ်စိုးနေပြီး မြန်မာပြည်မှာက စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာပါ။ ဒါပေမဲ့ ကုလသမဂ္ဂမှာတော့ အရင်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ သံအမတ်တွေကပဲ ဆက်ပြီးနေရာယူထားပါတယ်။ ဒီသံအမတ်တွေက ရုရှားရဲ့ကျူးကျော်စစ်ကို ကန့်ကွက်ကြမယ့် သဘောပါ။  မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ယူကရိန်းကို ရုရှားကဝင်တိုက်တာဟာ ရုရှားရဲ့အချုပ်အခြာအာဏာတည်မြဲဖို့ လုပ်တာလို့ RFA ကိုပြောထားပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ရုရှားကိုကန့်ကွက်ရေးမဲထည့်မယ့် ကိစ္စ ဟုတ် မဟုတ်သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ မလိုက်နာရင်လည်းရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။  လုံခြုံရေးကောင်စီကလည်း အတည်ပြုမယ့် ပုံ မပေါ်ပါဘူး။ ဒါပေမဲ့