Posts

မင်းအောင်လှိုင် ရွေးကောက်ပွဲ ဘယ်တော့လဲ (OPINION)

Image
ဇန်နဝါရီလ တတိယပတ်လောက်မှာ နိုင်ငံရေးမိတ်ဆွေတစ်ဦးက အာဏာသိမ်းကာလ ၂ နှစ်ပြည့်၊ လာမယ့် ဖေဖော်ဝါရီမှာ အကြမ်းဖက်စစ်အုပ်စု ဘယ်လိုဆက်စခန်းသွားမလဲလို့ ကျနော့်အမြင်ကို လှမ်းမေးတယ်။ မိတ်ဆွေရဲ့ သိချင်မှုက ၂၀၀၈ အခြေခံဥပဒေကို ကုလားဖန်ထိုး ရှေ့ဆက်မလား၊ ဘယ်လို ကုလားဖန်ထိုးနိုင်သလဲနဲ့ ဒါမှမဟုတ်  ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကာ အာဏာသိမ်းလိုက်ကြောင်း ဗြောင်ကြေညာလိုက်မလားဆိုတာကိုပါ။ သတင်းဌာနကြီးတချို့ကလည်း စစ်အုပ်စုဟာ ၂၀၀၈ အခြေခံဥပဒေပေါ်ကနေ ဘယ်လို ရှေ့ ဆက်သွားနိုင်မလဲဆိုပြီး ခြေဥပုဒ်မတွေ တသီကြီး ဆွဲထုတ်ပြကာ ခန့်မှန်းချက်ပေးတာ တွေ့ရသေးတယ်။ ကျနော်ကတော့ စစ်အုပ်စု ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာမရှိတဲ့အတွက် စက္ကူစုတ်ဖြစ် သွားတာကြာပြီဖြစ်တဲ့ ၂၀၀၈ ခြေဥစာအုပ်ကိုလည်း ပြန်မလှန်၊ တစ်ချက်တောင် စေ့စေ့ မတွေးဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ၂၀၀၈ ခြေဥကို ကိုင်ကာ ဖာပါးစပ်နဲ့ တောင်ရောက်မြောက်ရောက် လျှောက်ပြောနေတာ အာဏာစသိမ်းစကတည်းကမို့ပါ။ စစ်အုပ်စုက ဘာတွေပဲပြောပြော၊ အာဏာသိမ်းလိုက်တယ်ဆိုတာ ပြည်သူတိုင်း အသိ၊ နိုင်ငံတကာလည်း အသိ။ အာဏာသိမ်းထားပြီး အာဏာကို လက်မလွှတ်ချင်တော့တာကြောင့် အကြီးအကျယ်သတ်ဖြတ် ဖျက်ဆီးနေတဲ့ စ

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့ အချက် ၃ ချက်ကို အဓိက လုပ်ဆောင်နေတယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Image
မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့အတွက် အချက် ၃ ချက်ကို လုပ်ဆောင်နေတယ်လို့ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Melissa Brown က ဒုတိယအကြိမ်မြောက် “နွေဦးပန်းများ” နိုင်ငံတကာ အွန်လိုင်း ညီလာခံမှာ ပြောကြားလိုက်ပါတယ်။    ဒီအချက် ၃ ချက်မှာ အာဏာသိမ်း စစ်ကောင်စီကို စီးပွားရေး၊ နိုင်ငံ‌ရေးအရ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်တာ၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်တာ၊ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့တာတွေ ဖြစ်တယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က ဆိုပါတယ်။ နွေဦးပန်းများလို့ နာမည်ပေးထားတဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားရာမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။  ဒုတိယအကြိမ်မြောက် “နွေဦးပန်းများ” နိုင်ငံတကာ အွန်လိုင်း ညီလာခံကိုအမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီ သမ္မတ ဒူးဝါးလရှီးလ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

Image
ဖေဖော်ဝါရီ ၉ စစ်ကိုင်းမြို့၊ တပ်မ ၃၃ ရှေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပေါ် စစ်တပ်အရာရှိကြီးတွေ ထိတ်လန့်နေပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က စစ်ကိုင်းမြို့တပ်မ ၃၃ ရှေ့နားမှာ အကြမ်းဖက်စစ် တပ်နဲ့ PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ “တပ်မ ၃၃ လို တကယ့်ကို အခိုင်အမာအင်အားရှိတဲ့နေရာရှေ့တောင် လာတိုက်ရဲသေးတော့ တပ်မ ၃၃က တပ်မမှူးနဲ့ အရာရှိကြီးတွေ လန့်သွားတယ်။ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တပ်မ ၃၃ ထဲက အရာရှိကြီးတွေ လုံခြုံရေးအစည်းအဝေးလုပ်တယ်။ တပ်မရှေ့နဲ့ ဘေးပတ်ဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်နေတယ်။ လက်နက်ကြီးနဲ့ အတိုက်မခံရအောင် ဘာလုပ်မလဲ ဆိုပြီးတော့လည်း ဆွေးနွေး ကြတယ်လို့ ဖရဲသီးတွေဆီကနေ သိရတယ်”လို့ စစ်ကိုင်းအခြေစိုက် PDF ရဲဘော်တစ်ဦးကပြောပါ တယ်။ အဲဒီသတင်းကို တပ်တွင်းသတင်းရင်းမြစ် ၃နေရာကနေ ထပ်တူသိရတဲ့အတွက် မှန်ကန်တယ်လို့ စိတ် ချလက်ချအတည်ပြုနိုင်ကြောင်း သူကဆက်ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့က အမရပူရမြို့နယ် Htet Mobileက ဒလန် ဝေယံအောင်(TKF-AMA အဖွဲ့ဝင်ဟောင်း)ကိုလိုက်လံသုတ်သင်ရာ သူနဲ့ အတူ တစ်ပါတည်းပါလာတဲ့ ကား၂ စီးပေါ်က  စစ်သားတွေနဲ့  စစ်ကိုင်းမြို့ရှိ တပ်မ ၃၃

စစ်တပ် ဒေါက်တိုင် ခရိုနီ သူဌေးကြီး တေဇ စင်ကာပူမှာ နေထိုင်ခွင့်ဗီဇာရဖို့ ဘွဲ့လက်မှတ် အတု အသုံးပြုနေသလား

Image
By ရန်ကုန်ခေတ်သစ် အာဏာရှင် အဆက်ဆက် ခရိုနီသူဌေးကြီးအဖြစ် ရပ်တည်နေနိုင်ခဲ့တဲ့ တေဇဟာ တက္ကသိုလ် ဘွဲ့ တခုခု ရရှိခဲ့တယ် ဆိုတဲ့ မှတ် တမ်း မှတ်ရာ တစုံတခုကို ဘယ်မှာမှ တွေ့ခဲ့ဖူးခြင်း မရှိပါဘူး။ စစ်သက္ကသိုလ် (DSA) တက်ရောက်ခဲ့ပေမယ့် ပြီးဆုံးတဲ့အထိ မတက်နိုင်ဘဲ စစ်တက္ကသိုလ် တတိယနှစ်မှာ ထွက်ခဲ့ရတယ်ဆိုတာ တိုင်းသိပြည်သိဖြစ်ပါတယ်။  ရန်ကုန်ခေတ်သစ်သတင်းဌာနနဲ့ ချိတ်ဆက်နေတဲ့ စင်ကာပူ အခြေစိုက် သတင်းရင်းမြစ်တစ်ခုက ခရိုနီတေဇဟာ စစ်အာဏာသိမ်းချိန်ကတည်းက စင်ကာပူမှာ တိမ်းရှောင်လာခဲ့ပြီး လက်ရှိမှာ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးလို့ ဆက် လက် နေနိုင်ဖို့အတွက် Employment Pass လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။  အဲဒီလို လျှောက်ထားရာမှာ လိုအပ်ချက်ဖြစ်တဲ့ ဘွဲ့လက်မှတ်အတွက် ဘွဲ့လက်မှတ်အတု တစ်ခုကို ဖန်တီးအသုံးပြု ခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူရဲ့ Employment Pass ဆိုတာက နိုင်ငံခြား ပရော်ဖက်ရှင်နယ် ဝန် ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ကုမ္ပဏီတွေရဲ့  ပိုင်ရှင်/ဒါရိုက်တာတွေကို ထုတ်ပေးတဲ့  အလုပ်နဲ့ပတ်သက်တဲ့  နေထိုင်ခွင့် ဗီဇာအမျိုးအစားပဲ ဖြစ်ပါတယ်။ စင်ကာပူမှာ နေထိုင်ခွင့် လျှောက်ထားရာမှာ တေဇက သူရရှိထားတဲ့ ဘွဲ့ကို သင်္

ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ် တစ်ချိန်တည်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

Image
ကန့်ဘလူ - ဖော်ဖော်ဝါရီ ၁၀၊ ၂၀၂၃။  74 Media စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ နံနက် ငါးနာရီက ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း သိရသည်။  ကန့်ဘလူမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ အထိုင်ချထားသည့် စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကိုသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ “စခန်းကိုသိမ်းလို့ရတော့မှာ အဲ့ထဲဝင်ပြီး လက်နက်တွေဘာတွေ ကောက်တော့မယ့်အချိန်ကျတော့ ဂျက်ဖိုက်တာဝဲတာနဲ့ ပြန်ဆုတ်လာခဲ့တာ။ ဂိတ်အထဲထိဝင်နိုင်တယ်။ အနားကိုကပ်ပြီး လက်နက်ကြီးနဲ့ပစ်ပြီး အလစ်ဝင်တိုက်တာကို” ဟုပြောသည်။ အဆိုပါတိုက်ပွဲကို ကန့်ဘလူဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)၊ ကန့်ဘလူတပ်ရင်း (၃) နှင့် တပ်ရင်း (၄) တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။  တစ်ချိန်တည်းမှာပဲ စံပယ်နံ့သာကျေးရွာနှင့် ၁၀မိုင်အကွာတွင်ရှိသည့် ပ

KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။  မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း  ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆  ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်းပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၂၆  ဦးသေဆုံးကာ ၁၃၄၂  ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊  KNU တပ်မဟာ ၂  တောအူး ခရိုင်   အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၅၀၅  ဦးသေဆုံးကာ ၂၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၃ ခလယ်လွီထူ ခရိုင်  အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅  ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀၆  ဦ

မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု

မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှုများပြား (ရုပ်သံကြည့်ရန်) ရန်ကုန်၊   ဖေဖော်ဝါရီ   ၉ ခေတ်သစ် မန္တလေး၊   မြင်းခြံမြို့နယ်၊   ကုက္ကဲရဲစခန်းမှ အိမ်စီးကား   ၁   စီးဖြင့်   ထွက်ခွာလာသော   ရဲများကို   မိုင်းဆွဲ   တိုက်ခိုက်မှု ၁၂   ဦးသေဆုံးကြောင်း   နဂါးနီ   ပြောက်ကျားတပ်ဖွဲ့  ( မြင်းခြံ )  မှ   တာဝန်ရှိသူ   တစ်ဦးက   ရန်ကုန်ခေတ်သစ်   မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ   ၈   ရက်နေ့   မွန်းလွဲ   ၁   နာရီခန့်တွင်   မြင်းခြံမြို့နယ်၊   ကုက္ကဲရဲစခန်းမှ   ထွက်ခွာလာသော   ရဲ   ၁၂   ဦးပါဝင်သည့်  Light truck  ကားသည်   မြင်းခြံမြို့ဘက်သို့   ထွက်ခွာလာစဥ်   ထိန်ပန်းရွာအနီးတွင်   ပဒေသာ   မိုင်း   ၁၅   လုံးဖြင့် ဖောက်ခွဲ   တိုက်ခိုက်ခဲ့ပြီး   ရဲ   ၁၂   ဦးလုံးသေဆုံးခဲ့ ​ ကြောင်း   သိရသည်။ " ကုက္ကဲရဲစခန်းက   ရဲခွေး   ၁၂   ကောင်ကို   ထိန်ပန်းရွာနားမှာ   ပဒေသာမိုင်း   ၁၅   လုံးနဲ့   မိုင်းဆွဲ   တိုက်ခိုက်တာ   ကားလည်း   ရစရာမရှိအောင်   ပျက်ဆီးသွားတယ်။   ကားပေါ်ပါလာတဲ့   ရဲခွေး   ၁၂   ကောင်လုံးလည်း   သေတယ်လို့   ခရီးသွားတွေ   ပြောပြချက်အရ   သိရတယ် &

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှ၊ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်တို့ကို မြေး ၅ ဦးနဲ့အတူ   စင်ကာပူ Universal Studio Singapore ရဲ့ Accelerator ကစားနည်း ဆိုင်းဘုတ်နားမှာ ရှိနေတဲ့ ဓာတ်ပုံတချို့ရရှိလာပါတယ်။  Universal Studios Singapore က စင်ကာပူနိုင်ငံရဲ့ အပန်းဖြေ ၊ ဖျော်ဖြေရေး၊ ကလေးကစားနည်းပေါင်းများစွာ၊ စားသောက်ဆိုင်တွေ ၊ ရှိုးပွဲတွေ အပြည့်ရှိနေတဲ့ အပန်းဖြေဥယျာဉ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။  မင်းအောင်လှိုင်ရဲ့ မိန်းမ၊ မြေးတွေရဲ့ မိသားစုဓာတ်ပုံတွေကို  ပေးပို့တဲ့ စင်ကာပူရောက် မြန်မာတစ်ဦးကတော့ ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနစ် ဖေဖော်ဝါရီ ၉ ရက် စင်ကာပူ အချိန် မွန်းလွဲ ၂ နာရီ လောက်က ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။  ရန်ကုန်ခေတ်သစ်အနေနဲ့တော့ ဒီဓာတ်ပုံတွေရဲ့ အချိန်ကာလကိုတော့  အတည်မပြုနိုင်ပေမယ့်လည်း  ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ မင်းအောင်လှိုင် မိန်းမကြူကြူလှ၊ သား၊ချွေးမ၊ သမီးနဲ့ မြေးဖြစ်သူတွေဆိုတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။   ဓာတ်ပုံထဲမှာ ကြူကြူလှ၊ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက် ၊  သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်

သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊

Image
သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊  စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ  ၅ ဦး အပြင်းအထန်ဒဏ်ရာ ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းမှူးနေအိမ်နှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် စစ်သားများ တပ်စွဲထားသော ခမရ တပ်ရင်း ၉ အတွင်းရှိ တပ်ရင်းမှူးနေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံးအသုံးပြုပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနှင့် တပ်ရင်းမှူးနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ မိုး ကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သော စစ် သားများကို လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ကင်းပုန်းကို တပ်စခန်းရော နှစ်နေရာချခဲ့တာ၊ ကင်းပုန်းက မနက် ၁၀ နာရီ ၁၈ မိနစ်မှာချတယ်၊ ခမရ ၉ တပ်က ၁၂ နာရီကျော်မှာ ထပ်ချတာပါ၊ အရင်ကတော့ ဗုံးချပြီဆိုတာနဲ့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြန်

လက်အောက်ခံတပ်တွေကို ထိန်းပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်း ကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အကြောင်းကြားလိုက်ပါတယ်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ လိပ်မူပြီး ပေးပို့ထားတဲ့စာမှာ KNU ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ရှုမြင်ထားပေမယ့် KNU လက်အောက်ခံ တပ်မဟာတွေ KNDO အဖွဲ့တွေက PDF တွေနဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တိုက်ခိုက်လာမှုတွေအပေါ်မှာလည်း ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်လာတဲ့ အဖွဲ့တွေကိုပဲ တုံ့ပြန် တိုက်ခိုက်ပြီးတော့ စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ပေမယ့် ကျေးရွာတွေထဲကို ဝင်ရောက် ပစ်ခတ်တာ၊ အစိုးရဌာန ရုံးတွေကို မီးရှို့ဖျက်ဆီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေက လက်ခံနိုင်ဖွယ် မရှိကြောင်းနဲ့ အဓိက ထိခိုက် ခံစားရတာဟာ ပြည်သူလူထုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီ