ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းနှိမ်နင်းမှုအပေါ် လှုပ်ရှားသူတွေတုံ့ပြန်
VOA ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးသမားတချို့ နှိပ်စက်၊ ညှင်းပန်းခံရပြီးနောက် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ကိစ္စကို ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းလေ့လာခဲ့သူတချို့ကတော့ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။ ပုသိမ်အကျဉ်းထောင် အကြမ်းဖက်မှုဖြစ်စဉ်ကို နိုင်ငံတကာအဆင့် အဖွဲ့ အစည်းတွေဆီပေးပို့သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်မှာဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်မှုဖြစ်စဉ်မှာ အကျဉ်းသားတယောက် သေဆုံးပြီး နောက်ထပ်၇၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။ မြန်အောင်မြို့က နိုင်ငံရေးအကျဉ်းသား ကျောင်းဆရာတဦးကို သေဒဏ်စီရင်ဖို့ ထောင်အာဏာပိုင်တွေပြင်ဆင်နေတာကို အကျဉ်းသား ၈ ယောက်က ကန့်ကွက်ခဲ့တဲ့အတွက် ရိုက်နှက်၊ တိုက်ပိတ်တာကနေ ဒီပြဿနာ စတင်ခဲ့တာပါ။ အကျဉ်းသား ၇ ယောက်ကို တိုက်ပိတ်ခဲ့ပေမဲ့ အကျဉ်းသား ဝင်းမင်းထက်ကတော့