Posts

ဒါအောင်မြင်မှုမဟုတ်လို့ဘာလဲ

credit to မူလဆောင်းပါးရှင်..

မြန်မာဟာ ကမ္ဘာအတွက် အရေးပါသော ခေါင်းစဥ်တစ်ခု ဖြစ်လာပါပြီ

Image
US Boeing C17 Globemaster US Air Force လေယာဉ် ရန်ကုန်လာတော့ အဘ‌တွေနည်းနည်းရှိန်သွားတယ်လုပ် သံရုံးကို Self defense လာပို့တာဆိုတော့လည်း ဂေါ်ပီလေ ကျန်တဲ့အခန်းတွေကတော့ အတိအကျမသိဘူး လောလောဆယ် US က တစ်ကွက်လာပြတယ်လို့ပဲမြင်တယ်👍🏻 #credit မြန်မာဟာ ကမ္ဘာအတွက် အရေးပါသော ခေါင်းစဥ်တစ်ခု ဖြစ်လာပါပြီ ************************************* မြန်မာပြည်သူအတွက် နိုင်ငံတကာက ပါးစပ်နဲ့သာ ပြောမနေပဲ စုပေါင်းညီညွတ်စွာ လုပ်ဆောင်ပေးရတော့မယ့် အခြအနေဖြစ်နေပြီးလို့ ..... မြန်မာအရေးစောင့်ကြည့်ပေးနေတဲ့ UN အကြီးအကဲက ပြောလိုက်ပြီးချိန်မှာတော့... (15) နိုင်ငံလုံးကစစ်သူပုန်ရဲ့ လုပ်ရက်တွေကို ကန့်ကွက် ရှုပ်ချကြောင်းသဘောတူ  ပြောကြားလိုက်သည်...... ဗြိတန်နိုင်ငံက မြန်မာ့အရေးကို UN မှာ ထဲထဲဝင်ဝင် လုပ်ဆောင်လာနေတာကို တွေ့လာရပြီး...မြန်မာပြည်က  သူ့နိုင်ငံသားတွေကိုအမြန်ဆုံး မဖြစ်မနေ  ထွက်ခွာကြဖို့ မနေ့က တိုက်တွန်း ထားလိုက်ပါတယ်..... မြန်မာ့အရေး တချိန်လုံး အသံတိတ်နေခဲ့တဲ့... ရုရှားကြီးကလည်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကိုယ်တိုင် မနေ့ကပဲ အသံထွက်လာပါပြီ... အာရှနေတိုးအဖွဲ့လို့ ခေါ်သော... US သြဇီ ဂျပန် အိန္ဒိယ နိုင်ငံများရဲ့ ခေါင်းဆော

ဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြ မိန့်ခွန်း

Image
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြ မိန့်ခွန်း (၁၃-၃-၂၀၂၁)

ရေပူဆရာတော်နဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်ခံရ

Image
မတ် ၁၁ ရက် နံနက် ၇:၄၄ · ရေပူဆရာတော်နဲ့ လူငယ်တွေကို ဖမ်းသွားပြီ ဒီနေ့ မိုးကုတ်မြို့ မြတ်စေတနာ လူမှုကူညီရေး အသင်းရုံးကို စစ်သူပုန် အကြမ်းဖက် အုပ်စု၀င်စီးပီး ရေပူကျောင်းဆရာတော်နဲ့ တခြားသံဃာတော်တွေအပါ၀င် ဆန္ဒပြသူ ၅၀ဦးကို  ဖမ်းဆီးသွားပါပြီ ။

အမှိုက်လာပစ်သူ အမျိုးသား ၂ ဦး အားရိုက်နှက်ဖမ်းဆီး

Image
၁၂.၃.၂၀၂၁ ယနေ့ ညပိုင်း တွင် လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်း ပေါ် ၁၅ လမ်း အောက် တွင် အမှိုက်လာပစ်သူ အမျိုးသား ၂ ဦး အား လမ်းမတော်မြို့နယ်မြို့မ ရဲစန်း မှ ပုံပါအတိုင်းရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ Video Credit

စိန်ပန်းက ဆရာတော် ပျံလွန်တော်မူသွားပါပီ

Image

ဒဏ်ရာရရှိသူများရှိ​နေပြီး လူနာများကို သွား​ရောက်ကူညီ၍ မရ

Image
မန္တလေးမြို့ ၄၁  လမ်း စိန်ပန်းရပ်ကွက်တွင် စစ်အာဏာဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို မတ်လ ၁၃ ရက်​နေ့ နံနက်ပိုင်း ရဲနှင့် စစ်တပ်က အကြမ်းဖက်ပစ်ခတ်နေရာ ဒဏ်ရာရရှိသူများရှိ​နေပြီး လူနာများကို သွား​ရောက်ကူညီ၍ မရနိုင်ဟု ​ဒေသခံတချို့က ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်​ပြောဆိုသည်။

မန်းလေး (18) ယောက်ကျထား

Image
မန်းလေး  (18) ယောက်ကျထား ဆရာတော်တွေလဲထိထားပါတယ် (13) နှစ်ကလေးလဲ ပါပါတယ် ဗိုက်ကြီးသည်လဲပါပါတယ် ခုခံကာကွယ်ရေးကို သေချာပေါက် လုပ်ရပါတော့မယ်။  ခုခံကာကွယ်မဲ့ သူတွေကို မတားပါနဲ့တော့။ ရတဲ့နည်းနဲ့ သူတို့အကျိုးစီးပွါးကို Phat Cee ကြပါတော့။  13.3.2021 Crd

ဆိုင်ကယ်သူခိုး

Image

ပွဲစား ဘင်မနာရှီသည် ၈ ရက်နေ့ကအမေရိကန်အစိုးရထံစာတင်

Image
မြန်မာစစ်ကောင်စီမှ ဒေါ်လာနှစ်သန်းနဲ့ငှားထားတဲ့ပွဲစား ဘင်မနာရှီသည် ၈ ရက်နေ့ကအမေရိကန်အစိုးရထံစာတင်လိုက်ပါတယ် ကြောက်စရာပူစရာမလိုပါ အများသိစေရန်သာဖြစ်ပါတယ်။

ထမိန်ခိုးမရလို့တဲ့

Image

ထားဝယ်မှာ စစ်တပ်ကပစ်ခတ်လို့ လူတဦးသေဆုံး

Image
မတ် ၁၂-၂၀၂၁ STY မနေ့ မတ်လ ၁၁ရက်နေ့ ညပိုင်းက ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်မှာ ရပ်ကွက်ကပိတ်ထားတဲ့လမ်းကို စစ်တပ်နဲ့ရဲတွေက လာရောက်ရှင်းလင်းခဲ့ပြီး ကင်းစောင့်နေတဲ့သူတွေကို မီးခိုးဗုံး၊ အသံဗုံး၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ကိုဝင်းလှိုင်ထွန်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ်မြို့ #ပစ်ခတ် #သေဆုံး

မြို့နယ်ရပ်ကွက်ကာကွယ်ရေးလက်စွဲ

Image

86လမ်း 36×37ကြား အိမ်တွေဖျက်ဆီးခံရ

Image
86လမ်း 36×37ကြား  ညကရပ်ကွက်သောင်းကျန်းသွားတာ လူလာဆွဲတာမဟုတ်ဘူး ရပ်ကွက်ကိုလာဖျက်စီးသွားတာ 🙂 #crd

မိုးကောင်းမြို့နယ်တွင် KIA နှင့် အာဏာသိမ်းတပ်မတော်တို့ ယနေ့ နံနက်ပိုင်းက ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွား

Image
မတ်(၁၁) မိုးကောင်းမြို့နယ် နမ်ရှန် ကျေးရွာအနီး၌ KIA တပ်ဖွဲ့နှင့်  အာဏာသိမ်းတပ်မတော်တို့ ယနေ့ မတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။   တိုက်ပွဲဖြစ်ပွားနေချိန် ကားမိုင်း ဗျူဟာကုန်းမှ လက်နက်ကြီး ၁၀၅ မမ၊ ၁၂၀ မမ များဖြင့် အကြိမ်ကြိမ် ပစ်ခတ် နေကြောင်း ကားမိုင်း ဒေသခံများက ပြောသည်။   ထို့‌ နောက် ကားမိုင်းမြို့စွန်ဘက်တွင်လည်း ယနေ့ နံနက် (၆)နာရီခွဲချိန်ခန့် တွင် (၁၅) မိနစ်ခန့် နှစ်ဖက် ပစ်ခတ် တိုက်ခိုက် သံများ ကြားရပြီးနောက် ရွာအတွင်းသို့ လက်နက်ကျည်များ ကျလာခဲ့သည်ဟု ဒေသခံများက ပြောသည်။   " ပစ်ခတ်သံတွေ ခဏငြိမ်ပြီးတဲ့နောက် လက်နက်ကျည် တွေကျလာတယ်။ လမောင် ကထောင်မှာ ကျတဲ့ကျည်က မအောင်ဘူး ။အခုလည်း စိုက် နေတုန်း ဘယ်သူမှ မယူရဲဘူး။ ဒါပေမယ့်Jawng kawng မြို့မ ( ၄ ) ဘက်မှာက အိမ်ရှေ့လမ်းမှာ ကျ‌ပြီး ပေါက်ကွဲခဲ့တယ်။ အမျိုးသမီး (၂) ဦးနဲ့ ကလေး ငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်" ဟုဒေသခံ မျက်မြင်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။    ထိခိုက်ဒဏ်ရာရသူများရရှိပြီး စိုးရိမ်ရသည့် အ ခြေအနေမရှိ‌သော်လည်း ကျေးရွာအတွင်းသို့ ထပ်မံပြီး လက်နက်ကျည်များ ကျရောက်ပေါက်ကွဲလာမည်ကို ဒေ

ကိုဇော်ဇော်မိုး (12.3.2021) မနက်၄နာရီခန့် တွင် ကျဆုံး

Image
(10.3.2021) မ/ဥ ပစ်ခတ်မှုတွင် ပေါင်းရင်းကျည်ထိမှန်သောကိုဇော်ဇော်မိုး (12.3.2021) မနက်၄နာရီခန့် တွင် ကျဆုံးသွားပါပြီ၊

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုရှိတယ် ဆိုတာကို သက်သေပြနိုင်မလား

Image
08 မတ်၊ 2021 ဦးစည်သူအောင်မြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အနေနဲ့ ဖေဖေါ်ဝါရီ ၁ရက် မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ တိုင်းပြည်အာဏာရယူခဲ့တဲ့ အဓိက အကြောင်းရင်းဟာ “ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်း” ကိစ္စ ဖြေရှင်းမပေးလို့ လို့ ဆိုထားပါတယ်။ အာဏာရယူပြီး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းနဲ့ သူ့ရဲ့ လမ်းပြမြေပုံမှာလည်း ပထမ ဦးဆုံးလုပ်မှာက မဲမသမာမှုတွေ ဖော်ထုတ်မယ်၊ တွေ့ရင် တာဝန်ရှိသူတွေကို အရေးယူမယ် လို့ ဆိုထားပြီး သူ့ရဲ့ နောက်ဆုံး အလုပ်ဟာ လွတ်လပ်ပြီး ရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး၊ အနိုင်ရ နိုင်ငံရေးပါတီကို တာဝန်လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှိနေဆဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီး၊ ကော်မရှင် အသစ်တစ်ခုကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီဖြစ်ပါတယ်။ ကော်မရှင်ကလည်း သူတို့ တာဝန်ယူချိန်ကစ မဲစာရင်းကိစ္စ ပြန်စစ်ဆေးနေပြီး တစ်ချို့ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတာလည်း တွေ့ကြရပါတယ်။ အရင် စစ်အာဏာရှင်တွေက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အ

တောင်ကြီးက ရဲတွေပိုလန်နိုင်ငံသား သတင်းထောက်ကို ဝိုင်းရိုက်

Image
တောင်ကြီးက ရဲတွေတော့ ပိုလန်နိုင်ငံသား နိုင်ငံခြားသားသတင်းထောက်ကို ဝိုင်းရိုက်ထားတာ အခြေအနေမကောင်းပါ ပိုလန်နိုင်ငံသားအလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်ပြီးညောင်ရွှေမှာနေထိုင်နေတဲ့သူလို့သိရပါတယ် စစ်သားတွေဝိုင်းရိုက်ပြီး အမှတ် ၁ ရဲစခန်းကိုဖမ်းဆီး ခေါ်ဆောင်သွားပါကြောင်း ခုချိန်ထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူးလို့  သူ့မိတ်ဆွေတစ်ဦးမှ အတည်ပြုပေးလိုက်ပါတယ်ဗျာ Credit

KNU ပြန်လည်ဖြေရှင်းချက်

Image
Tap here to start composing... မြန်မာနိုင်ငံအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)သို့ ၀င်ရောက်ရန်အတွက်  ရန်ကုန်အပါအ၀င် နေရာဒေသအချို့တွင် လိုက်လံစည်းရုံးမှုများသည် အဖွဲ့အစည်းနှင့် လုံးဝ ပတ်သက်ဆက်စပ်ခြင်းမရှိကြောင်း အဖွဲ့၏ ဒုဥက္ကဌဖြစ်သည့် ပဒိုစောကွယ်ထူး၀င်းက ယနေ့ညပိုင်းတွင် ကရင်အမျိုးသားမီဒီယာသို့ အတိအလင်းပြောဆိုခဲ့သည်။ မသမာသူအချို့သည် မိမိတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တာ၀န်ပေးအပ်စေလွတ်ထားသူများ ဖြစ်သည်ဟုဆိုကာ လူသစ်များ လိုက်လံစုဆောင်းနေကြသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားမီဒီယာ၏ မေးမြန်းချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌပဒိုစောကွယ်ထူး၀င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ခါတော်မီ အခွင့်အခါကိုအသုံးပြု၍ အချို့သော မသမာသူများသည် အဖွဲ့သို့၀င်ရောက်မည်ဆိုပါက တဦးလျှင် ကျပ်ငွေ (၃) သိန်းမှ (၄) သိန်းထိပေးရမည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ပြည်တွင်းတွင် ကရင့်အရေးဆိုင်ရာ လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများနှင့်လူငယ်အဖွဲ့အစည်းများရှိကြောင်း ဖြစ်နိုင်ခြေရှိမရှိဆိုသည်ကို လေ့လာစုံစမ်း၍ရကြောင်းလည်း ဒုဥက္ကဌက ဖြည့်စွက်

အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

Image
DVB TV News · မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း " (မတ်လ ၁၁ရက် ညနေ ၅)