အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

Myanmar Now အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန် စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံလိုက်ရသည့် အရပ်ဘက်နိုင်ငံရေးသမား ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့၏ အဆောင်အယောင်များ ရုပ်သိမ်းခံလိုက်ရသည်။ ဒီမိုကရေစီရေးအတွက် ထောင်ကျခံ၍ ကြိုးပမ်းခဲ့သူများဟု လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုမတိုင်မီက လူသိများသည့် ၎င်းတို့နှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူဖူးသူများဖြစ်ကာ ၂၀၁၀ နောက်ပိုင်းတွင် ပါတီ သီးခြားထောင်ထားကြသည်။ ပြည်သူ့ဆန္ဒမဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD အစိုးရကို ၂၀၂၁ တွင် စစ်တပ်က ဖြုတ်ချပြီး စစ်ကောင်စီဖွဲ့ရာတွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ ယခုလဆန်းမှစ၍ ဗဟိုအကြံပေ...