စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း
မင်းအောင်လှိုင် မိန်းမနဲ့ သားသမီးတစ်စု စင်ကာပူသွားတာကို သူတို့ လေယာဉ်ပေါ်တက်တဲ့နေ့ကတည်းက သတင်းရင်းမြစ်တစ်ဦးက လှမ်းပြောလို့ သိရတယ်။ စင်ကာပူက မိတ်ဆွေတစ်ဦးကိုတောင် လှမ်း အသိပေးလိုက်သေးတယ်။ စင်ကာပူ အစိုးရက ခွင့်ပြုလက်ခံလို့ သွားမှတော့ သိပ်ပြီး မထူးဆန်းဘူးလို့ မှတ်ယူပါတယ်။ ဒါပေမယ့် ဒါနဲ့ဆက်စပ်လို့ စိတ်ဝင်စားစရာကောင်းတာ ရှိတယ်။ . အဲ့ဒါက စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်းနေတာ ၃ လလောက်ရှိပြီလို့ ဆိုရမယ်။ ဒီထက်လည်း ပိုစောနိုင်တယ်။ နေပြည်တော်မှာ နေကြတဲ့ စစ်တပ်အသိုင်းအဝိုင်း၊ ညွှန်မှူး၊ ညွှန်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေဟာ နေပြည်တော်ကနေ ထွက်ရင် နပတ ကားနံပါတ်ကို မသုံးကြတော့ဘူး။ . ရန်ကုန်ကိုသွားရင် ရန်ကုန် နံပါတ်ပြားကို နေပြည်တော်မှာကတည်းက လဲ လာတယ်။ မန်းကိုသွားရင် မန်းလေးနံပါတ်ပြားလဲလာတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ဆိုတယ်။ ဒါ့အပြင် နေပြည်တော်မှာ တာဝန်ကျနေသူ ရန်ကုန်ပြန်လာရင် သူတို့နဂိုက နေခဲ့တဲ့ အိမ်တွေမှာ မနေတော့ဘဲ တည်းခိုခန်း၊ ဟိုတယ်တွေမှာ လှည့်နေကြတယ်လို့လည်း သိရတယ်။ . နောက်တစ်ခုကတော့ တချို့ မိသားစုဝင်တွေဟာ သန်းခေါင်စာရ