ပုသိမ်ထောင်တွင်း ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရားမျှတမှုရဖို့ ဆောင်ရွက်မယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲဆို
မဲခေါင်၊ ဇန်နဝါရီ ၉ စစ်ကောင်စီက ပုသိမ်ထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာတွေ အတွက် တရားမျှတမှု ရရှိဖို့ ဆောင်ရွက်မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ ၅ ရက်က ပုသိမ်အကျဉ်းထောင် အတွင်း စစ်အုပ်စု လက်အောက်ခံ ထောင်အာဏာပိုင်တွေက မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေကို လူကို သေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အသံဗုံး ခွဲတာ၊ အုပ်စုလိုက် ဝိုင်းဝန်း ရိုက်နှက်တာ၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန် ရိုက်နှက်တာတွေကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး တစ်ဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူ တစ်ဦးနဲ့ အများအပြား အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသူ တွေလည်း ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေက အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် လုပ်ဆောင်တာ ဖြစ်ပြီး မတရား ညှဉ်းပန်း နှိပ်စက်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာဖြစ်လို့ ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်လိုက်တာ ဖြစ်ပြီး အကြမ်းဖက် နှိပ်စက်မှုတွေမှာ အင်အား ၅၀ ခန့်ရှိ ထောင်အာဏာပိုင်နဲ့ ထောင