NUG တော်လှန်ရေးရန်ပုံငွေစီမံကိန်းထဲတွင် ကိုရီးယားရောက် မြန်မာများ ကန်ဒေါ်လာ တစ်သန်းခွဲ ကျော် ရင်းနှီးမြှုပ်နှံထား
24 Jan 2023 By MPA 001 NUGအစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ တော်လှန်ရေးရန်ပုံငွေရှာဖွေသည့် စီမံကိန်းများတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၁ဒဿမ၆သန်းခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ NUG ကိုယ်စားလှယ်ရုံး-တောင်ကိုရီးယားသည် NUGအေးဂျင့်အဖြစ်လုပ်ကိုင်လျက်ရှိပြီး NUG၏ လက်တံတစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ကာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင်တော်လှန်ရေးရန်ပုံငွေ ရှာဖွေသည့် စီမံကိန်းများကို သီးသန့်တာဝန်တစ်ခုအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာနက MPA သို့ ပြောသည်။ "ကျွန်တော်တို့ကိုယ်စားလှယ်ရုံးအနေနဲ့ကတော့ အဓိကလုပ်ငန်းတာဝန်တွေလည်းရှိတယ်ပေါ့နော်။ အထူးသဖြင့် Ministry of Foreign Affairs - Myanmar - NUG နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိပါတယ်။ သို့သော်တစ်ဖက်မှာလည်း ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင် တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ ပရောဂျက်တွေကို လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်စားလှယ်ရုံးကလည်း အေးဂျင့်တစ်ခုအနေနဲ့ ပေါ့နော်၊ သီးသန့်တာဝန်တစ်ခုအနေနဲ့ ဒီတာဝန်တွေ