Posts

စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်းဗိုလ်ဇင်ယော်ပြော

Image
စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်း ဘယ်လိုအမှားတွေ ရှိကြောင်း ကျွန်တော်တို့ CDM စစ်သားအများစု ရှင်းလင်းပြီးဖြစ်ပါတယ် ။ အခုတစ်ခါကတော့ Power Point လို့ခေါ်တဲ့ တင်ပြချက် အတုတစ်စောင်ဘဲ ဖြစ်ပါတယ် ။ စစ်ဘက်စာတွေရော အခုလို Power Point တွေ မှာရော ပထမဆုံး စာမျက်နှာမှာ နံပတ် ၁ လို​ ့ တပ်လေ့မရှိပါ တပ်လို့လည်းမရပါ ။ ဒါကြောင့် မြို့ပြအဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာခြင်းကို ထောက်ပံ့သူများ နဲ့ လှုပ်ရှားသူများကို ထိတ်လန့်စက်ဆုပ်ဖွယ် ပြုလုပ်လာမှုလည်းဖြစ်ပါတယ်။ မူရင်း ပို့စ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေထဲမှာ မှားယွင်းမှု တွေရှိနေပေမယ့် ဘယ်အရာက မှားနေပါတယ်လို့ ချေပရင် အဖွဲ့တွေရဲ့ လုံခြုံမှုစည်း ကျိုးပေါက်မှာဖြစ်ပါတယ် ။ ဒါကြောင့် ပါဝင်ကူညီသူများ အနေဖြင့် စိုးရိမ်ပူပန်စိတ် မဖြစ်ကြစေဘို့ အသိပေးတင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ ။ စာကြွင်း။ သတင်းဌာနကို အပြစ်တင်ခြင်းမဟုတ်ပါ ။ ကျွန်တော် တို့တွေဆို Documents အစစ်တွေ ရရှိပါတယ် သတင်း မူရင်း Source ပျောက်ပျက် အန္တရယ် စိုးရိမ်၍ စကားပြေဖြင့်သာ အမြဲ သတိပေးပြောဆိုပါတယ်ခင်ဗျာ။ ပုံ ၁ ။ စာမျက်နှာ နံပတ် တပ်ထားခြင်း (False) ပုံ ၂ ။ စာမျက်နှာ နံပတ် ကာလာတူဖြ

အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ

Image
အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ ဓာတ်ပုံ ရင်းမြစ်,  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၂၃ ဇန်နဝါရီ ၂၀၂၃ ဘီဘီစီ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဟာ အမျိုးသမီးစစ်သည်တွေကို တိုးချဲ့လက်ခံဖို့ ထပ်ပြီး ပြင်ဆင်လာပါတယ်။ စစ်တပ် အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့် အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် လပိုင်းခြားပြီး မကြာခဏခေါ်ယူနေတာလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။ ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးတွေကို မြန်မာစစ်တပ်က အခုရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေကနေ ခေါ်ယူနေတာလို့လည်း သိရပါတယ်။ ကြည်းတပ်တွေမှာ စစ်အင်အားလိုအပ်ချက်ရှိနေချိန်မှာ ဒီလို အမျိုးသမီးစစ်သည်ခေါ်ယူမှုတွေကြောင့် စစ်ကောင်စီဟာ အမျိုးသမီးစစ်မှုထမ်းတွေကို စစ်မြေပြင်အထိ စေလွှတ်မှုတွေရှိနေလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။ ဓာတ်ပုံ ရင်းမြစ်,  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး  စစ်ကောင်စီက ခေါ်တဲ့ အမျိုးသမီး စစ်သည်အတွက်လျှောက်ထားသူတွေဟာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်ပြီးတော့ အသက် ၂၅ နှစ်ထက်မကြီးရလို့ ပါရှိသလို

ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့်တပ်သား ရဲဘော်နွေဦးကို NUG က စနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

Image
ဇန်နဝါရီ (၂၄)ရက် |||နွေဦးအသံ||| အကြမ်းဖက် စစ်ကောင်စီ ရဲ့ဗိုလ်မှူးကြီး အဆင့်ကစပြီး တပ်ခွဲမှူး ၊ ရဲဘော်အဆင့်အထိ ရန်သူအယောက် ၅၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ ရဲဘော်နွေဦး ကို NUG ၀န်ကြီးဦးလွင်ကိုလတ်က ဇန်နဝါရီ (၂၄)ရက်မှာ စနိုက်ပါသေနတ် ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ တောင်ငူ ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ(၁) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရဲဘော်နွေဦး(ခ) ဖိုးလုံးကိုတပ်ရင်း (၃၅၀၂)ရဲ့တပ်ရင်းမှူးကတဆင့် စနိုက်ပါ (388) ကို ချီးမြှင့်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ERO အဖွဲ့တခုဆီက စနိုက်ပါအသေးတစ်လက်ကို ဆုချီး မြှင့်ခံထားရတဲ့သူ ဖြစ်ပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင်လို အန္တရာယ်များတဲ့နေရာတွေမှာလည်း ကိုယ်တိုင် ၀င်ရောက်ပစ်ခတ်နေတာဖြစ်ပြီး မိမိ ရဲဘော်တွေကို လက်တွေ့သင်ကြားပေးနေတဲ့ ရဲဘော်တဦးလည်းဖြစ်ပါတယ်။ ရဲဘော်နွေဦး သုတ်သင်ရှင်းလင်းခဲ့တဲ့ ရန်သူတွေထဲမှာ  ဗိုလ်မှူးကြီးအဆင့်ကနေ တပ်ခွဲမှူး၊ ရဲဘော်အဆင့်အထိ စုစုပေါင်း (၅၇)ယောက်ကိုရှင်းလင်း ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ကို ပိုမိုချေမှုန်း တိုက်ခိုက် သွားမှာဖြစ်ပြီး မြို့ပေါ်တိုက်ပွဲတွေအတွက်လည်း တိုက်ခိ

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

Image
ဘယ်နေ့ကအောင်ပွဲရဲ့၁၀၀% လဲဆိုတာမသိပေ မယ့် မအလ လမ်းပျောက်နေတာအသေအချာပဲ Mission ကိုင်တဲ့ဗိုလ်ချူပ်ကြီးတွေလဲအကြံမပေး တတ်တော့ဖူး VOAနဲ့အင်တာဗျူးမှာလဲ USAက Russia နဲ့ပလူးနေတာတွေအတွက်၂ဆတိုးခံရမယ် ပြောထားတယ် မီဒီယာပိုင်းမှာလဲကျဆုံးနေကြောင်း ကျော်စွာနဲ့ရေသည်တို့ကအစဝန်ခံထားကြတယ် စကစ report၂ခုအရ အသွင်ယူပြီးလုပ်ဆောင်တာ တွေရှိနေတယ် UGဆိုတော့ဟုတ်တယ်မဟုတ်ဖူး ပြောရတာမလွယ်ဖူး ကိုဂျင်မီမိတာအသွင်ယူ နဲ့တဲ့တဲ့တိုးတာလို့ခြုံငုံသုံးသပ်လို့ရတယ် report တွေကမှန်တယ်မှားတယ်ပြောမရပေမယ့် အသွင်ယူတာကအနည်းနဲ့အများရှိနေတာအသေ အချာပဲ အပေါ်ဇယားကွက်မှာ အသွင်ယူခေါင်းဆောင်က စခတပ်ကြပ် ကွန်ယက်ထဲပါတဲ့ ဇင်ယော်က CDMဗိုလ်ကြီး သိသလောက်သူကအမှန်အကန် CDM လုံးထွေးနေတဲ့သဘော သူလဲဖျင်ရိုး ခံရတဲ့သဘောပါ စကစလဲသိပြီးသားဆိုတော့တခုထုတ်ပြောပြမယ် ကိုဂျင်မီကိုမိတဲ့နေ့ကပုံထဲမှာ၆လက်တွေ့တယ် မဟုတ်လား အဲ့ဒါတွေပို့ထားတာ၃ရက်ပဲရှိသေး တယ် အဲ့အချိန်ထဲကဇေယျာသော်ကတွဲဖက် တာဝန်ခံ ကနဦးတာဝန်ကCDMကိစ္စတာဝန်ယူ ထားပါ။ သူတို့နေရာကိုလျှို့ဝှက်အမည် နောင်— ကအခု တာဝန်ယူထားပါတယ် code of commend ကို လိုက်နာပါမယ်ဆိုတဲ့အဖွဲ့တွေကို mission  မရှိသေးပေမယ့် လစဉ်ပေးတာမျိူးမဟုတ်ပဲ

၂၀၂၃ တွင် ရွေးကောက်ပွဲဖြစ်ရန် မသေချာဟု စစ်ကောင်စီပြော

Image
Mizzima ရွေးကောက်ပွဲ ဖြစ်မဖြစ်ပြောရန် စောလွန်းနေသည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ကြောင်း VOA က သတင်းဖော်ပြသည်။ "ရွေးကောက်ပွဲကျင်းပနိုင်မယ် မကျင်းပနိုင်ဘူးဆိုတာ ပြောဖို့ သိပ်ကိုစောလွန်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ NUG၊ CRPH အဖွဲ့များသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကလည်း ရွေးကောက်ပွဲမဖြစ်အောင် ထုတ်ပြောခြင်းများရှိ သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ " ကျွန်တော်တို့အနေနဲ့ ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်လာတဲ့အခင်းအကျင်းတွေ၊ ဆောင်ရွက်ရမယ့် အခြေခံလိုအပ်ချက်တွေကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ဟိုဘက်မှာလည်း အဖျက်လုပ်ငန်းတွေရှိပြီးသားဖြစ်တယ်။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) လို CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) လို အဖွဲ့မျိုးတွေ တရားဝင်ပြောလာတာရှိတယ်။ တချို့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း) တွေပြောလာတာရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဖြစ်အောင်လုပ်မယ်ဆိုတာမျိုးတွေ ပြောလာတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်" ဟု ဗိုလ်ခ

NUG တော်လှန်ရေးရန်ပုံငွေစီမံကိန်းထဲတွင် ကိုရီးယားရောက် မြန်မာများ ကန်ဒေါ်လာ တစ်သန်းခွဲ ကျော် ရင်းနှီးမြှုပ်နှံထား

24 Jan 2023 By MPA 001 NUGအစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ တော်လှန်ရေးရန်ပုံငွေရှာဖွေသည့် စီမံကိန်းများတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၁ဒဿမ၆သန်းခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။  NUG ကိုယ်စားလှယ်ရုံး-တောင်ကိုရီးယားသည် NUGအေးဂျင့်အဖြစ်လုပ်ကိုင်လျက်ရှိပြီး NUG၏ လက်တံတစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ကာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင်တော်လှန်ရေးရန်ပုံငွေ ရှာဖွေသည့်  စီမံကိန်းများကို သီးသန့်တာဝန်တစ်ခုအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာနက MPA သို့ ပြောသည်။ "ကျွန်တော်တို့ကိုယ်စားလှယ်ရုံးအနေနဲ့ကတော့ အဓိကလုပ်ငန်းတာဝန်တွေလည်းရှိတယ်ပေါ့နော်။ အထူးသဖြင့် Ministry of Foreign Affairs - Myanmar - NUG နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိပါတယ်။ သို့သော်တစ်ဖက်မှာလည်း ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင် တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ ပရောဂျက်တွေကို လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်စားလှယ်ရုံးကလည်း အေးဂျင့်တစ်ခုအနေနဲ့ ပေါ့နော်၊ သီးသန့်တာဝန်တစ်ခုအနေနဲ့ ဒီတာဝန်တွေ

ငါးဆယ့်ငါးဦး အကြံ စတင်

Image
အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့၏ ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် ခေါ်ယူသည့် အစည်းအဝေး အား တက်ရောက်လာသူ ငါးဆယ့်ငါးဦး မှ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်ကို ချေမှုန်းရန် အလွယ်တွေး အလွယ် လုပ် လုပ်ငန်းစဉ်များ အဖြစ် ချမှတ် အကောင်အထည် ဖေါ်လာသည့် ဖြစ်စဉ် နှစ်ရပ်ကို ဗွေဆော်ဦး တွေ့မြင့်လာခဲ့ရသည်။ ပထမ ဖြစ်စဉ်မှာ ၎င်းတို့ နှင့် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အမျိုးသား ညီညွတ်ရေး အစိုးရအား ထောက်ခံခြင်း မပြုရန် နှင့် PDF များအား လက်နက်များ မရောင်းချ ဟူသော ကတိခံဝန်ချက်ကို အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းခြင်းပင် ဖြစ်သည်။ နေပြည်တော်တွင် ဇန်နဝါရီ ၅-၇ တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုသည်တွင် တက်ရောက်လာသော ဝ တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ NDAA နှင့် ရှမ်းပြည်နယ် တိုးတက်ရေး ပါတီ (SSPP) တို့အား ခံဝန်ချက် ထိုးခိုင်း ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့သုံးဖွဲ့လုံးက လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြသဖြင့် အကြီးအကျယ် ငြင်းခုန် ပြောဆိုခဲ့ပြီး ဆက်၍ ပြောနေပါက ဆွေးနွေးပွဲမှ ထ ထွက်သွားမည်ဟု ပင် ပြောလာရသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သော သတင်းရပ်ကွက်များက ဧရာဝတီ

ငွေတောင်စားသောက်ဆိုင်အနီးရှိ ရပ်ကွက်ရုံး ဗုံးကွဲမှုဖြစ်စဉ်အပြီး တောင်ဥက္ကလာပမြို့နယ်အတွင်း ဖမ်းဆီးမှုများရှိနေ -

Image
SouthOkkala News ( ဇန်နဝါရီ ၂၃ ) တောင်ဥက္ကလာပမြို့နယ် ၊ သံသုမာလမ်းပေါ်ရှိ ၁၄ ရပ်ကွက် အုပ်ကြီးရုံးတွင် ဇန်နဝါရီ ၂၁ ရက်နေ့ ဗုံးပေါက်ကွဲမှုအပြီး မြို့နယ်တွင်းရှိ အိမ်တချို့ကို ယမန်နေ့ညက ဝင်ရောက်ဖမ်းဆီး၍ ပစ္စည်းများကိုလဲသိမ်းယူမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ " တ/ဥက္ကလာ ၊ ၁၀ ရက်ကွက် ၊ ဘယသင်္ကြန်လမ်းထဲက ရွှေပန်းထိမ် အိမ်တအိမ်ကိုဝင်ဖမ်းသွားတယ်။ ရှိသမျှလူတွေ အကုန်လုံးကို မျက်လုံးအဝတ်စီး ၊ လက်ပြန်ကြိုးတုတ်ပြီးဖမ်းသွားတာ။ အိမ်ထဲကပစ္စည်းတွေလဲသယ်သွားတယ်။ ကားပါမချန် ယူသွားကြတာ " ဟုရပ်ကွက်နေပြည်သူများမှ ပြောကြားသည်။ ထိုညတွင်လဲ တ/ဥက္ကလာ ၊ ၁၃ ရပ်ကွက်ရှိ အိမ်တအိမ်မှ အမျိုးသမီးတဦးကိုလဲ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ထိုရပ်ကွက် ရုံးဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် စစ်တပ်ထောက်တိုင် ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းများ၏ ဖမ်းဆီး ရိုက်ခဲ့မှုကြောင့် ရဲဘော်တဦး ကျဆုံးခဲ့ရသည်။

တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း ဓါတ်ငွေ့အများဆုံးတင်ပို့သော ၅ နိုင်ငံထဲတွင် မြန်မာ ပါဝင်

Image
22/01/2023 18:57 ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂ တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း သဘာဝဓါတ်ငွေ့အများဆုံးတင်ပို့ခဲ့သော ထိပ်ဆုံး ငါးနိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း သိရသည်။ တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်များအရ ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဓါတ်ငွေ့အများဆုံး တင်ပို့ခဲ့ သောနိုင်ငံများထဲတွင် တာခ်မင်နစ္စတန် Turkmenistan က ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ရုရှားနိုင်ငံက ဒုတိယ နေရာတွင် ရပ်တည်နေကာ မြန်မာနိုင်ငံက တတိယနေရာ၊ ကာဇက်စတန်နိုင်ငံက စတုတ္တနေရာ နှင့် ဥဇဘက် ကစ္စတန်နိုင်ငံက ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း၊ တရုတ်အကောက်ခွန်ဌာန၏ဖော်ပြချက်အရ သိရသည်။ အဆိုပါ တရုတ်အကောက်ခွန်ဌာန၏ အဆိုအရ တာခ်မင်နစ္စတန် သည် ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၂၅ ဘီလျံ တန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်းသိရသည်။ ထို့အပြင် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့သလို ကာဇက်စတန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

Image
ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။ RFA Burmese 2023-01-22 ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲ တက်ရောက်လာသော ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်။   AFP နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဘရင်ဂျီ ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၂၂ ရက်နေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။ ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားတာဖြစ်ပြီး ဒီဘုရားကျောင်းဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးအပါဆုံး ကက်သလစ်ဘုရားကျောင်း တစ်ကျောင်းဖြစ်တယ်လို့လည