Posts

မဆလအာဏာရှင် ဦးနေဝင်း အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရသူများအတွက် စစ်ခေါင်းဆောင် ဆုချီးမြှင့်

Image
DVB (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဒု-စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့  မဆလ အာဏာရှင် ဦးနေဝင်းတို့ အပါအဝင် လူပုဂ္ဂိုလ်တွေကို  ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့် လိုက်ပါတယ်။ တိုင်းပြည်စီးပွားရေးကျဆင်းပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်မှာ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် ထောက်ခံမှုရဖို့အတွက်   အမေရိကန်  ဒေါ်လာ သန်း ၃၃ သန်းကျော်ပမာဏနဲ့ ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်   ၇ ဘီလီယံကျော်အသုံးပြုပြီး ကိုယ့်ကိုယ့်ကိုယ် အပါအဝင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများပေးအပ်နေတဲ့အပေါ် အများပြည်သူရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ Photo-DSINFO http://burmese.dvb.no/archives/g571391 #DVB #News #စစ်ခေါင်းဆောင် #အာဏာရှင်

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

Image
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြား ================ ဇန်နဝါရီ၁  မိုးကြိုးသတင်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ၁ရက်နေ့မှာ ပညာရေးဒုဝန်ကြီးက နှစ်သစ်ကူး သုံးသပ်ချက်မှာထည့်သွင်းဆိုပါတယ်။ "နှစ်ဟောင်းရဲ့ကောင်းမွန်တဲ့ကိစ္စတွေကိုပြောပါဆိုရင်တော့ နှစ်သစ်နဲ့ အနီးစပ်ဆုံးကိစ္စဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သပ်တဲ့ ဆုံးဖြတ်ချက်အမှတ် UN Resolution 2669 (2022) ကို စပြောရမှာ ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်မှာ စစ်ကောင်စီက မလိုက်နာရင်ဘာလုပ်မယ်ဆိုတဲ့ အရေးယူတဲ့ အမိန့်အာဏာ မပါသေးပေမယ့် ဒီဆုံးဖြတ်ချက်က လိုက်ကိုလိုက်နာရမယ့် ဆုံးဖြတ်ချက်ဖြစ် ပါ တယ်။ကုလသမဂ္ဂအထွေအထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က မလိုက်နာလည်း အာဏာရှင်တွေ အတွက် ဘာမှမဖြစ်ဘူးဆိုတဲ့သဘောရှိတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကတော့ မလိုက်နာ လို့မရပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ချည်နှောင် မှုရှိပါတယ်။ မလိုက်နာရင် အရေးယူဆောင်

ပုသိမ်မြို့မှာလုပ်တဲ့ တပ်ထောက်ခံပွဲ ၁ ဦး ၅ ထောင်ပဲရလို့ တပ်ထောက်ခံသူများ မကျေမနပ်ဖြစ်နေ

Image
ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၁ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ထောက်ခံပွဲနဲ့ ကုလဆုံးဖြတ်ချက် ကန့်ကွက်ပွဲပြုလုပ်ခဲ့ရာမှာ လိုက်ပါလာတဲ့သူတွေကို ၅ ထောင်ပဲပေးတာကြောင့် တပ်ထောက်ခံသူအချင်းချင်း အကြာမှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။  တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် ပုသိမ်မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်ရုံးက သန့်ရှင်းရေးလာဝိုင်းလုပ်ပေး ကာ သတင်းပေးလုပ်နေသူတွေနဲ့ ကျေးရွာတွေက နားမလည်းတဲ့သူတွေကို နေ့စားခပေးမယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီထိပ်ပိုင်တွေက ခေါ်ယူခဲ့တာလို့ တပ်ထောက်ခံပွဲလုပ်တဲ့သူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။  “ ခေါ်တုန်းက တစ်ယောက် ၁ သောင်းပေးမယ်ဆိုလို့ လိုက်သွားတာ ရပ်ကွက်က အုပ်ကြီးကပြောတာ ဟိုရောက်တော့ ၅ ထောင်ပဲရတယ် လမ်းစရိတ်တောင် ၁ ထောင်ပေးရတယ်ဗျ ထင်တာတော့ တစ်ယောက်ယောက်က ဖြတ်ယူထားတာလို့ ထင်တယ်”လို့ တပ်ထောက်ခံပွဲလိုက်ပါခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။  တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် ရပ်ကွက်ကျေးရွာအလိုက် စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးတာဝန် ရှိသူတွေက လိုက်လံစုဆောင်းပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။  ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီ

နိုင်ငံတော် သမ္မတ၏ ပြည်သူများသို့ အသိပေးသည့် တိုင်းပြည်အခြေပြ မိန့်ခွန်း

Image

လာမယ့်နှစ်မှာ ထူးခြားတဲ့တိုးတက်မှုတွေ မြင်တွေ့နိုင်မယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား

Image

တရုတ်ထုတ်လျှပ်စစ်ကားမီးထလောင်

Image
  https://youtu.be/I5abwuAShWs Delta News December 31, 2022 နိုင်ငံတကာရေးရာ တရုတ် ကားပြပွဲတစ်ခုရဲ့ ပြခန်းထဲမှာ ထားရှိတဲ့ လျှပ်စစ်ကားတစ်စီး မီးထလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တရုတ် ကုမ္ပဏီ IAT Automobileက Conceptအဆင့် ရှေ့ပြေးပုံစံ နမူနာ အနေနဲ့ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကားလေးဟာ ပြခန်းထဲမှာ ရှိနေတုန်း ရုတ်တရက် မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ လူမှုကွန်ရက် မီဒီယာတွေပေါ် စတင်ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ ပြခန်းထဲမှာ လောင်ကျွမ်းတဲ့ မီးက အတော်လေး ပမာဏ များပြားတာကို တွေ့ရပါတယ်။ ပြပွဲ မစတင်မီ အချိန်ပိုင်းလောက်မှာ ကားက ရုတ်တရက် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုရဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။ မီးလောင်မှု ဖြစ်ပွားချိန် ပြပွဲမှာ ရှိနေတဲ့ ဂျာနယ်လစ် တစ်ယောက်က ဖြစ်စဉ်ကို မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ လျှပ်စစ်ကား ထုတ်လုပ်မှုနဲ့ သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြိုင်ဘက် ကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ တရုတ် နည်းပညာ လုပ်ငန်း တော်တော်များများက လျှပ်စစ်ကား စျေးကွက်ထဲ ဝင်ရောက်လာကြပေမယ့် တရုတ် လျှပ်စစ

ရုရှားနဲ့တရုတ်တို့ရဲ့ ဒိုင်းကာအောက် ပိုပိုရက်စက်ယုတ်မာလာတဲ့ မြန်မာ စစ်အာဏာရူးများ

Image
မဲခေါင်၊ ဒီဇင်ဘာ ၃၁ ကမ္ဘာ့စီးပွားရေး၊ ငွေရေးကြေးရေးနဲ့ စျေးကွက်သတင်းတွေကို တင်ပြရာမှာ အကြီးဆုံးမီဒီယာကြီးဖြစ်တဲ့ Bloomberg (ကနေဒါ) က မြန်မာနိုင်ငံမှာ ရုရှားနဲ့တရုတ်တို့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းသာကြည့်ပြီး အာဏာရူး စစ်ကောင်စီကို ဒိုင်းသဖွယ်ကာကွယ်ပေးနေမှုကြောင့် စစ်ကောင်စီဟာ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတာဖြစ် တယ်လို့ အယ်ဒီတာအာဘော်အဖြစ် ဝေဖန်ရေးသားခဲ့ပါတယ်။ ဇူလိုင်လတုန်းက ကိုဂျင်မီ၊ ဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီ က သေးဒဏ်စီရင်ခဲ့တော့ အမေရိကန်နဲ့အနောက်နိုင်ငံတွေက ပြင်းထန်စွာဆန့်ကျင်ရှုတ်ချခဲ့ပေမယ့် တရုတ်၊ ရုရှားအပြင် အိန္ဒိယ အစိုးရတို့ဟာ နှုတ်ဆိတ်နေခဲ့ပြီး မြန်မာစစ်ကောင်စီနဲ့ပေါင်းလို့ ကိုယ်ကျိုးစီးပွားသာရှာနေခဲ့ သလို လူ့အခွင့်အရေးဆိုတာကို လုံး၀မျက်ကွယ်ပြုခဲ့တယ်။ ပြီးခဲ့တဲ့လက တက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ် ထပ်ပေးခဲ့ပြီး စုစုပေါင်း သေဒဏ်ပေးခဲ့သူ ၁၃၀ ကျော်ရှိနေခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီကို တရုတ်နဲ့ ရုရှားက ဒိုင်းသဖွယ် ကာကွယ်ပေးထားဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရှားရှားပါးပါး အသိအမှတ်ပြုမှုအဖြစ် မြန်မာ့အရေး ပြောင်းလဲပြင်ဆ

တသောင်းရလို့လာရင်းDJကိုလက်ပိုက်ကြည့်ပြီးငုတ်တုတ်မေ့နေသူများ(ပြည်သူ့ရင်ပြင်ည၇နာရီခန့်)

Image

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)

Image
  https://youtu.be/01TZZ03bOoI  မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)  ရန်ကုန်၊ ဒီဇင်ဘာ ၃၁ Khit Thit Media   တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ အင်အား ၃၀၀ ကျော်ဖြင့် တက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပလမြို့အထွက်တိုရွာ၊ နန်းပရုပ်ကျေးရွာတို့တွင် တိုက် ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ် သား ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Palaw PDF ထံမှ သိရသည်။ ဒီဇင်ဘာလ ၃၀ ရက်နံနက် ၈ နာရီဝန်းကျင်ခန့်က မြိတ်မြို့မှ ပုလောမြို့ဘက်သို့ တက်လာသော စစ် ကောင်စီယာဉ်တန်းသည် ပလ မြို့မှ အင်အား (၃၀ဝ) ကျော်ဖြင့် အထွက် တိုရွာအရောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အ ကြမ်း ဖက်စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ (၃၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Palaw PDF က အတည်ပြု ထုတ်ပြန်ထားသည်။ အဆိုပါနှစ်ရက်ဆက် တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ကြောင်း၊ ထိတွေ

နှစ်သစ်ကူးပွဲ ပြည်သူ့ရင်ပြင်မှာဆင်နွှဲကြဖို့ စစ်ကောင်စီက ရပ်ကွက်တွေအတွင်း လော်နဲ့လှည့်အော် ဖိတ်ခေါ်နေ

Image
မဲခေါင်၊ ဒီဇင်ဘာ ၃၁ ရန်ကုန်မှာ စစ်ကောင်စီ ကျင်းပတဲ့ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲကြဖို့ အတွက် ပြည်သူ့ရင်ပြင်သို့ လာရောက် လည်ပတ်ကြပါရန် ရပ်ကွက်တွေ အတွင်း စစ်ကောင်စီ လက်အောက်ခံတွေက လော်နဲ့ လိုက်လံ အော်ဟစ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ည နှစ်သစ်ကူးပွဲ စည်ကားစေဖို့ အတွက် စစ်ကောင်စီက ညမထွက်ရ အမိန့်ကို အခု တစ်ည အတွက် ဖြေလျှော့ပေးထားပြီး လူစည်ကားဖို့ အတွက် ပြည်သူ့ရင်ပြင်မှာ ပွဲတွေ စီစဉ်နေတာ ဖြစ်ပါတယ်။ "မနက် ၁၀ နာရီလောက်က ရပ်ကွက်တွေထဲ ပတ်အော်နေတာ။ နှစ်သစ်ကူး ပြည်သူ့ရင်ပြင်မှာ စည်ကားစွာ လုပ်ဖို့ အတွက် ပြည်သူတွေ လာကြပါ ဆိုပြီး အော်နေတာ။ ဘယ်ပြည်သူမှ ပျော်နေတာ မဟုတ်ဘူး။ ဒီနေ့ညပွဲမှာ ပျော်မယ့် သူတွေက စစ်ကောင်စီ ထောက်ခံသူတွေ၊ ရေပေါ်ဆီ အချို့ မူးရူးပြဲကွဲမယ့်ပွဲပဲ။ အဲ့မှာ တစ်ခုခုဖြစ်လို့ သေကြမယ်ဆိုလည်း လက်ခုပ်တီးပြီး အားပေးနေမယ်" လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ ရန်ကုန်မှာ ဒီကနေ့ည နှစ်သစ်ကူးပွဲ လူစည်ကားတဲ့ နေရာတွေမှာ စစ်ကောင်စီက ဗုံးဖောက်ခွဲဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်သူတွေ လာရောက်မှု မရှိမှာ စိုးရိမ်တဲ့ အတွက် ရပ်ကွက် တွေမှာ အခုလို မိုက်